ဘောဂဗေဒ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဘောဂဗေဒ သည်လူမှုရေးသိပ္ပံဘာသာရပ်တစ်ခုဖြစ်ပြီး ကုန်စည်နှင့် ဝန်ဆောင်မှုများ ထုတ်လုပ်မှု၊ သုံးစွဲမှု နှင့် ဖြန့်ဖြူးမှု တို့ကို ဖော်ပြခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်း ပြုလုပ်သော ပညာရပ်ဖြစ်သည်။ [၁]

ဘောဂဗေဒ ဘာသာရပ်သည် စီးပွားရေး အင်အားစုများ ၏ ပြုမူဆောင်ရွက်ပုံနှင့် အချင်းချင်းဆက်နွယ်ပုံတို့အပြင် စီးပွားရေး မည်သို့မည်ပုံ အလုပ်လုပ်သည်ကို အာရုံစူးစိုက်လေ့လာသည့် ပညာရပ် ဖြစ်သည်။ မိုက်ခရိုဘောဂဗေဒ ဘာသာရပ်သည် စီးပွားရေး အင်အားစု တစ်ခုချင်းစီနှင့် ဈေးကွက်၊ ၎င်းတို့၏ အချင်းချင်း ဆက်နွယ်မှု၊ ဆက်နွယ်မှုကြောင့် ဖြစ်ပေါ်လာသော ရလာဒ် အစရှိသော စီးပွားရေး၏ အခြေခံ အစိတ်အပိုင်းများကို ခွဲခြမ်းစိတ်ဖြာ လေ့လာသည်။ စီးပွားရေး အင်အားစုများတွင် ဥပမာအားဖြင့် အိမ်ထောင်စုများ ၊ လုပ်ငန်းများ၊ ဝယ်သူများ နှင့် ရောင်းသူများ ပါဝင်နိုင်သည်။ မက်ကရိုဘောဂဗေဒ ပညာရပ်၌ စီးပွားရေး တစ်ခုလုံး (အဓိပ္ပာယ်ဖွင့်ရလျှင် စုပေါင်းထုတ်လုပ်မှု၊ စားသုံးမှု၊ စုဆောင်းမှု နှင့် ရင်းနှီးမြှုပ်နှံမှု) နှင့် ၎င်းအား သက်ရောက်မှု ရှိစေသော အရင်းအမြစ်များ အသုံးမချနိုင်ခြင်း (လုပ်အား၊ အရင်းအနှီးနှင့် မြေ)၊ ငွေကြေးဖောင်းပွခြင်း၊ စီးပွားရေးတိုးတက်မှု နှင့် ထိုပြဿနာများကို ဖြေရှင်းရန် ကြိုးစားသော အများပြည်သူဆိုင်ရာ ပေါ်လစီများ (ငွေကြေး၊ အခွန်ဘဏ္ဍာရေး နှင့် အခြားပေါ်လစီများ) စသည်တို့ကို ခွဲခြမ်းစိတ်ဖြာ လေ့လာသည်။

ဘောဂဗေဒဘာသာရပ်အတွင်း အခြားထင်ရှားသော ကွဲပြားမှုများမှာ မည်သို့ရှိသည်ကို ဖော်ပြသော အရှိတရား ဘောဂဗေဒ နှင့် မည်သို့ဖြစ်သင့်သည်ကို ဖော်ပြသည့် စံပြုဘောဂဗေဒ အကြား ကွဲပြားမှု၊ ဘောဂဗေဒ သီအိုရီများ နှင့် အသုံးချ ဘောဂဗေဒ အကြား ကွဲပြားမှု၊ ဆင်ခြင်မှု ဘောဂဗေဒ နှင့် အပြုအမူဆိုင်ရာ ဘောဂဗေဒ အကြား ကွဲပြားမှု၊ ခေတ်ရေစီးကြောင်း ဘောဂဗေဒ နှင့် အများနှင့်ဆန့်ကျင်သော ဘောဂဗေဒ အကြား ကွဲပြားမှု စသည်တို့ ဖြစ်ကြသည်။[၂]

နိုင်ငံများနှင့် ဂျီဒီပီ အစစ်အမှန် တိုးတက်မှုများ။ အနီနှင့် ပြထားသော နိုင်ငံများမှာ စီးပွားကျနေကြသည်။

အသုံးအနှုန်း[ပြင်ဆင်ရန်]

ယခင်က ဘောဂဗေဒ ဘာသာရပ်၏ အင်္ဂလိပ် အခေါ်အဝေါ်ကို ပေါ်လက်တစ်ကယ် အီကော်နော်မီ သို့မဟုတ် နိုင်ငံရေး ဘောဂဗေဒဟု ခေါ်ဝေါ်ကြသော်လည်း ၁၉ ရာစု နှောင်းပိုင်းတွင် အဲဖရက် မာရှယ် မှ အီကော်နောမစ် ဆိုင်းယင့် သို့မဟုတ် စီးပွားရေး သိပ္ပံ၏ အတိုကောက် အီကော်နောမစ် ဟု ပြောင်းလဲ အမည်ပေးခဲ့သည်။ ထိုသို့ နာမည် ပြောင်းလဲပြီးနောက် တွေးခေါ်စဉ်းစားမှုများ ပိုမိုပြင်းထန်လာပြီး သင်္ချာပညာကို ပိုမို အသုံးပြုလာသောကြောင့် ၎င်းကို သိပ္ပံဘာသာရပ်တစ်ခု အနေနှင့် လက်ခံရန် ကြိုးပမ်းမှုကို အထောက်အကူပေးခဲ့သည့်အပြင် နိုင်ငံရေး သိပ္ပံနှင့် အခြား လူမှုရေး သိပ္ပံများမှ ကွဲပြားသော သီးသန့် ဘာသာရပ်တစ်ခု ဖြစ်လာခဲ့သည်။ [၃][၄][၅] ဘောဂဗေဒ ပညာရပ်၏ အန္တိမ ပန်းတိုင်မှာ လူတို့၏ နေစဉ်နေထိုင်မှု ဘဝရှိ နေထိုင်မှု ပုံစံကို မြှင့်တင်ရန် ဖြစ်သည်။[၆]

ဘောဂဗေဒဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုကို စီးပွားရေးလုပ်ငန်းများ၊ ဘဏ္ဍရေး၊ ကျန်းမာရေး စောင့်ရှောက်မှု နှင့် အစိုးရ အပါအဝင် လူ့အဖွဲ့အစည်းတစ်ခုလုံးတွင် အသုံးချနိုင်သည်။ စီးပွားရေး ခွဲခြမ်းစိတ်ဖြာမှုသည် ရာဇဝတ်မှုများ၊ ပညာရေး [၇] မိသားစု၊ ဥပဒေ၊ နိုင်ငံရေး နှင့် ဘာသာရေး[၈] လူမှု အဖွဲ့အစည်းများ ၊စစ်ပွဲများ ၊[၉] ၊ ၊ သိပ္ပံပညာ၊ [၁၀]နှင့် သဘာဝပတ်ဝန်းကျင် [၁၁] အစရှိသော နယ်ပယ်များ အထိပင် ကျယ်ပြန့်စွာ အသုံးချနိုင်သည်။


မိုက်ခရိုဘောဂဗေဒ[ပြင်ဆင်ရန်]

ဈေးအတွင်းရှိ ဟင်းသီးဟင်းရွက်ရောင်းသူ တစ်ဦး
ဘောဂဗေဒ ပညာရှင်များသည် ရိုးရာ ဈေးအတွင်း ဖြစ်ပွားနေသော ကုန်သွယ်ရေး၊ ကုန်ထုတ်လုပ်ရေးနှင့် စားသုံးမှုဆိုင်ရာ ဆုံးဖြတ်ချက်များကို လေ့လာကြသည်။
လူနှစ်ဦးမှ ကွန်ပျူတာရှေ့တွင်  ငွေကြေး အချက်အလက်များနှင့် အတူ ထိုင်နေသည်။
ဈေးကွက် အတု အတွင်းတွင် ဝယ်သူနှင့် ရောင်းသူများ မရှိကြဘဲ ကြားခံတစ်ဦးထံမှ သို့မဟုတ် အီလက်ထရွန်းနစ် သတင်းအချက်အလက်များပေါ်တွင် မူတည်၍ အရောင်းအဝယ် ပြုလုပ်ကြသည်။ ပုံ ၊ ဆောပိုလို စတော့အိတ်ချိန်း ဘရာဇီး

ဈေးကွက်[ပြင်ဆင်ရန်]

မိုက်ခရိုဘောဂဗေဒသည် ဈေးကွက်ပုံစံ ကိုဖြစ်ပေါ်စေသော လူများနှင့် အဖွဲ့အစည်းများမှ ဈေးကွက်အတွင်း ဈေးကွက်စနစ်ကို မည်သို့မည်ပုံ ဖော်ဆောင်သည်ကို ဆန်းစစ်သော ပညာရပ် ဖြစ်သည်။ ထိုလူများနှင့် အဖွဲ့အစည်းများတွင် ပုဂ္ဂလိက နှင့် အစိုးရ အဖွဲ့အစည်း အမျိုးမျိုး ပါဝင်ပြီး အစိုးရ၏ စည်းမျဉ်းစည်းကမ်းများအောက်တွင် ရှားပါးသော ကုန်သွယ်နိုင်သည့် ပစ္စည်းများကို ရောင်းဝယ်ဖောက်ကားနေကြသူများ ပါဝင်သည်။ ၎င်းတို့ ရောင်းဝယ်ဖောက်ကားနေကြသော ပစ္စည်းများတွင် ပန်းသီးကဲ့သို့သော ကုန်စည်များပါဝင်သကဲ့သို့ စက်ပြင်ခြင်း၊ ဥပဒေရေးရာ တိုင်ပင်ဆွေးနွေးခြင်းနှင့် ဖျော်ဖြေခြင်း အစရှိသော ဝန်ဆောင်မှုများလည်း ပါဝင်သည်။

သီအိုရီအရ လွတ်လပ်ဈေးကွက်တွင် ဝယ်သူများမှလိုအပ်သော ဝယ်လိုအား နှင့် ရောင်းသူများမှ ရောင်းချလိုသော ရောင်းလိုအားတို့ သည် နောက်ဆုံးတွင် ဈေးအပြောင်းအလဲ ဖြစ်ပေါ်ပြီး အားမျှဈေးနှုန်းတွင် ဆုံတွေ့ကြသည်။ သို့သော်လည်း လက်တွေ့တွင်မူ အမျိုးမျိုးသော ပြဿနာများကြောင့် အားမျှဈေးနှုန်းသို့ မရောက်ရှိနိုင်ပေ။ အားမျှဈေးနှုန်းသို့ ရောက်ရှိသည့်တိုင်အောင်ပင် လူသားဆန်သော ညီမျှမှု မဖြစ်ပေါ်နိုင်ပေ။ ဥပမာအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှုတွင် ရောင်းလိုအားသည် ပြင်ပအခြေအနေများကြောင့် အကန့်အသတ် ဖြစ်ပေါ်ပြီး အားမျှဈေးနှုန်းအား တကယ်လိုအပ်သော်လည်း မတတ်နိုင်သော သူများမှ ပေးနိုင်လိမ့်မည် မဟုတ်ပေ။

ဈေးကွက်ပုံစံ အမျိုးမျိုး ရှိသည်။ အပြည့်အဝ ပြိုင်ဆိုင်မှုရှိသော ဈေးကွက်တွင် မည်သူ တစ်ဦးတစ်ယောက်မျှ ကုန်ပစ္စည်းများ၏ ဈေးနှုန်းများကို မိမိလိုချင်သော ဈေးအတိုင်းရောင်းနိုင်သည့် ဈေးကွက်အင်အား မရှိပေ။ အခြားတနည်းပြောရမည် ဆိုပါက အားလုံးသည် ပေါက်ဈေးအတိုင်းရောင်းဝယ်ကြရပြီး မည်သူကမျှ ပစ္စည်း၏ ဈေးနှုန်းကို မလွှမ်းမိုးနိုင်ပေ။ ပြင်ပလောကတွင်မူ ဈေးကွက်သည် မကြာခဏဆိုသလိုပင် အပြည့်အဝ မဟုတ်သော ပြိုင်ဆိုင်မှုများ ကြုံတွေ့ကြရသည်။

ပုံစံအမျိုးမျိုးတွင် မိုနိုပိုလီ ဟု ခေါ်သော ကုန်ပစ္စည်းကို ရောင်းချသူ တစ်ဦးတည်းသာ ရှိခြင်း ၊ ဒျူရိုပိုလီဟု ခေါ်သော ကုန်ပစ္စည်းကို ရောင်းချသူ ၂ ဦးသာ ရှိခြင်း၊ အိုလီဂိုပိုလီဟု ခေါ်သော ကုန်ပစ္စည်းကို ရောင်းချသူ အနည်းငယ်သာ ရှိခြင်း မိုနိုပိုလစ်စတစ် ပြိုင်ဆိုင်မှု ဟုခေါ်သော ရောင်းချသူ အများအပြားရှိသော်လည်း အလွန်ကွဲပြားသော ကုန်ပစ္စည်းများကို ရောင်းချကြခြင်း၊ မိုနော့ဆိုနီ ဟုခေါ်သော ဝယ်သူ တစ်ဦးတည်းသာ ရှိခြင်း၊ အိုလီဂေါ့ဆိုလီ ဟုခေါ်သော ဝယ်သူ အနည်းငယ်သာ ရှိခြင်း တို့ ဖြစ်ကြသည်။ အပြည့်အဝ ပြိုင်ဆိုင်မှုနှင့် ကွဲပြားခြားနာစွာပင် မပြည့်ဝသော ပြိုင်ဆိုင်မှုတွင် ဈေးကွက်အင်အားသည် မညီမျှစွာ တည်ရှိသည်။ အပြည့်အဝပြိုင်ဆိုင်မှု မရှိသော ဈေးကွက်အတိုင်းရှိ ကုမ္ပဏီများသည် ဈေးကို လိုသလို တောင်းနိုင်ကြပြီး ဈေးကွက်အတွင်း မညီမျှသော ဝေစုများစွာကို ကိုင်ဆုပ်ထားနိုင်သော အင်အားရှိပြီး ကုန်ပစ္စည်း၏ ဈေးနှုန်းကို လွှမ်းမိုးနိုင်ကြသည်။

မိုက်ခရိုဘောဂဗေဒသည် ဈေးကွက်တစ်ခုချင်းစီကို သီးခြားလေ့လာပြီး ဈေးကွက်အတွင်းရှိ ပြုမူဆောင်ရွက်မှု တစ်ခုသည် အခြားဈေးကွက်များကို သက်ရောက်မှုမရှိဟု ယူဆခြင်းအားဖြင့် စီးပွားရေးစနစ်ကို လေ့လာရာတွင် လွယ်ကူအောင် မှတ်ယူထားသည်။ ထိုသို့ ခွဲခြမ်းစိတ်ဖြာသော နည်းလမ်းကို တစိတ်တပိုင်း အားမျှဈေးနှုန်း ခွဲခြမ်းစိတ်ဖြာခြင်း ဟု ခေါ်သည်။ ထိုနည်းလမ်းမှ ဈေးကွက်တစ်ခုတည်း အတွင်းမှ ပြုမူဆောင်ရွက်မှုများကိုသာ ပေါင်းစပ်လေ့လာသည်။ ယေဘုယျ အားမျှဈေးနှုန်း သီအိုရီသည် ဈေးကွက် အမျိုးမျိုးနှင့် ၎င်းတို့၏ ဖြစ်ပေါ်ပြုမူပုံကို လေ့လာသည်။ ထိုနည်းလမ်းမှ ဈေးကွက်အားလုံးရှိ ပြုမူဆောင်ရွက်မှု အားလုံးကို ပေါင်းစပ်လေ့လာသည်။ ထိုနည်းလမ်းမှ ဈေးကွက်ပြောင်းလဲခြင်းနှင့် ၎င်းတို့အချင်းချင်း ဆက်စပ်ခြင်းကြောင့် အားမျှဈေးနှုန်းသို့ ဦးတည်သွားခြင်းကို လေ့လာသည်။

ထုတ်လုပ်ခြင်း၊ ကုန်ကျငွေ နှင့် စွမ်းရည်[ပြင်ဆင်ရန်]

မက်ကရိုဘောဂဗေဒ[ပြင်ဆင်ရန်]

လူ့အဖွဲ့အစည်း တစ်ရပ်လုံး၊ စီးပွားရေး အဆောက်အဦ တစ်ခုလုံး၏ စီးပွားရေးဆိုင်ရာ အပြုအမူများကို လေ့လာသည့် ဘာသာရပ်ခွဲ တစ်ခုဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ဘောဂဗေဒ (International Economics)[ပြင်ဆင်ရန်]

တိုင်းပြည် တစ်ပြည်နှင့်တစ်ပြည်၊ နိုင်ငံတစ်ခုနှင့် တစ်ခု စီးပွားရေးဆိုင်ရာ ဆက်သွယ်မှုများအား လေ့လာသည့် ဘာသာရပ်ခွဲ တစ်ခုဖြစ်သည်။

စီးပွားရေး စနစ်များ[ပြင်ဆင်ရန်]

စီးပွားရေး စနစ်များကို ခွဲခြားသတ်မှတ်ရာတွင် ကြည့်ရှုပုံ ရှုထောင့်များမှ အမျိုးမျိုး ခွဲခြားကြသည်။ အကြမ်းဖျင်းအားဖြင့်

  • ဈေးကွက် စီးပွားရေးစနစ် (Market Economy)
  • ဗဟိုစီမံကိန်းချ စီးပွားရေးစနစ် (Centrally Planned Economy)
  • ရောပြွမ်း စီးပွားရေးစနစ် (Mixed Economy)

ဟူ၍ ခွဲခြမ်း လေ့လာနိုင်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Economics။ Merriam-Webster။
  2. (2008) The Foundations of Positive and Normative Economics: A Handbook. Oxford University Press. ISBN 0-19-532831-0 
  3. (2010) 21st Century Economics: A Reference Handbook Volume 1. SAGE Publications, 8. ISBN 978-1-4129-6142-4 
  4. (1888) The Economics of Industry. Macmillan, 2။ 
  5. Jevons, William Stanley (1879). The Theory of Political Economy, second, Macmillan and Co, XIV။ 
  6. Samuelson, Paul A. (2004). Economics. McGraw-Hill. ISBN 978-0-0728-7205-7 
  7. Economics of Education။ The World Bank (2007)။
  8. Iannaccone, Laurence R. (September 1998). "Introduction to the Economics of Religion" 36 (3). 
  9. Nordhaus, William D. (2002). "The Economic Consequences of a War with Iraq", War with Iraq: Costs, Consequences, and Alternatives. Cambridge, Massachusetts: American Academy of Arts and Sciences. ISBN 0-87724-036-1 
  10. Diamond၊ Arthur M., Jr. (2008)။ Science, Economics ofThe New Palgrave Dictionary of EconomicsDOI:10.1057/9780230226203.1491
  11. Towards a Green Economy: Pathways to Sustainable Development and Poverty Eradication. United Nations Environment Programme. 2011.