ပြည်ထောင်စု လွှတ်တော်: တည်းဖြတ်မှု မူကွဲများ
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (- ၊ +၊) |
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။ဒ +။ ဒ, -။ပ +။ ပ) |
||
စာကြောင်း ၁၀၂ - | စာကြောင်း ၁၀၂ - | ||
=== ၂၀၁၁ -၂၀၁၅ === |
=== ၂၀၁၁ -၂၀၁၅ === |
||
[[၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ]] ပြီးနောက် ပြည်ထောင်စုလွှတ်တော် ပထမဆုံးအကြိမ် အစည်းအဝေးကို ၂၀၁၁ ခုနှစ် ဇန္နဝါရီလ ၃၁ ရက်နေ့တွင် |
[[၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ]] ပြီးနောက် ပြည်ထောင်စုလွှတ်တော် ပထမဆုံးအကြိမ် အစည်းအဝေးကို ၂၀၁၁ ခုနှစ် ဇန္နဝါရီလ ၃၁ ရက်နေ့တွင် ခေါ်ယူကျင်းပခဲ့သည်။ ပြည်ထောင်စု လွှတ်တော်မှ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့တွင် [[မြန်မာနိုင်ငံတော်၏ ဝန်ကြီးချုပ်များ|ဝန်ကြီးချုပ်]] ဗိုလ်ချုပ်ကြီးဟောင်း [[ဦးသိန်းစိန်]]အား ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတည်ပြုပြီးနောက် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော [[မြန်မာနိုင်ငံ၏ သမ္မတ|သမ္မတ]]အဖြစ် ရွေးချယ်တင်မြောက်ခဲ့သည်။ [[မြန်မာနိုင်ငံ၏ ဒုတိယ သမ္မတ|ဒုတိယ သမ္မတများ]]မှာ အမျိုးသား လွှတ်တော်မှ အမည်တင်သွင်းသည့် ရှမ်းလူမျိုး [[ဒေါက်တာစိုင်းမောက်ခမ်း|ဒေါက်တာ စိုင်းမောက်ခမ်း]]နှင့် စစ်တပ် ကိုယ်စားလှယ် အစုအဖွဲ့မှ အမည်တင်သွင်းသည့် ဗိုလ်ချုပ်ကြီးဟောင်း [[တင်အောင်မြင့်ဦး၊ ဦး (သီဟသူရ)|တင်အောင်မြင့်ဦး]]တို့ ဖြစ်ကြသည်။ <ref> [http://www.bbc.co.uk/news/world-asia-pacific-12362745 Burma ex-Prime Minster Thein Sein named new president]</ref> |
||
နောက်ပိုင်းတွင် ဒုတိယသမ္မတ(၁)ဖြစ်သူ သီဟသူရတင်အောင်မြင့်ဦး နှုတ်ထွက်သွားသဖြင့် တပ်မတော်အစုအဖွဲ့မှ တင်သွင်းသော [[ကာကွယ်ရေးဦးစီးချုပ်(ရေ)|ရေတပ်ဦးစီးချုပ်]]ဟောင်း [[ဉာဏ်ထွန်း|ဦးဉာဏ်ထွန်း]]မှာ ဒုသမ္မတအသစ်ဖြစ်လာသည်။ |
နောက်ပိုင်းတွင် ဒုတိယသမ္မတ(၁)ဖြစ်သူ သီဟသူရတင်အောင်မြင့်ဦး နှုတ်ထွက်သွားသဖြင့် တပ်မတော်အစုအဖွဲ့မှ တင်သွင်းသော [[ကာကွယ်ရေးဦးစီးချုပ်(ရေ)|ရေတပ်ဦးစီးချုပ်]]ဟောင်း [[ဉာဏ်ထွန်း|ဦးဉာဏ်ထွန်း]]မှာ ဒုသမ္မတအသစ်ဖြစ်လာသည်။ |
||
စာကြောင်း ၁၀၈ - | စာကြောင်း ၁၀၈ - | ||
[[အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၅|၂၀၁၅အထွေထွေရွေးကောက်ပွဲ]]အပြီးကျင်းပသော ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်အစုအဖွဲ့မှ ဒုသမ္မတလောင်းအဖြစ် [[ဦးထင်ကျော်]]၊ အမျိုးသားလွှတ်တော်အစုအဖွဲ့မှ ဒုသမ္မတလောင်းအဖြစ် [[ဟင်နရီဗန်ထီးယူ|ဦးဟင်နရီဗန်ထီးယူ]]၊ တပ်မတော်သားအစုအဖွဲ့မှ ဒုသမ္မတလောင်း [[မြင့်ဆွေ (ဒုတိယဗိုလ်ချုပ်ကြီး)|ဦးမြင့်ဆွေ]]တို့ကို အသီးသီး အမည်စာရင်းတင်သွင်းကြသည်။၎င်းတို့အနက် ဦးထင်ကျော်က မဲအများဆုံးရရှိကာ နိုင်ငံတော်သမ္မတ၊ ဦးမြင့်ဆွေက ဒုတိယမဲအများဆုံးဖြင့် ဒုတိယသမ္မတ(၁)၊ ဦးဟင်နရီဗန်ထီးယူက ဒုတိယသမ္မတ(၂) ဖြစ်လာခဲ့သည်။ |
[[အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၅|၂၀၁၅အထွေထွေရွေးကောက်ပွဲ]]အပြီးကျင်းပသော ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်အစုအဖွဲ့မှ ဒုသမ္မတလောင်းအဖြစ် [[ဦးထင်ကျော်]]၊ အမျိုးသားလွှတ်တော်အစုအဖွဲ့မှ ဒုသမ္မတလောင်းအဖြစ် [[ဟင်နရီဗန်ထီးယူ|ဦးဟင်နရီဗန်ထီးယူ]]၊ တပ်မတော်သားအစုအဖွဲ့မှ ဒုသမ္မတလောင်း [[မြင့်ဆွေ (ဒုတိယဗိုလ်ချုပ်ကြီး)|ဦးမြင့်ဆွေ]]တို့ကို အသီးသီး အမည်စာရင်းတင်သွင်းကြသည်။၎င်းတို့အနက် ဦးထင်ကျော်က မဲအများဆုံးရရှိကာ နိုင်ငံတော်သမ္မတ၊ ဦးမြင့်ဆွေက ဒုတိယမဲအများဆုံးဖြင့် ဒုတိယသမ္မတ(၁)၊ ဦးဟင်နရီဗန်ထီးယူက ဒုတိယသမ္မတ(၂) ဖြစ်လာခဲ့သည်။ |
||
၂၀၁၈ မတ်တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှုတ်ထွက်ပြီးနောက် လွှတ်တော်သည် သမ္မတအသစ်ရွေးချယ်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့မှ တင်သွင်းသော [[ဦးဝင်းမြင့်]]က မဲအများဆုံးရရှိကာ |
၂၀၁၈ မတ်တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှုတ်ထွက်ပြီးနောက် လွှတ်တော်သည် သမ္မတအသစ်ရွေးချယ်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့မှ တင်သွင်းသော [[ဦးဝင်းမြင့်]]က မဲအများဆုံးရရှိကာ နိုင်ငံတော်သမ္မတအသစ်ဖြစ်လာသည်။ ဒုတိယသမ္မတ (၁) အဖြစ် ဦးမြင့်ဆွေနှင့် ဒုတိယသမ္မတ (၂)အဖြစ် ဦးဟင်နရီဗန်ထီးယူတို့က ဆက်လက်အရွေးချယ်ခံရသည်။ |
||
== ကိုးကား == |
== ကိုးကား == |
၀၂:၁၇၊ ၈ အောက်တိုဘာ ၂၀၂၁ ရက်နေ့က မူ
Assembly of the Union ပြည်ထောင်စု လွှတ်တော် Pyidaungsu Hluttaw | |
---|---|
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် | |
အမျိုးအစား | |
အမျိုးအစား | နှစ်ရပ်ပေါင်းလွှတ်တော် |
လွှတ်တော်များ | အမျိုးသားလွှတ်တော် ပြည်သူ့လွှတ်တော် |
သမိုင်းကြောင်း | |
တည်ထောင်ခြင်း | ၃၁ ဇန်နဝါရီ ၂၀၁၁ |
ယခင် | ပြည်သူ့လွှတ်တော် (၁၉၇၄-၁၉၈၈) |
ခေါင်းဆောင်များ | |
လစ်လပ် ၁ ဖေဖော်ဝါရီ ၂၀၂၁ ကတည်းက | |
လစ်လပ် ၁ ဖေဖော်ဝါရီ ၂၀၂၁ ကတည်းက | |
လစ်လပ် ၁ ဖေဖော်ဝါရီ ၂၀၂၁ ကတည်းက | |
ဖွဲ့စည်းပုံ | |
အမတ်ဦးရေ | ၆၆၄ အမျိုးသားလွှတ်တော် အမတ် ၂၂၄ ဦး ပြည်သူ့လွှတ်တော် အမတ် ၄၄၀ ဦး |
အမျိုးသားလွှတ်တော် နိုင်ငံရေး အုပ်စုများ | NLD (၁၃၅) USDP (၁၁) |
ပြည်သူ့လွှတ်တော် နိုင်ငံရေး အုပ်စုများ | NLD (၂၅၅) USDP (၃၀) |
ရွေးကောက်ပွဲများ | |
အမျိုးသားလွှတ်တော် နောက်ဆုံး ရွေးကောက်ပွဲ | ၈ နိုဝင်ဘာ ၂၀၂၀ (အသိအမှတ်မပြု) |
ပြည်သူ့လွှတ်တော် နောက်ဆုံး ရွေးကောက်ပွဲ | ၈ နိုဝင်ဘာ ၂၀၂၀ (အသိအမှတ်မပြု) |
ဆွေးနွေးရာနေရာ | |
ပြည်ထောင်စုလွှတ်တော်၊ နေပြည်တော် | |
ဝက်ဘ်ဆိုဒ် | |
myanmarparliament.gov.mm |
ဤဆောင်းပါးသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ တစိတ်တဒေသ ဖြစ်သည် |
|
တရားစီရင်ရေး
|
လတ်တလော ရွေးကောက်ပွဲများ
|
အဝေးရောက်အစိုးရအဖွဲ့
|
အခြားအကြောင်းအရာများ |
မြန်မာနိုင်ငံ မုခ်ဝ |
ပြည်ထောင်စု လွှတ်တော်သည် ၂၀၀၈ ခုနှစ်တွင် လူထုဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့သည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၄)အရ ဖွဲ့စည်း ထူထောင်ထားသည့် ဥပဒေပြု ဌာနဖြစ်သည်။ ပြည်ထောင်စုလွှတ်တော် ရုံးအဆောက်အဦးမှာ မြို့တော် နေပြည်တော်တွင် တည်ရှိသည်။
၂၀၂၁ ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံ စစ်အာဏာသိမ်းခံရပြီးနောက် ယာယီသမ္မတ ဦးမြင့်ဆွေက ပြည်ထောင်စုလွှတ်တော်ကို ဖျက်သိမ်းခဲ့ကာ နိုင်ငံ၏အရေးအပေါ်အခြေနေ တစ်နှစ်ကြေညာခဲ့ပြီး ဥပဒေပြုမှုအာဏာ အပါအဝင် အာဏာသုံးရပ်စလုံးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ထံသို့ လွှဲပြောင်းပေးခဲ့သည်။[၁]
ဖွဲ့စည်းပုံ
ပြည်ထောင်စုလွှတ်တော်တွင် အောက်ပါ လွှတ်တော် ၂ ရပ် ပါဝင်သည်။
- ကိုယ်စားလှယ် ၂၂၄ ဦးပါဝင် ဖွဲ့စည်းထားသည့် အမျိုးသားလွှတ်တော်
- ကိုယ်စားလှယ် ၄၄၀ ဦးပါဝင် ဖွဲ့စည်းထားသည့် ပြည်သူ့လွှတ်တော်
လွှတ်တော်အကြီးအကဲ
ဖွဲ့စည်းပုံအရ လွှတ်တော် သက်တမ်း၏ ပထမ ၃၀ လ တွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌမှာ ပြည်ထောင်စုလွှတ်တော် နာယကနှင့် ဒုနာယက လည်း ဖြစ်သည်။ ကျန်ရှိသက်တမ်းတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့ က နာယကနှင့် ဒုနာယကအဖြစ် တာဝန် ထမ်းဆောင်ရန် ဖြစ်သည်။ ပြည်ထောင်စု လွှတ်တော် နာယက သည် နာယက တာဝန်ကို ထမ်းဆောင် နိုင်စွမ်းမရှိသည့်အခါ ဒုတိယနာယကသည် နာယကတာဝန်ကို ယာယီ ထမ်းဆောင်ရမည်။ [၂]
သမ္မတရွေးချယ်တင်မြှောက်ခြင်း
ပြည်ထောင်စုလွှတ်တော်၏ အဓိကတာဝန်မှာ အမျိုးသားလွှတ်တော်ရှိ ရွေးကောက်ခံကိုယ်စားလှယ်များ (၁၆၈ ဦး)၊ ပြည်သူ့လွှတ်တော်ရှိ ရွေးကောက်ခံကိုယ်စားလှယ်များ (၃၃၀ ဦး) နှင့် လွှတ်တော်နှစ်ရပ်မှ တပ်မတော်သား ကိုယ်စားလှယ်များ (၁၆၆ ဦး) သီးခြားစီ ပါဝင် ဖွဲ့စည်းထားသည့် သမ္မတရွေးချယ်တင်မြှောက်ရေး အဖွဲ့များမှ ရွေးချယ်ထားသော ဒုတိယသမ္မတလောင်း ၃ ဦးအနက် တစ်ဦးကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခွင့်ရှိသည်။
၂၀၁၁ -၂၀၁၅
၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ပြီးနောက် ပြည်ထောင်စုလွှတ်တော် ပထမဆုံးအကြိမ် အစည်းအဝေးကို ၂၀၁၁ ခုနှစ် ဇန္နဝါရီလ ၃၁ ရက်နေ့တွင် ခေါ်ယူကျင်းပခဲ့သည်။ ပြည်ထောင်စု လွှတ်တော်မှ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်အား ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတည်ပြုပြီးနောက် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော သမ္မတအဖြစ် ရွေးချယ်တင်မြောက်ခဲ့သည်။ ဒုတိယ သမ္မတများမှာ အမျိုးသား လွှတ်တော်မှ အမည်တင်သွင်းသည့် ရှမ်းလူမျိုး ဒေါက်တာ စိုင်းမောက်ခမ်းနှင့် စစ်တပ် ကိုယ်စားလှယ် အစုအဖွဲ့မှ အမည်တင်သွင်းသည့် ဗိုလ်ချုပ်ကြီးဟောင်း တင်အောင်မြင့်ဦးတို့ ဖြစ်ကြသည်။ [၃] နောက်ပိုင်းတွင် ဒုတိယသမ္မတ(၁)ဖြစ်သူ သီဟသူရတင်အောင်မြင့်ဦး နှုတ်ထွက်သွားသဖြင့် တပ်မတော်အစုအဖွဲ့မှ တင်သွင်းသော ရေတပ်ဦးစီးချုပ်ဟောင်း ဦးဉာဏ်ထွန်းမှာ ဒုသမ္မတအသစ်ဖြစ်လာသည်။
၂၀၁၆ - ၂၀၂၀
၂၀၁၅အထွေထွေရွေးကောက်ပွဲအပြီးကျင်းပသော ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်အစုအဖွဲ့မှ ဒုသမ္မတလောင်းအဖြစ် ဦးထင်ကျော်၊ အမျိုးသားလွှတ်တော်အစုအဖွဲ့မှ ဒုသမ္မတလောင်းအဖြစ် ဦးဟင်နရီဗန်ထီးယူ၊ တပ်မတော်သားအစုအဖွဲ့မှ ဒုသမ္မတလောင်း ဦးမြင့်ဆွေတို့ကို အသီးသီး အမည်စာရင်းတင်သွင်းကြသည်။၎င်းတို့အနက် ဦးထင်ကျော်က မဲအများဆုံးရရှိကာ နိုင်ငံတော်သမ္မတ၊ ဦးမြင့်ဆွေက ဒုတိယမဲအများဆုံးဖြင့် ဒုတိယသမ္မတ(၁)၊ ဦးဟင်နရီဗန်ထီးယူက ဒုတိယသမ္မတ(၂) ဖြစ်လာခဲ့သည်။
၂၀၁၈ မတ်တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှုတ်ထွက်ပြီးနောက် လွှတ်တော်သည် သမ္မတအသစ်ရွေးချယ်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့မှ တင်သွင်းသော ဦးဝင်းမြင့်က မဲအများဆုံးရရှိကာ နိုင်ငံတော်သမ္မတအသစ်ဖြစ်လာသည်။ ဒုတိယသမ္မတ (၁) အဖြစ် ဦးမြင့်ဆွေနှင့် ဒုတိယသမ္မတ (၂)အဖြစ် ဦးဟင်နရီဗန်ထီးယူတို့က ဆက်လက်အရွေးချယ်ခံရသည်။
ကိုးကား
- ↑
- Amid Coup, Myanmar's NLD Lawmakers Form Committee to Serve as Legitimate Parliament (8 February 2021)။ 7 April 2021 တွင် ပြန်စစ်ပြီး။
- Myanmar coup: Week of Feb.1 to Feb. 21, EU action in focus as foreign ministers set to meet (1 February 2021)။ 7 April 2021 တွင် ပြန်စစ်ပြီး။
- ‘We’re not brainwashed’: a week of turmoil in Myanmar (5 February 2021)။ 7 April 2021 တွင် ပြန်စစ်ပြီး။
- Aung San Suu Kyi urges people to resist Myanmar military coup (1 February 2021)။ 7 April 2021 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)။ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်း။ စက်တင်ဘာ ၂၀၀၈။ Cite has empty unknown parameter:
|coauthors=
(အကူအညီ) - ↑ Burma ex-Prime Minster Thein Sein named new president
ပြင်ပလင့်ခ်များ
- ပြည်ထောင်စုလွှတ်တော်၏ ဝက်ဘ်စာမျက်နှာ (စမ်းသပ်) Archived 4 February 2021 at the Wayback Machine.