မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်

ဝီကီပီးဒီးယား မှ
မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်
Mandalay International Airport
မန္တ​လေးအပြည်ပြည်ဆိုင်ရာ​လေဆိပ်
  • IATA: MDL
  • ICAO: VYMD
    MDL သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
    MDL
    MDL
    မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် တည်နေရာပြပုံ
အချက်အလက်များ
အမျိုးအစားပြည်သူပိုင်
ပိုင်ဆိုင်သူပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ
စီမံကွပ်ကဲသူMC-Jalux Airport Service
ဝန်ဆောင်မှု ဧရိယာမန္တလေး
တည်နေရာတံတားဦးမြို့ , ကျောက်ဆည်ခရိုင်
မန္တလေးတိုင်းဒေသကြီး, မြန်မာ
ဗဟိုချက်အဖြစ် အသုံးပြုသည့် လေကြောင်း
ပင်လယ်မျက်နှာပြင် အထက်၃၀၀ ပေ / ၉၁ မီတာ
ကိုဩဒိနိတ်21°42′08″N 095°58′41″E / 21.70222°N 95.97806°E / 21.70222; 95.97806
ပြေးလမ်း
ဦးတည်ရာအရပ် အလျား မျက်နှာပြင်
ပေ မီတာ
၁၇/၃၅ ၁၄,၀၀၃ ၄,၂၆၈ ကွန်ကရစ်

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သည် မန္တလေးမြို့ တောင်ဘက် ၃၅ ကီလိုမီတာအကွာ တံတားဦးမြို့တွင် တည်ရှိသည်။ ၁၉၉၉ ခုနှစ်တွင် တည်ဆောက်မှုပြီးစီးပြီး ရန်ကုန်​လေဆိပ်ကို အဆင့်မြှင့်တင်ခြင်း မပြုမီအချိန်အထိ မြန်မာနိုင်ငံတွင် အကြီးဆုံးနှင့် ခေတ်အမီဆုံး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးတစ်ခုဖြစ်သည်။ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လေယာဉ်ပြေးလမ်းသည် ပေ ၁၄,၀၀၀ (၄၂၆၇ မီတာ) ရှည်လျားပြီး ကမ္ဘာပေါ်တွင်အရှည်ဆုံးသော လေယာဉ်ပြေးလမ်းများစာရင်းတွင် ပါဝင်သည်။ အရှေ့တောင်အာရှတွင် လက်ရှိအသုံးပြုနေသော လေယာဉ်ပြေးလမ်းများတွင် အရှည်ဆုံးဖြစ်ပြီး တစ်နှစ်လျှင် ခရီးသည် ၃သန်း ကိုင်တွယ်နိုင်သည်။[၁] လေဆိပ်ကြီးသည် မြန်မာနိုင်ငံ၏ ပထမဆုံးစရိတ်နည်းလေကြောင်းလိုင်းဖြစ်သော ရွှေမြန်မာလေကြောင်းလိုင်း နှင့် မန်းရတနာပုံ လေကြောင်းလိုင်း ၏ အဓိကဗဟိုချက် လည်းဖြစ်သည်။

လေဆိပ်ဖြစ်တည်လာပုံသမိုင်းအကျဉ်း[ပြင်ဆင်ရန်]

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် စီမံကိန်းကို ၁၉၉၀ စုနှစ် အလယ်ပိုင်းကာလတွင် စစ်အစိုးရက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နှင့် ခရီးသွားလုပ်ငန်း အရှိန်အဟုန်မြှင့်တင်ရေး အစီအစဉ်၏ ကဏ္ဍတစ်ရပ်အနေဖြင့် အကောင်အထည်ဖော်ရန် စတင်အကြံပြုခဲ့သည်။ နိုင်ငံ၏ တစ်ခုတည်းသော အပြည်ပြည်ဆိုင်ရာ လေဆိပ် အဖြစ် ကြွားဝါလေ့ရှိသော ရန်ကုန်နှင့်အတူ အသစ်တည်ဆောက်ပြီးစီးသော မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သည် နှစ်စဉ်နှစ်တိုင်း ဝင်ရောက်သည့် ခရီးသည်ပမာဏကို ၁၀ရာခိုင်နှုန်း တိုးတက်စေရမည်ဟူသော ရည်မှန်းချက်အတွက် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ထိုအစီအစဉ်အရ မန္တလေးကို အာရှဒေသရှိမြို့ကြီးများ အထူးသဖြင့် ပေကျင်းမြို့ဟနွိုင်းမြို့ဘန်ကောက်မြို့ကာလကတ္တားမြို့ဒါကာမြို့ များသို့ပျံသန်းရာ အချက်အချာနေရာတစ်ခု ဖြစ်လာစေရန် ရည်မှန်းခဲ့ကြသည်။

၁၉၉၆ ခုနှစ်တွင် တည်ဆောက်ခြင်းလုပ်ငန်းများ စတင်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ် စက်တင်ဘာလတွင် အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့သည်။ ကုန်ကျစရိတ် အမေရိကန်ဒေါ်လာသန်း ၁၅၀ ရှိပြီး ထိုင်းနိုင်ငံ ExIm Bank မှ ရေရှည်ချေးငွေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း နိုင်ငံ​ရေးအ​​ခြေအ​နေများ​ကြောင့် မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့်ခေတ်အမီဆုံး လေဆိပ်ကြီးသည် မျှော်မှန်းထားသည့်အတိုင်း ဖြစ်မလာခဲ့ဘဲ စစ်အစိုးရ၏ အလဟဿတ် ပိုက်ဆံကုန်၍ အရာမထင်သော စီမံကိန်းအဖြစ် နာမည်တွင်ခဲ့သည်။ဤအပြည်ပြည်ဆိုင်ရာလေဆိပ်အသစ်သည် မြို့တွင်းရှိ ချမ်းမြသာစည်လေဆိပ်၏ အခန်းကဏ္ဍကို အစားထိုးခဲ့သည်။

ကားရပ်နားကွင်းမှ ​တွေ့ရစဉ်

လေကြောင်းလိုင်းများ နှင့် ပျံသန်းရာမြို့များ[ပြင်ဆင်ရန်]

လေကြောင်းလိုင်းများပျံသန်းရာနေရာRoute
ချိုင်းနားအိစ်စတန်း လေကြောင်းလိုင်း ကူမင်း၊ ကွမ်ကျိုး၊ ရှန်ဟိုင်း ပြည်ပ
ဆစ်အဲ လေကြောင်းလိုင်း စင်ကာပူ ပြည်ပ
ထိုင်းအဲအေးရှား လေကြောင်းလိုင်း ဘန်ကောက်-ဒွန်မောင်း ပြည်ပ
ဘန်ကောက် လေကြောင်းလိုင်း ဘန်ကောက်-သုဝဏ္ဏဘူမိ ချင်းမိုင် ပြည်ပ
မန်းရတနာပုံ လေကြောင်းလိုင်း[၂] ကျိုင်းတုံ တာချီလိတ်ပုဂံညောင်ဦးမြစ်ကြီးနားရန်ကုန်လားရှိုးဟဲဟိုး ပြည်တွင်း
မြန်မာအမျိုးသား လေကြောင်းလိုင်း [၃] ကလေးမြို့ ကျိုင်းတုံခန္တီး တာချီလိတ်ပုဂံညောင်ဦး ပူတာအိုဗန်းမော်မြစ်ကြီးနား မုံရွာရန်ကုန်လားရှိုး၊ ဟုမ္မလင်း၊ ဟဲဟိုး ပြည်တွင်း
ကမ္ဘောဇ လေကြောင်းလိုင်း[၄] ကလေးမြို့ ကျိုင်းတုံ တာချီလိတ်ပုဂံညောင်ဦး ပူတာအိုဗန်းမော်မြစ်ကြီးနားရန်ကုန် လားရှိုးဟဲဟိုး ပြည်တွင်း
ကမ္ဘောဇ လေကြောင်းလိုင်း အင်ဖရယ် ပြည်ပ
ရန်ကုန် လေကြောင်းလိုင်း [၅] ကျိုင်းတုံ၊ တာချီလိတ်၊ ပုဂံညောင်ဦးမြစ်ကြီးနားရန်ကုန်လားရှိုးဟဲဟိုး ပြည်တွင်း
ရွှေမြန်မာ လေကြောင်းလိုင်း [၆] တာချီလိတ်ပုဂံညောင်ဦး ပူတာအိုဗန်းမော်မြစ်ကြီးနားရန်ကုန် လားရှိုးဟဲဟိုးရန်ကုန် ပြည်တွင်း
အေးရှန်းဝင်း လေကြောင်းလိုင်း[၇] ပုဂံညောင်ဦးဟဲဟိုး ပြည်တွင်း
တုန်းဟိုင် လေကြောင်းလိုင်း ရှိန်းကျိန့် ပြည်ပ
အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း ရန်ကုန် ပြည်တွင်း
အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း ဟန်ကျိုး ပြည်ပ
နိုင်းအဲ လေကြောင်းလိုင်း ကွမ်ကျိုး၊ ကွေ့ရန် ပြည်ပ
စီချွမ် လေကြောင်းလိုင်း ကူမင်း ပြည်ပ
လွန်း လေကြောင်းလိုင်း ချင်းဒူ၊ ဟန်ကျိုး၊ နမ်ပို ပြည်ပ
ချိုင်းနား အိတ်စ်ပတ်စ် ထျန်းကျင်း၊ ကျန်ကျိုး (ZhengZhou-CGO) ပြည်ပ
ဟိုင်နန် လေကြောင်းလိုင်း ဟိုင်းခို ရှိန်းကျိန့် ပြည်ပ
ကူမင်း လေကြောင်းလိုင်း ကူမင်း ပြည်ပ
ရွှေလီ လေကြောင်းလိုင်း မန်စီ ပြည်ပ
ထိုင်းစမိုင်း လေကြောင်းလိုင်း ဘန်ကောက်-သုဝဏ္ဏဘူမိ ပြည်ပ

လေဆိပ်ဝန်ဆောင်မှုများ[ပြင်ဆင်ရန်]

၂၀၀၀ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သော လေဆိပ်အဆောက်အဦးသည် ဆိုက်ရောက်ခရီးသည် ၁၀၀၀၊ ထွက်ခွာခရီးသည် ၁၀၀၀ ကို တစ်ပြိုင်တည်း ဝန်ဆောင်မှုပေးနိုင်သည်။ တစ်နှစ်တွင် ခရီးသည်ပမာဏ ၃ သန်းခန့်လက်ခံနိုင်ပြီး ၁၅ သန်းအထိတိုးချဲ့နိုင်စွမ်းရှိသည်။ လေဆိပ်ကြီးသည် မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးမြို့ တောင်ဘက် ၂၁မိုင် (၃၅ ကီလိုမီတာ) တံတားဦးမြို့ အနီးတွင်တည်ရှိပြီး စုစုပေါင်းဧရိယာ ၂၅၀၁၅ ဧက (၁၀၁၂၃ ဟက်တာ) ကျယ်ဝန်းသည်။ မန္တလေးမြို့လယ်မှ လေဆိပ်သို့ ကားဖြင့်လာမည်ဆိုပါက တစ်နာရီခန့် မောင်းနှင်ရပေမည်။

မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်၏ အလျားပေ ၁၄,၀၀၀ (၄၂၆၇ မီတာ)၊ အနံပေ ၂၀၀ (၆၁ မီတာ) ရှည်လျားသော လေယာဉ်ပြေးလမ်းသည် မည်သည့်လေယာဉ်အမျိုးအစားမဆို ဆင်းသက်နိုင်စွမ်းရှိသည်။ ကားရပ်နားရန်နေရာတွင် မော်တော်ယာဉ် အစီးရေ ၇၀၀ ခန့်ရပ်နားနိုင်သည်။ လေဆိပ်အဆောက်အဦးမှာ လေအေးပေးစနစ်၊ မီးဘေးအန္တရာယ်ကာကွယ်ရေးစနစ် နှင့် အရေးပေါ်လျှပ်စစ်ဓာတ်အားပေးရေးစနစ်များ တပ်ဆင်ထားသည်။ ထို့အပြင် ခရီးသည်များအတွက် ဓာတ်လှေကား ၆ခု၊ စက်လှေကား ၃ခု၊ ကုန်တင်ဓာတ်လှေကား ၁ခုနှင့် အလိုအလျှောက် ခရီးသည်လက်ဆွဲအိတ်ကိုင်တွယ်မှုစနစ်များလည်းပါဝင်သည်။ ခရီးသည်ပို့ဆောင်သော ရွေ့လျားတံတား ၆ခု အနက် ၃ခု မှာ ဘိုးရင်း ၇၄၇ လေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည်။ လေယာဉ် ၁၀ စီး လုံလုံလောက်လောက် ရပ်နားနိုင်ပြီး မည်သည့်အရွယ်အစားရှိသည့်လေယာဉ်မဆို ရှစ်မိနစ်လျှင် တစ်စီးနှုန်းဖြင့် ဆင်းသက်ထွက်ခွာနိုင်သည်။ ယခင်က မြေပြင်ကိုင်တွယ်မှုလုပ်ငန်းများကို မန္တလေးလေဆိပ်မြေပြင် ဝန်ဆောင်မှုလုပ်ငန်း (MAGS) မှ ဆောင်ရွက်ပေးခဲ့ပြီး ယခုအခါ MJAS ကုမ္ပဏီမှ လုပ်ကိုင်နေသည်။

လေဆိပ်တွင်ထည့်သွင်းထားသော လေကြောင်းဆက်သွယ်မှုဆိုင်ရာစနစ်များအဖြစ် VHF and HF SSB transmitters and receivers၊ အသံထိန်းချုပ်စနစ်၊ အလိုအလျောက် လေဆိပ်အချက်အလက်ထုတ်ပြန်သောစနစ် (ATIS)၊ လေကြောင်းဆက်သွယ်မှုကွန်ရက်တို့ပါဝင်သည်။ လေကြောင်းထိန်းတာဝါတွင် ရေဒါနှင့် လမ်းပြစနစ် မြောက်မြားစွာ တပ်ဆင်ထားသည်။

ခရီးသည်ဝန်ဆောင်မှုများအဖြစ် check-in ကောင်တာ (၃၆) ခု၊ လေယာဉ်ဆိုက်ကပ်ဂိတ် (၈) ခု၊ ရွေ့လျားတံတား (၆)ခု၊ လက်ဆွဲအိတ်ပြန်လည်ရွေးယူရာ ရွေ့လျားခါးပတ် (၃)ခု ၊ လေယာဉ်အချိန်တိုရပ်နားနိုင်သောနေရာ (၁၁)ခု၊ လေယာဉ်အချိန်ကြာရပ်နားနိုင်သောနေရာ (၆)ခု၊ စာတိုက်၊ နိုင်ငံခြားငွေ လဲလှယ်ရေးကောင်တာ၊ စားသောက်ဆိုင်၊ အထူးပုဂ္ဂိုလ်များ နားနေဆောင်၊ အကောက်ခွန်မဲ့ ဆိုင်များ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များ၊ ခရီးသွားဝန်ဆောင်မှုကုမ္ပဏီများ၊ နိုင်ငံခြားသား ခရီးသည်များအတွက် အကူအညီကောင်တာများ၊ ကားအငှားလုပ်ငန်းများပါဝင်သည်။

ကိန်းဂဏန်းအချက်အလက်များ[ပြင်ဆင်ရန်]

နှစ် ခရီးသည် ယခင်နှစ်ထက် ပြောင်းလဲမှု လေယာဉ်အရေအတွက်
၂၀၁၁ ၅၂၈ ၁၉၃ ၁၇ ၉၂၆
၂၀၁၂ ၆၁၀ ၉၆၉ Increase0၁၆% ၁၉ ၀၅၉
၂၀၁၃ ၇၉၄ ၄၉၂ Increase0၃၀% ၂၂ ၅၉၀
၂၀၁၄ ၉၃၈ ၉၀၁ Increase0၁၉% ၂၄ ၅၉၈
၂၀၁၅ ၁ ၀၂၄ ၁၄၉ Increase0၉% ၂၅ ၄၆၁
၂၀၁၆ ၁ ၁၆၈ ၀၆၈ Increase0၁၄% ၂၅ ၁၈၄
၂၀၁၇ ၁ ၃၂၀ ၉၄၅ Increase0၁၃% ၂၅ ၀၇၃
၂၀၁၈ ၁ ၄၀၃ ၅၇၁ Increase0၇% ၂၂ ၉၂၆
၂၀၁၉ ၁ ၈၁၅ ၄၉၆ Increase0၃၀% ၂၇ ၂၃၄
Source: [၈]

နောက်ပိုင်းကာလအဆင့်မြှင့်တင်မှုနှင့်တိုးတက်လာမှုများ[ပြင်ဆင်ရန်]

မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံ၏ လတ်တလော နိုင်ငံရေးအကူးအပြောင်းသည် မန္တလေးကို အသစ်တစ်ဖန် ပြန်လည်အသက်ဝင်နိုးထစေခဲ့သည်။ ယခင်က နိုင်ငံတကာ ခရီးစဉ်ဟူ၍ တရုတ်အရှေ့ပိုင်းလေကြောင်းလိုင်းကူမင်းမြို့ ခရီးစဉ်တစ်ခုသာရှိရာမှ ယခုအခါတွင် ဗုဒ္ဓဂါယာဘန်ကောက်မြို့ များသို့ နိုင်ငံတကာလေကြောင်းလိုင်း ၄ခုထက်မနည်း ပျံသန်းပြေးဆွဲနေပြီဖြစ်သည်။ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု အမွေအနှစ်များ ကိန်းအောင်းရာ မြို့တော်ကြီးဖြစ်သောကြောင့် လည်းကောင်း၊ ရန်ကုန်တွင် ပြွတ်ကြပ်လာသော ခရီးစဉ်များကြောင့် ပေါ်ပေါက်လာသော ပါကင်မလုံလောက်မှုကို ရှောင်လွှဲရန်အတွက် လည်းကောင်း လေကြောင်းလိုင်းများသည် မန္တလေးကို မြန်မာနိုင်ငံ၏ ဒုတိယနိုင်ငံတကာဝင်ပေါက်အဖြစ် အထူးအာရုံစိုက်လာကြပြီဖြစ်သည်။ လေကြောင်းဦးစီး မှလည်း မန္တလေးလေဆိပ်အား နိုင်ငံ၏ အဓိက ကုန်စည်စီးဆင်းရာ ဌာနကြီးအဖြစ် တိုးချဲ့ရန်၂၀၁၂ တွင်ကြေညာခဲ့သည်။[၉]

ယခုအခါ ဂျပန်နိုင်ငံ JALUX ကုမ္ပဏီ၊ မစ်ဇူဘီရှီ ကုမ္ပဏီ နှင့် မြန်မာနိုင်ငံမှ ရိုးမကုမ္ပဏီတို့ ပူးပေါင်း၍ MJAS ကုမ္ပဏီအဖြစ် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ဝန်ဆောင်မှု လုပ်ငန်းကို အစိုးရထံမှ နှစ် (၃၀) လုပ်ကိုင်ခွင့် ရရှိထားသည်။ JALUX ကုမ္ပဏီ နှင့် မစ်ဇူဘီရှီ ကုမ္ပဏီတို့မှ ၄၅.၅ ရာခိုင်နှုန်းစီ နှင့် ရိုးမကုမ္ပဏီက ကျန်ရှိသော ၉ ရာခိုင်နှုန်း အသီးသီး ရင်းနှီးမြုပ်နှံကြသည်။ ကနဦး ရင်းနှီးမြုပ်နှံမှု တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၄ သန်း ရှိသည်။ [၁၀]. MJAS မှ လေဆိပ်ဝန်ဆောင်မှုလုပ်ငန်း စတင်ပြီးနောက်ပိုင်း မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဝန်ဆောင်မှု အဆင့်အတန်းယခင်ကထက် မြင့်မားလာခဲ့သော်လည်း လိုအပ်ချက် အချို့ရှိနေဆဲ ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Mandalay International Airport (MDL/VYMD)။ Airport Technology။ 2007-04-02 တွင် ပြန်စစ်ပြီး။
  2. Mann Yadanarpon Airlines။ 24 March 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 January 2015 တွင် ပြန်စစ်ပြီး။
  3. မော်ကွန်းတင်ပြီးမိတ္တူ။ 2 January 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 January 2015 တွင် ပြန်စစ်ပြီး။
  4. Route Map | Air KBZ။ 3 January 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 January 2015 တွင် ပြန်စစ်ပြီး။
  5. http://www.yangonair.com/index.php?option=com_content&view=article&id=99&Itemid=69
  6. operation map
  7. မော်ကွန်းတင်ပြီးမိတ္တူ။ 4 January 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 January 2015 တွင် ပြန်စစ်ပြီး။
  8. Mandalay Int'l Airport received over 1 million passengers last year | Eleven Myanmar။ 20 July 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 July 2018 တွင် ပြန်စစ်ပြီး။
  9. DCA Myanmar: Home။ 12 March 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 March 2013 တွင် ပြန်စစ်ပြီး။
  10. Mitsubishi Corporation - Press Room - 2014 - JALUX and Mitsubishi Corporation to Operate Mandalay International Airport in Myanmar | Mitsubishi Corporation