အမျိုးသား စာကြည့်တိုက် (ရန်ကုန်)
တည်ထောင် | ၁၉၅၂ ခုနှစ် |
---|---|
တည်နေရာ | အမှတ် (၈၅-က)၊ သီရိမင်္ဂလာ ရိပ်သာလမ်းသွယ်၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့ |
ကိုဩဒိနိတ် | 16°50′22″N 96°09′32″E / 16.83954°N 96.15895°Eကိုဩဒိနိတ်: 16°50′22″N 96°09′32″E / 16.83954°N 96.15895°E |
ဌာနခွဲများ | ၂ |
စုဆောင်းထားမှု | |
အရွယ်အစား | ၈၅၀,၂၆၆[၁] |
အခြားအချက်အလက်များ | |
ဒါရိုက်တာ | ဦးစန်းဝင်း |
ဝန်ထမ်း | ၂၁၃[၂] |
ဝက်ဘ်ဆိုဒ် | nlm.gov.mm |
အမျိုးသားစာကြည့်တိုက် (ရန်ကုန်) သည် မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်တွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ အမျိုးသားစာကြည့်တိုက်တစ်ခု ဖြစ်သည်။ စာကြည့်တိုက်ကို နံနက် ၁ဝနာရီ မှ ညနေ ၄နာရီအထိ (နိုင်ငံတော် ရုံးပိတ်ရက်များ မှ အပ တနင်္လာ မှ သောကြာနေ့ အထိဖွင့်လှစ်သည်။)[၃]
ဖြစ်ပေါ်လာပုံ
[ပြင်ဆင်ရန်]၁၉၅၂-ခုနှစ်တွင် ဘားနတ်အခလွတ်စာကြည့်တိုက် ကို ပြည်ထောင်စုယဉ်ကျေးမှု ဝန်ကြီးဌာနမှ လွှဲပြောင်းရယူခဲ့ပြီး နိုင်ငံတော်စာကြည့်တိုက် ဟု အမည်ပြောင်းလဲခဲ့သည်။ ဂျူဗလီဟောအဆောက်အဦး (ယခုတပ်မတော် စစ်သမိုင်းပြတိုက်) တွင် အမျိုးသားပြတိုက်၊ အနုပညာ ခန်းဆောင်တို့ နှင့် တွဲ၍ ဖွင့်လှစ်ခဲ့သည်။ အခြားသော ဌာနများနှင့်တွဲ၍ ဖွင့်ထားရသဖြင့် စာကြည့်တိုက်၏ လုပ်ငန်းဆောင်ရွက်မှုများအတွက် နေရာလုံလောက်မှုမရှိခဲ့ပေ။
၁၉၆၂-ခုနှစ်၊ တော်လှန်ရေးကောင်စီအစိုးရလက်ထက်တွင် ယဉ်ကျေးမှုဗိမာန် ဦးစီးဌာန၊ ညွှန်ကြားရေးဝန်၏ စီမံအုပ်ချုပ်မှုအောက်တွင် အမျိုးသားပြတိုက်နှင့် အတူထားရှိခဲ့သည်။ ၂.၇.၁၉၆၂ ခုနှစ်တွင် အမှတ်(၁၆၆)၊ ပန်းဆိုးတန်းလမ်း၊ ဒုတိယထပ်နှင့် တတိယထပ်များသို့ ပြောင်းရွှေ့ခဲ့သည်။
၁၉၆၄-ခုနှစ်တွင် အမျိုးသားစာကြည့်တိုက် ဟု အမည်ပြောင်းခဲ့သည်။
၁၉၆၅-ခုနှစ်တွင် ရန်ကုန်မြို့တော်ခန်းမ၊ တတိယထပ် တောင်ဘက်နှင့် အနောက်တောင်ဘက်ခြမ်းရှိ အခန်းများသို့ ပြောင်းရွှေ့ခဲ့ပြီး ပြည်သူလူထုအတွက် ပြန်လည်ဖွင့်လှစ်ခဲ့သည်။
၁၉၈၄-ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် ကမ်းနားလမ်းရှိ ခြောက်ထပ်ရုံး အဆောက်အဦး ပထမထပ်နှင့် ဒုတိယထပ်များသို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်။
၂၀၀၂-ခုနှစ်တွင် လေးထောင့်ကန်လမ်းနှင့် အရှေ့မြင်းပြိုင်ကွင်းလမ်းထောင့်သို့ ပြောင်းရွှေ့ခဲ့ပြီး ၁၂.၆.၂၀၀၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။
၂၀၀၈-ခုနှစ်၊ ဩဂုတ်လ တွင် ယခုလက်ရှိတည်နေရာ၊ အမှတ် (၈၅-က)၊ သီရမင်္ဂလာရိပ်သာလမ်းသွယ်၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့ သို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်။ [၄]
- အမျိုးသားစာကြည့်တိုက် (ရန်ကုန်) တွင် စုဆောင်းထားရှိသည့် စာအုပ်၊ စာနယ်ဇင်းများ -
- စာအုပ် ၂၀၃၃၇၅ အုပ်
- မဂ္ဂဇင်း ၁၄၁၁၃၇ အုပ်
- ဂျာနယ် ၆၉၄၃၄ စောင်
- သတင်းစာ ၂၄၃၂၇၇ စောင်
- ပေ ၁၇၅၁၁ ကျမ်း
- ပုရပိုက် ၁၉၇၀ ဆူ
- လက်ရေးစာ ၃၄၅ အုပ် [၅]
စာစုလုပ်ငန်း
[ပြင်ဆင်ရန်]အမျိုးသားစာကြည့်တိုက်သည် ကုလသမဂ္ဂမှ ထုတ်ဝေသောစာအုပ်များနှင့် ၁၉၆၂ - ခုနှစ်၊ ပုံနှိပ်ထုတ်ဝေသူများအက်ဥပဒေတို့အရ စာအုပ်၊ စာနယ်ဇင်းတို့ကို လက်ခံစုဆောင်းရရှိသည်။
အမျိုးသားစာကြည့်တိုက်သည် စာပေပစ္စည်းများကို နိုင်ငံအချင်းချင်း စာအုပ်လဲလှယ်ရေး အစီအစဉ်အရလည်းကောင်း၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းအသီးသီးနှင့် အလှူရှင်များထံမှ လက်ဆောင်ရရှိခြင်း၊ လှူဒါန်းသည်ကို လက်ခံရရှိခြင်း၊ ဝယ်ယူခြင်းတို့ဖြင့် စုဆောင်းထားရှိသည်။ တစ်နှစ်လျှင် စာပေပစ္စည်းပေါင်း ၃၀၀၀ ကျော်ကို စုဆောင်းရရှိသည်။
အမျိုးသားစာကြည့်တိုက်တွင် စုဆောင်းထိန်းသိမ်းထားသည့် စာစုများမှာ အောက်ပါအတိုင်းဖြစ်သည်။
- ဘားနတ်အခလွတ်စာကြည့်တိုက် မှ စာစုများ
- ကင်းဝန်မင်းကြီး ဦးကောင်း ၏ စာစုများ
- ပုဂံဝန်ထောက်မင်း ဦးတင် ၏ စာစုများ
- မစ္စဒါးဝပ် ၏ မြန်မာနိုင်ငံအကြောင်းစာစု နှင့် အခြားစာအုပ်များ
- မစ္စတာဂရမ်သမ် ၏ မြန်မာနိုင်ငံအကြောင်း စာစု၊ လူမှုနိုင်ငံရေး နှင့် ဘာသာရေးဆိုင်ရာ စာအုပ်များ
- မစ္စတာဂျေအက်ဖ်ဖန်နီဗယ် ၏ မြန်မာနိုင်ငံအကြောင်း စာစု နှင့် စီးပွားရေးဆိုင်ရာ စာအုပ်များ
- ကိုလံဘို စီမံကိန်းအရ ဩစတြေးလျ အစိုးရထံမှ ရရှိသည့် စာအုပ်များ
- တရုတ်နိုင်ငံ နှင့် အာရှဖောင်းဒေးရှင်းတို့မှ လှူဒါန်းသော စာအုပ်များ
- စာရေးဆရာ ဒဂုန်ရွှေမျှား လှူဒါန်းသည့် ရှားပါးပေများ
- မြန်မာနိုင်ငံ အရပ်ရပ်မှ လှူဒါန်းသော စာအုပ်၊ စာနယ်ဇင်းများ၊ ပေ၊ ပုရပိုက်များ
- ရှေးဟောင်း သုတေသနဆိုင်ရာစာစုများ
- အထူးစာစုများ အတွက် လှူဒါန်းသည့် စာအုပ်၊ စာနယ်ဇင်းများ [၆]
ကိုးကား
[ပြင်ဆင်ရန်]- ↑ National Library of Myanmar's Collections။ National Library of Myanmar (September 2013)။[လင့်ခ်သေ]
- ↑ The National Library, Myanmar Ministry of Culture။ 7 December 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-10-31 တွင် ပြန်စစ်ပြီး။
- ↑ ဆက်သွယ်ရန်။ 19 ၊ 2012 တွင် ပြန်စစ်ပြီး။January 2012 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ အမျိုးသားစာကြည့်တိုက်အဖြစ် ပြောင်းလဲဖွင့်လှစ်ခြင်း။ 19 ၊ 2012 တွင် ပြန်စစ်ပြီး။January 2012 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ အမျိုးသား စာကြည့်တိုက် (ရန်ကုန်)။ 19 ၊ 2012 တွင် ပြန်စစ်ပြီး။January 2012 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ စာစုလုပ်ငန်း။ 19 ၊ 2012 တွင် ပြန်စစ်ပြီး။January 2012 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]