စနည်း

ဝီကီပီးဒီးယား မှ

ရှေ့ပြေးနိမိတ်အနေဖြင့် အော်သောအသံ၊ မြည်သောအသံ၊ ပြောဆိုသောအသံ ဟုဖော်ပြပြီး ဟံသာဝတီ ဦးဘရင်က ယင်းစကားမှာ မြန်မာပါဠိ မိဿကစကား ဖြစ်သည်။ စံဟူသည် ပုံစံပင် ဖြစ်၍ နည်းမှာ နယဟူသော ပါဠိဖြစ်သည်။ မည်သို့မည်ပုံဖြစ်မည်၊ လိုက်နာရမည်တို့ကို ပြဆိုခြင်းပင် ဖြစ်သည်။ ဖြစ်လာမည့်အဖြစ်ကို စံယူရန် ပြခြင်းကို ဆိုလို၏ဟု အဓိပ္ပာယ် ဖွင့်ဆိုသည်။

အသံ(သို့မဟုတ်) စကားဖြင့် အမှတ်အသားပြုခြင်းများမှာ တဘောင်နှင့် စနည်း နှစ်ခုဖြစ်သည်။ `စနည်းကိုတောင်၊ တဘောင်ကိုမြောက်၊ ယူကောက်နှိုင်းညှိ၊ ဆိုရိုးရှိရှင့်´ဟူသော `မဃဒေဝလင်္ကာသစ်´တွင် စပ်ဆိုချက်အရ မိမိနေသောအရပ်၏ တောင်ဘက်မှ ကြားရသောအသံသည် စနည်းဖြစ်၍၊ မြောက်ဘက်မှကြားရသော အသံသည် တဘောင်ဖြစ်ကြောင်းလည်း မှတ်သားရသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဦးအေးချို(မဟာဝိဇ္ဇာ)၏ မြန်မာ့စကား