အနောက်တောင်တိုင်းစစ်ဌာနချုပ်
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ (စက်တင်ဘာ ၂၀၂၁) |
အနောက်တောင်တိုင်းစစ်ဌာနချုပ် | |
---|---|
နတခ | |
အနောက်တောင်တိုင်းစစ်ဌာနချုပ်တံဆိပ် | |
နိုင်ငံ | မြန်မာ |
တပ်မတော် အမျိုးအစား | တပ်မတော် (ကြည်း) |
တပ် အမျိုးအစား | တိုင်းစစ်ဌာနချုပ် |
အခန်းကဏ္ဍ | နယ်မြေဒေသ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေး၊ နယ်မြေအတွင်းရှိ တပ်အားလုံး၏ ဦး/ရေး/ထောက်ဆိုင်ရာကိစ္စရပ်များ စီမံပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း |
အမည်ပြောင် | ဒီရေလှိုင်း |
အုပ်ချုပ်သူများ | |
တိုင်းမှူး | ဗိုလ်မှူးချုပ် စိုးကျော်ထက် |
ဒုတိယတိုင်းမှူး | ဗိုလ်မှူးကြီး ရဲလင်းအောင် |
အဆောင်အယောင်များ | |
အလံတော် |
အနောက်တောင်တိုင်းစစ်ဌာနချုပ် (အတိုကောက် နတခ) သည် ပုသိမ်မြို့တွင် အခြေစိုက်သော တိုင်းစစ်ဌာနချုပ် တစ်ခုဖြစ်သည်။ အဓိက တာဝန်မှာ ဧရာဝတီတိုင်းဒေသကြီးနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံတပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။ လက်ရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ် စိုးကျော်ထက် ဖြစ်သည်။[၁][၂]
သမိုင်း
[ပြင်ဆင်ရန်]ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
အနောက်တောင်တိုင်းစစ်ဌာနချုပ် လက်အောက်တွင် စစ်ဗျူဟာမှူး(၃)ဦး ဦးစီးသည့် စစ်ဗျူဟာအဖွဲ့ (၃)ဖွဲ့နှင့် ၎င်း စဗဟများ ကွပ်ကဲအောက်ရှိ ခြေလျင်/ခြေမြန်တပ်ရင်း (၁၀)ရင်းရှိသည်။
အမှတ်(၁)စစ်ဗျူဟာအဖွဲ့
[ပြင်ဆင်ရန်]အမှတ်(၁)စစ်ဗျူဟာအဖွဲ့ အား အမှတ်(၁)စစ်ဗျူဟာမှူးမှ ဦးစီးပြီး ၎င်း၏ လက်အောက်တွင် ခြေလျင်/ ခြေမြန်တပ်ရင်း (၄)ရင်းရှိသည်။
- ခလရ / ခမရ - (၄)ရင်း
အမှတ်(၂)စစ်ဗျူဟာအဖွဲ့
[ပြင်ဆင်ရန်]အမှတ်(၂)စစ်ဗျူဟာအဖွဲ့ အား အမှတ်(၂)စစ်ဗျူဟာမှူးမှ ဦးစီးပြီး ၎င်း၏ လက်အောက်တွင် ခြေလျင်/ ခြေမြန်တပ်ရင်း (၃)ရင်းရှိသည်။
- ခလရ/ ခမရ - (၃)ရင်း
အမှတ်(၃)စစ်ဗျူဟာအဖွဲ့
[ပြင်ဆင်ရန်]အမှတ်(၃)စစ်ဗျူဟာအဖွဲ့ အား အမှတ်(၃)စစ်ဗျူဟာမှူးမှ ဦးစီးပြီး ၎င်း၏ လက်အောက်တွင် ခြေလျင်/ ခြေမြန်တပ်ရင်း (၃)ရင်းရှိသည်။
- ခလရ/ ခမရ - (၃)ရင်း
အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူများ
[ပြင်ဆင်ရန်]- ဗိုလ်မှူးကြီး ကြည်မောင် (ကြည်း - ၃၅၁၆) (၁၁-၁၀-၁၉၆၁ မှ ၁၄-၂-၁၉၆၃)
- ဗိုလ်မှူးကြီး တင်ဦး (ကြည်း - ၃၆၅၁) (၁၄-၂-၁၉၆၃ မှ ၁၉-၉-၁၉၆၄)
- ဗိုလ်မှူးကြီး စံကြည် (ကြည်း - ၃၆၂၇) (၁၉-၉-၁၉၆၄ မှ )
- ဗိုလ်မှူးကြီး သန်းတင် (ကြည်း - ၅၆၀၃) (ဗသက - ၂)
- ဗိုလ်မှူးကြီး မျိုးအောင် (ကြည်း - ၅၅၈၁)
- ဗိုလ်မှူးကြီး ထွန်းကြည် (ကြည်း - ၆၂၇၈) (ဗသက - )(၂၄-၉-၁၉၇၆ မှ ၈-၇-၁၉၇၈)
- ဗိုလ်မှူးကြီး သန်းညွှန့် (ကြည်း - ၆၃၅၆) (၈-၇-၁၉၇၈ မှ ၄-၅-၁၉၇၉)
- ဗိုလ်မှူးချုပ် စောမောင် (ကြည်း - ၆၁၈၇) (ဗသက - ၆) (၄-၅-၁၉၇၉ မှ ၂၄-၈-၁၉၈၁)
- ဗိုလ်မှူးချုပ် မြင့်လွင် (ကြည်း - ၆၆၀၈) (၂၄-၈-၁၉၈၁ မှ ၇-၈-၁၉၈၃)
- ဗိုလ်မှူးချုပ် သန်းရွှေ (ကြည်း - ၆၇၁၀) (ဗသက - ၉) (၇-၈-၁၉၈၃ မှ ၄-၁၁-၁၉၈၅)
- ဗိုလ်ချုပ် မြင့်အောင် (ကြည်း - ၆၉၁၇) (ဗသက - ၁၂) (၄-၁၁-၁၉၈၅ မှ )
- ဗိုလ်ချုပ် ညွှန့်တင်
- ဗိုလ်ချုပ် ရွှေမန်း (ကြည်း - ၁၁၅၃၄) (စတသ - ၁၁)
- ဗိုလ်ချုပ် ဌေးဦး (ကြည်း - ) (ဗသက - ၄၃)
- ဗိုလ်ချုပ် ကျော်ဆွေ (ကြည်း - ၁၆၄၉၃) (စတသ - ၂၂)
- ဗိုလ်ချုပ် တင်မောင်ဝင်း[၃] (ကြည်း - ၁၇၆၀၆) (ဗသက - ၆၄) (ယခု− ဧရာ၀တီတိုင်းဒေသကြီး ဝန်ကြီးချုပ်)
- ဗိုလ်ချုပ် စိုးသိန်း
- ဗိုလ်ချုပ် လူအေး (ကြည်း - ၁၈၈၂၀) (စတသ - ၂၆)
- ဗိုလ်ချုပ် တေဇကျော် (ကြည်း - ၂၀၂၇၈) (စတသ - ၂၈) (ယခု- ဒုတိယဗိုလ်ချုပ်ကြီး၊ အမှတ်−၆ စစ်ဆင်ရေးအထူးအဖွဲ့မှူး)
- ဗိုလ်ချုပ် ရဲဝင်းဦး (ကြည်း - ၂၁၄၄၀) (ဗသက - ၇၇) (ယခု- ဒုတိယဗိုလ်ချုပ်ကြီး၊ နစကတွဲဖက်အတွင်းရေးမှူးနှင့် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်)
- ဗိုလ်ချုပ်ညွှန့်ဝင်းဆွေ[၄] (ကြည်း - ၂၅၉၈၂) (စတသ - ၃၆) (ယခု- ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး)
- ဗိုလ်ချုပ်အောင်အောင် (ကြည်း - ၂၅၉၆၀) (စတသ - ၃၆) (နောင် ဒုတိယဗိုလ်ချုပ်ကြီး၊ ယခု - ရှမ်းပြည်နယ်ဝန်ကြီးချုပ်)
- ဗိုလ်မှူးချုပ်ကြည်ခိုင် (ကြည်း - ၂၇၁၄၀) (စတသ - ၃၇) (ယခင်− တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီး)
- ဗိုလ်ချုပ် ဝေလင်း [၅] (ကြည်း - ၂၉၃၆၉) (စတသ - ၃၉) (ယခင် စစ်ဦးစီးဗိုလ်မှူးချုပ်၊ ယခင် အမှတ်(၆)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး)
- ဗိုလ်မှူးချုပ် စိုးကျော်ထက် (ယခင် တပ်ထိန်းချုပ်)[၆]
ကိုးကား
[ပြင်ဆင်ရန်]- ↑ "နေပြည်တော် စစ်တိုင်းမှူး အပြောင်းအလဲ ဖြစ်"။
- ↑ "၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး ကျောင်းအပ်နှံရေးနေ့ အခမ်းအနားနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ခဲတံ၊ ဘောပင်၊ COVID-19 အထောက်အကူပြုပစ္စည်းများ ပေးအပ်ပွဲပြုလုပ်"။
- ↑ မြန်မာ့အလင်းသတင်းစာ (၉.၂.၂၀၁၁)။
- ↑ အနောက်တောင်တိုင်းစစ်ဌာနချုပ်က COVID-19 ကာကွယ်ရေးပစ္စည်းများ လှူဒါန်း။ DVB (၂၀ ဧပြီ ၂၀၂၀)။ ၃ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် မြောင်းမြမြို့၌ ကျင်းပသည့် ကရင်တိုင်းရင်းသားရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားတက်ရောက်။ MOI Myanmar (၂၈ ဩဂုတ် ၂၀၂၃)။ ၃ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ညှိကွပ်အပါအဝင် စစ်ဗိုလ်ချုပ်တချို့ အပြောင်းအလဲဖြစ်။ BBC Burmese (၁၈ ဒီဇင်ဘာ ၂၀၂၄)။ ၁၈ ဒီဇင်ဘာ ၂၀၂၄ တွင် ပြန်စစ်ပြီး။