တဘောင်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
မြန်မာဝစ်ရှင်နရီ
မြန်မာ ဝစ်ရှင်နရီ တွင် ဤစကားလုံးအတွက်
အဓိပ္ပါယ်ဖွင့်ဆိုချက် ရှိသည် -

တဘောင်ဟူသည် သူငယ်၊ သဘင်သည်နှင့် သူရူးတို့ ပြောဆိုကြသော နိမိတ်စကားဟူ၍ မြန်မာအဘိဓာန် အကျဉ်းချုပ်တွင် ဖွင့်ဆိုသည်။ ဆရာကြီး ဦးဘရင်က တဘောင်ဟူသော စကားမှာ တံဘာသ မှ ပြောင်းလာခြင်း ဖြစ်သည်။ `တံ´ သည် ထို ဟူသော ညွှန်ကြားခြင်း နိဒဿန ဖြစ်သည်။ `ဘာသ´မှာ ပြောဆိုခြင်း ဖြစ်သည်။ ထိုသို့သော နောင်အခါ၌ မည်သို့မည်ပုံဖြစ်မည်ကို ကြိုတင်ပြောဆိုထားခြင်းဟု အဓိပ္ပါယ် ဖွင့်ပါသည်။

တဘောင်နှင့် စနည်း မတူပေ၊ ဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ က တဘောင်နှင့် စနည်း ဤသို့ခွဲခြားပြသည်။

တဘောင်ဟူသည် ကြားရသော အသံဖြစ်၏။ သဘင်သည်၊ သူရူး၊ ကလေးသူငယ်တို့၏ နှုတ်ဖျားမှ သီဆိုအော်ဟစ်ကြသော အသံသည် တမင်နားမထောင်ရဘဲ ကြားရသောအသံ ဖြစ်၍ တဘောင်ဟု ခေါ်၏။ (ဥပမာ= ၂၀၀၈-ခုနှစ်၊ဧပြီလ သင်္ကြန်တွင် စိုင်းစိုင်းခမ်းလှိုင်၏ `အိုးကလေး လှုပ်ပါဟေ့၊ အိုးကလေး လှုပ်ပါဟေ့၊´ဟု ကလေးသူငယ်များ ပါးစပ်ဖျားတွင် ရေပန်းစားခဲ့ကာ မကြာခင် နာဂစ်မုန်တိုင်းကြောင့် အိုးအိမ်စည်းစိမ်တွေသာမက အသက်တွေပါ ဆုံးရှုံးသွားကြရသည်ဟု လူတို့ပြောကြသည်။ စာရေးသူ=)

တမင်ချောင်း၍ နားထောင်မှ ကြားသိရသောအသံကိုကား စနည်းဟု ခေါ်ဆိုသည်။ [၁]


မြန်မာတို့ယုံကြည်မှုအရ တဘောင်ဆိုသည်မှာ ပညာရှိ၊ ဗေဒင်ကျမ်းဂန်တတ်တို့က အနာဂတ်တွင် ဖြစ်ဖွယ်ရှိသည့် အကြောင်းတရားတို့ကို တွက်ချက်ကာ အပြောအဆိုရလွယ်စေရန် ရေးသားစီရင်ထားသော ကဗျာ(သို့) လင်္ကာ ဟုသတ်မှတ်နိုင်သည်။ သဘောင်နှင့် သိုက်စာမှာ သဘောချင်းအားဖြင့် တူညီသည်ဟု ဆိုနိုင်သည်။ သို့သော် သိုက်စာမှာ အချိန်အားဖြင့် ပိုမိုသောသဘောတွင်ရှိပြီး စာကိုယ်အားဖြင့်လည်း ပိုရှည်တတ်ပေသည်။

ဗိုလ်ချုပ်အောင်ဆန်းခေတ်က တဘောင်[ပြင်ဆင်ရန်]

အင်းကို ဟင်္သာ ဆင်းလတံ့
ဟင်္သာကို လေးနှင့်ခွင်းလတံ့
ရှောတိုးကို မိုးကြိုးပစ်လတံ့

ကုန်းဘောင် တဘောင်[ပြင်ဆင်ရန်]

အင်းကို ဟင်္သာဆင်းမယ်
ဆင်းမဲ့ဟင်္သာ မုဆိုးလေးနဲ့ပစ်မယ်
ပစ်မဲ့မုဆိုး ထီးရိုးရိုက်မယ်
ထီးရိုးကို မိုးကြိုးပစ်မယ်။

သီပေါ တဘောင်[ပြင်ဆင်ရန်]

တုံးအောက်က တီတွန်
လူလွန်မသား
မုန့်ဆီကြော် အလယ်အက်တယ်
ထီးဖျက်မဲ့သား။

ဘိုးတော်ဘုရားလက်ထက် အယူတော်မင်္ဂလာဦးနိုးရေးသားခဲ့သည့် နှောင်း တဘောင်[ပြင်ဆင်ရန်]

တမင်းစံခဝါချ၊ နာကြတဲ့သူတွေ၊
တိုးလို့သာကြေ၊ အသိတွေရာသီပြောင်း၊
သာသနာမောင်းရှေ့ကဆော်၊
ဒေါင်းအော်လို့လိမ်ပြေး၊
နေထွက်လျှင် အမှောင်ကျမယ်၊
သန်းခေါင်ည လကွယ်တဲ့ဆို၊
ခြင်္သေ့မင်းတန်းခိုးကြွယ်၊
တိုးလို့ကွယ် ပူရလေနိုး၊
ဂူအောင်းမဲ့ ရှင်ကြီးပျော်လို့ရယ်၊
သမီးတော်ကို လွှတ်လိုက်ပါတော့
ဇာနည်ကြက်မသူတွန်လျှင်
ဇမ္ဗူတခွင် လင်းလို့မဆုံး။

မြန်မာသက္ကရာဇ် ၁၂၅၆ ခုနှစ် (ခရစ်နှစ် ၁၈၉၆)၊ ယောအတွင်းဝန် ဦးဘိုးလှိုင်ရေးသားခဲ့သော အတိတ်တဘောင်[ပြင်ဆင်ရန်]

သာသနာဘဝဂ်ခရီးမှာတော့ဖြင့်၊ ကနက်ထီးတွေနဲ့
ဖျက်ဆီးဖို့ခရီးကြုံ၊ ရွှေပေးမယ်၊ မယ်မယုံ။ ငွေပေးမယ်၊ မယ်မယုံ၊
နယ်အကုန်ဖျက်မဲ့အရေး၊ အသိဉာဏ်နဲ့တွေး။ ။
အတိတ်ရယ်ဆောင်၊ နိမိတ်အရောင်လှုပ်ရှား။
တံတားတွေတွင်တွင်ဆောက်ပါလို့၊ ဘုရားရင်မောက်လိမ့်၊
ဘုရားတွေရင်မောက်ရင်ဖြင့်၊ အခြားပြည်ဝင်နှောက်ပါလိမ့်။
.. အခြားပြည်ဝင်နှောက်ရင်ဖြင့်၊ ပြည်တော်ပြန်
.. မယ်ထွေးကို နန်းအပ်မှအေး။ ။
တန်ကူကုန်၊ ကဆုန်ဆန်းရင်ဖြင့်၊ ပျိုနုကြမ်းရယ်က
ဟန်တော့မယ်၊ အသွင်နယ်(နှိက်)ဆော်ဩ။
ထုံးအိုးတွေရေမှာမျော၊ ဒင်းတောက်လျှောက်လျော။ ။

ကိုးကား[ပြင်ဆင်ရန်]

  1. ဦးအေးချို(မဟာဝိဇ္ဇာ)၏ မြန်မာ့စကား