မာတိကာသို့ ခုန်သွားရန်

ချင်းပြည်နယ်နေ့

ဝီကီပီးဒီးယား မှ
ချင်းပြည်နယ်နေ့
လိုက်နာကျင့်သုံးသူများချင်းပြည်နယ်
ရက်စွဲ၃ ဇန်နဝါရီ
ပြန်လည်ကျင်းပမှုအကြိမ်ရေနှစ်စဉ်
ပထမ အကြိမ်၁၉၇၄; ၅၂ နှစ် အကြာက (၁၉၇၄)

၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ (၄) ရက် ပြည်ထောင်စု မြန်မာနိုင်ငံတော် လွတ်လပ်ရေးရရှိပြီးနောက် ချင်းတောင်တန်းသည် ချင်းဝိသေသတိုင်းအဖြစ် မြန်မာနိုင်ငံ၏ တိုင်းတစ်တိုင်းဖြစ်လာခဲ့သည်။ ပြည်တွင်းပြည်ပ သောင်းကျန်းသူများ နှိမ်နင်းရာတွင်လည်း ချင်းအမျိုးသားတို့သည် အခြားပြည်ထောင်စု တိုင်းရင်းသားများနည်းတူ ပါဝင်ခဲ့ကြသည်။ ၁၉၇၄ ခုနှစ်၊ ဇန်နဝါရီလ (၃) ရက်နေ့မှ စ၍ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေအခန်း၊ (၃၊ ပုဒ်မ ၃၀(ခ) အရ ချင်းဝိသေသတိုင်းကို ချင်းပြည်နယ်ဟု သတ်မှတ်ကာ ပြည်ထောင်စုဆိုရှယ်လစ် မြန်မာနိုင်ငံတော် ပြည်နယ်တစ်နယ်ဖြစ်လာခဲ့ရာမှာယခ[]င် ချင်းအမျိုးသားနေ့ကို 'ချင်းပြည်နယ်နေ့' ဟု ပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. ဒါးလ်ပွီး ချင်းပြည်နယ်နေ့နှင့် သမိုင်းပေးတာဝန်၊ ကြေးမုံသတင်းစာ(၂၀-၂-၈၁)၊ စာ-၄