မြန်မာနိုင်ငံရှိ အားလပ်ရက်များ
ပုံပန်းသွင်ပြင်
(မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များ မှ ပြန်ညွှန်းထားသည်)
အောက်ပါ အကြောင်းအရာအခန်းဆက်၏ တစိတ်တပိုင်း |
မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု |
---|
ဒဏ္ဍာရီနှင့် ရှေးရိုးစဉ်လာအယူများ |
စာပေ |
အထင်ကရနေရာများ |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့က နှစ်စဉ်အမိန့်ကြော်ငြာစာဖြင့်ကြေညာ၍ အများပြည်သူတို့၏ အလုပ်ပိတ်ရက်များ ကိုသတ်မှတ်ပါသည်။
အများပြည်သူတို့၏ အလုပ်ပိတ်ရက်များ
[ပြင်ဆင်ရန်]နေ့အမည် | ရက်စွဲ | ကြာချိန် | အကြောင်းအရာ |
---|---|---|---|
နိုင်ငံတကာနှစ်သစ်ကူးနေ့ | ဇန်နဝါရီ ၁ | ၁ ရက် | နိုင်ငံတကာမိသားစုဝင် နိုင်ငံတစ်နိုင်ငံဖြစ်၍ နိုင်ငံအများစုအတိုင်း အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ခြင်း |
လွတ်လပ်ရေးနေ့ | ဇန်နဝါရီ ၄ | ၁ ရက် | ဗြိတိသျှအင်ပါယာမှလွတ်လပ်ရေးရရှိခြင်း |
ပြည်ထောင်စုနေ့ | ဖေဖော်ဝါရီ ၁၂ | ၁ ရက် | ပင်လုံညီလာခံကိုဂုဏ်ပြုခြင်း |
တောင်သူလယ်သမားနေ့ | မတ် ၂ | ၁ ရက် | တောင်သူလယ်သမားများအား ဂုဏ်ပြုခြင်း |
တပေါင်းလပြည့်နေ့ | တပေါင်းလပြည့် | ၁ ရက် | တပေါင်းပွဲတော် |
တော်လှန်ရေးနေ့ | မတ် ၂၇ | ၁ ရက် | ဂျပန်တို့ကိုစတင်တော်လှန်ခဲ့ခြင်း |
မြန်မာနှစ်သစ်ကူး (သင်္ကြန်) ရုံးပိတ်ရက်များ | ၄ သို့မဟုတ် ၅ ရက် | အကြို၊ အကျ၊ အကြတ်၊ အတက် လေးရက်နှင့် နှစ်ဆန်းတစ်ရက်နေ့ | |
မေဒေးနေ့ | မေ ၁ | ၁ ရက် | အလုပ်သမားနေ့ |
ကဆုန်လပြည့်နေ့ | ကဆုန်လပြည့် | ၁ ရက် | ဂေါတမဗုဒ္ဓ ဗျာဒိတ်ရခြင်း၊ ဖွားတော်မူခြင်း၊ ဘုရားအဖြစ်သို့ရောက်ခြင်း၊ ပရိနိဗ္ဗာန်ပြုခြင်းတို့ဖြစ်ရာနေ့ |
အာဇာနည်နေ့ | ဇူလိုင် ၁၉ | ၁ ရက် | ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် နိုင်ငံရေးခေါင်းဆောင်များ လုပ်ကြံခံရမှုကို အောက်မေ့ခြင်း |
ဝါတွင်းသုံးလ စတင်ခြင်း | ဝါဆိုလပြည့် | ၁ ရက် | ဂေါတမဗုဒ္ဓ ပဋိသန္ဓေတည်ခြင်း၊ တောထွတ်တော်မူခြင်း၊ တရားဦးဓမ္မစကြာကို ဟောကြားတော်မူသည့်နေ့ဖြစ်ခြင်း |
သီတင်းကျွတ်လပြည့်နေ့ | သီတင်းကျွတ်လပြည့်နေ့ | ၅ ရက် | မီးထွန်းပွဲတော်ကျင်းပသည်။ |
တန်ဆောင်တိုင်ပိတ်ရက်များ | တန်ဆောင်မုန်းလပြည့်နေ့ အထိ | ၄ ရက် | |
အမျိုးသားနေ့ | တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် | ၁ ရက် | တက္ကသိုလ်ကျောင်းသားများ ယူနီဗာစတီအက်ဥပဒေကို သပိတ်မှောက်ခဲ့ကြခြင်း |
ခရစ္စမတ်နေ့ | ဒီဇင်ဘာ ၂၅ | ၁ ရက် | ယေရှုခရစ်တော်၏မွေးနေ့ |
အီဒုလ်အဿွဟာနေ့ | ကြေညာချက်အလိုက်ပြောင်းလဲနိုင် | ၁ ရက် | |
ဒီပါဝလီနေ့ | ကြေညာချက်အလိုက်ပြောင်းလဲနိုင် | ၁ ရက် | ဟိန္ဒူဘာသာဝင်တို့၏ မီးထွန်းပွဲတော် |
ကရင်နှစ်သစ်ကူးနေ့ | ပြာသိုလဆန်း ၁ ရက် | ၁ ရက် | |
တရုတ်နှစ်သစ်ကူးနေ့ | ကြေညာချက်အလိုက်ပြောင်းလဲနိုင် | ၁ ရက် | တရုတ်နိုင်ငံ နှင့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုအား ပိုမိုခိုင်မာစေရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၅ ခုနှစ် ပြက္ခဒိန်နှစ် ကစပြီး သတ်မှတ်ခြင်း[၁] |
အခြားနေ့ထူးများ
[ပြင်ဆင်ရန်]အောက်ဖော်ပြပါနေ့များသည် ရုံးပိတ်အားလပ်ရက်ကဲ့သို့မဟုတ်သော်လည်း နေ့ထူးဖြစ်အသိအမှတ်ပြုခံရသော သို့မဟုတ် ဒေသခံအသိုင်းအဝိုင်းများ၌သာ ကျင်းပကြသော နေ့ရက်များဖြစ်ကြသည်။
- ကချင်ပြည်နယ်နေ့ – ဇန်နဝါရီ ၁၀
- မြန်မာနိုင်ငံ၏ အနာကြီးရောဂါ ကင်းဝေးရေးအထိမ်းအမှတ်နေ့ – ဖေဖော်ဝါရီ ၆
- ကမ္ဘာ့ကလေးများနေ့ (ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့) – ဖေဖော်ဝါရီ ၁၃
- ချင်းအမျိုးသားနေ့ – ဖေဖော်ဝါရီလ ၂၀
- မြန်မာ့ဂီတနေ့ – ဇွန် ၂၇
- မြန်မာအမျိုးသမီးများနေ့ – ဇူလိုင် ၃
- မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ – အောက်တိုဘာ ၁
- ကရင်ပြည်နယ်နေ့ – နိုဝင်ဘာ ၇
- အမေများနေ့ – ပြာသိုလပြည့်
- မွန်အမျိုးသားနေ့ တပို့တွဲလပြည့်ကျော် ၁ ရက်
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၂၀၂၅ ခုနှစ် ပြက္ခဒိန်နှစ်တွင် နိုင်ငံတကာနှစ်သစ်ကူးနေ့နှင့်တရုတ်နှစ်သစ်ကူးနေ့တို့ အများပြည်သူအလုပ်ပိတ်ရက်အဖြစ်ပါဝင်လာ။ MOI Myanmar (၉ ဇူလိုင် ၂၀၂၄)။ ၈ ဇူလိုင် ၂၀၂၄ တွင် ပြန်စစ်ပြီး။