မှူးသမိန်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မှူးသမိန် (၁၉၂၂ - ) သည် လွတ်လပ်ရေး မော်ကွန်းဝင် အငြိမ်းစား ဗိုလ်မှူးကြီး နှင့် အငြိမ်းစား ဝန်ကြီး ဖြစ်သည့်အပြင်၊ စာရေးဆရာ တစ်ဦး လည်း ဖြစ်သည်။

သီရိပျံချီ
သရေစည်သူ

မှူးသမိန်
ဇာတိ အမည်မောင်အောင်ကြည်
မွေးဖွား၁၉၂၂ - ခုနှစ်၊ ဒီဇင်ဘာလ(၁၅)
စစ်ကိုင်းမြို့၊ ဗြိတိသျှဘားမား
အခြား အမည်များမောင်စောမြင့်
အလုပ်အကိုင်စစ်မှုထမ်း၊ နိုင်ငံ့ဝန်ထမ်း၊ စာရေးဆရာ၊ အယ်ဒီတာ
ကျော်ကြားမှုအရင်းခံပြန်ကြားရေးဝန်ကြီး
ဘွဲ့သီရိပျံချီဘွဲ့
သရေစည်သူဘွဲ့
ယူဂိုဆလပ် တံခွန်ဘွဲ့
လွတ်လပ်ရေးမော်ကွန်းဝင် (ပထမဆင့်)
နိုင်ငံဂုဏ်ရည် (ပထမအဆင့်)
မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့
အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ
မိဘ(များ)ဦးသာဝင်း၊ ဒေါ်ဒေါ်မှီ

ငယ်စဉ်ဘဝ[ပြင်ဆင်ရန်]

၁၉၂၂ - ခုနှစ်၊ ဒီဇင်ဘာလ(၁၅)ရက်နေ့တွင် စစ်ကိုင်းမြို့(ဗညားရပ်) ၌ အဖ-(မွန်အမတ်ကြီး ဗညားကျန်းတော၏ အဆက်အနွယ်) တိုက်သူကြီး ဦးသာဝင်း၊ အမိ ဒေါ်ဒေါ်မှီ တို့က ဖွားမြင်သည်။ အမည်ရင်းမှာ မောင်အောင်ကြည် ဖြစ်သည်။ တပ်မတော်သို့ ဝင်ရောက်သောအခါ မောင်စောမြင့် အမည်သို့ ပြောင်းလဲ။ ငယ်စဉ်က စစ်ကိုင်းမြို့ ဆရာစိုးကျောင်း၊ ဘီဘီအမ်ကျောင်းတို့တွင် ပညာသင်ကြားခဲ့သည်။

၁၉၃၁ - ၄၁ - စစ်ကိုင်းမြို့ အစိုးရအထက်တန်းကျောင်းတွင် ပညာသင်ခဲ့။

လွတ်လပ်ရေးကြိုးပမ်းမှု[ပြင်ဆင်ရန်]

နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှု[ပြင်ဆင်ရန်]

၁၉၃၈ - ကျောင်းသားဘဝ-ရာပြည့်နှစ်အရေးတော်ပုံ၊ ကျောင်းသားအရေးတော်ပုံများတွင် ပါဝင်ခဲ့။

၁၉၃၉ - ၄၀ - စစ်ကိုင်းကျောင်းသား သမဂ္ဂဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ရန်ကုန်တက္ကသိုလ်သမဂ္ဂ၌ ကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂညီလာခံ၏ ဆုံးဖြတ်ချက်အတိုင်း ကျောင်းသားသံမဏိတပ်ဗိုလ် အဖြစ် အရွေးချယ်ခံခဲ့။ စစ်ကိုင်းတွင် သံမဏိတပ် ကို ထူထောင်ခဲ့။

၁၉၄၁ - စစ်ကြိုခေတ်-အင်္ဂလိပ် မြန်မာ(၁၀)တန်းအောင်ခဲ့ပြီး တက္ကသိုလ်ပညာ တစ်ပိုင်းတစ်စဖြင့် ကျောင်းထွက်ကာ မီးရထားဌာန၊ စစ်ကိုင်းတံတား၌ ဂိတ်အခွန်ကောက်စာရေးအဖြစ် အလုပ်ဝင်။ စစ်ကိုင်း မြေအောက်တော်လှန်ရေးဝင်အဖြစ် ဆောင်ရွက်ခဲ့။

ဘီအိုင်အေသို့ ဝင်ရောက်ခြင်း[ပြင်ဆင်ရန်]

၁၉၄၂ - ၄၅ - မင်္ဂလာဒုံ၊ ဂျပန်စစ်ဖက်-ပထမအပတ် ဗိုလ်သင်တန်းတက်ခဲ့ပြီး၊ ဂျပန်ပြည် ပထမအပတ် စစ် ပညာတော်သင် အရွေးခံရသည်။

၁၉၄၃ - ၄၅ - ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ ဧကရာဇ် ဘုရင်မင်းမြတ်၏ စစ်တက္ကသိုလ် အပတ်စဉ်(၅၇)သို့ တက်ရောက် အောင်မြင်ခဲ့ပြီး ဒု-ဗိုလ်ဖြစ်ခဲ့။

၁၉၄၅ - ဒီဇင်ဘာ(၁၅) ရက်ကစ၍ ကန္နီစာချုပ်အရ ဗြိတိသျှတို့က အသစ်ပြန်ဖွဲ့သည့် တပ်မတော်တွင် ဒုတိယဗိုလ်အဖြစ် တာဝန်ထမ်း။

၁၉၄၆ − ဗမာ့တပ်မတော်တွင် ဗိုလ်ကြီ:အဆင့်သို့ တိုးမြှင့်ခန့်အပ်ခံရ။

၁၉၄၇ − စက်တင်ဘာ (၁) ရက်တွင် ဗိုလ်မှူး၊ ဒီဇင်ဘာ (၁) ရက်တွင် ဒုတပ်ရင်းမှူး၊ ဗိုလ်မှူးအဆင့်သို့ ထပ်မံတိုးမြှင့်ပေးခြင်း ခံရ။

လွတ်လပ်ရေး ရပြီးခေတ် ကြိုးပမ်းမှု(၁၉၄၈- )[ပြင်ဆင်ရန်]

၁၉၄၉ − တပ်ရင်းမှူး ဒု−ဗိုလ်မှူးကြီးအဆင့်ကို ရရှိ။

၁၉၅၁ − တပ်မဟာ (၂) တပ်မင်း ဗိုလ်မှူးကြီးအဖြစ် တာဝန်ထမ်းစဉ် တောင်ငူနယ်မြေအား သောင်းကျန်းမှု ငြိမ်းအေးအောင် ဆောင်ရွက်နိုင်ရုံသာမက ရန်သူ့လက်သို့ ကျရောက်နေသည့် ဗိုလ်မှူးကြီ: မောင်မောင် နှင့် အရာရှိ (၆) ဦးကိုလည်း ကယ်ဆယ်နိုင်ခဲ့။

၁၉၅၁ − U.K နိုင်ငံ အထက်တန်းအရာရှိကျောင်းS.O.S သို့ တက်ရောက်ခဲ့။ ယူဂိုဆလပ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်။

၁၉၅၂ − KNDO လက်နက်ကိုင်များထံမှ အဖမ်းဆီးခံ အရာရှိများအား ကယ်တင်နိုင်ခဲ့သဖြင့် "စည်သူ" တံဆိပ် ချီးမြှင့်ခံရ။

၁၉၅၂ − မေလ (၂၆) ရက်တွင် ဗိုလ်မှူးကြီးအဆင့်သို့ ခန့်အပ်ခံရ။

၁၉၅၄ − တပ်မဟာ (၄) ကို ကွပ်ကဲကာ ဘုရင့်နောင် စစ်ဆင်ရေး၊ ယုဇန စစ်ဆင်ရေးတို့ဖြင့် တရုတ်ဖြူကျူးကျော်မှုကို တိုက်ထုတ်ခဲ့။

၁၉၅၄ − ၅၆ − နယ်မြေသတ်မှတ်နိုင်ရန် တရုတ်−မြန်မာ နယ်ခြားစစ်တံခွန် ချီတက်ခဲ့ရာ ယိမ်းနွဲ့ပါး စစ်တံခွန် အမည်ဖြင့် မိုင်တစ်ထောင်ကျော်အား အသေးစိတ်မှတ်တမ်းတင်နိုင်ခဲ့ပြီး အတွဲ (၂) တွဲဖြင့် နိုင်ငံတော်သို့ တင်ပြခဲ့။

၁၉၅၅ − ဇန်နဝါရီ (၄) ရက်တွင် "သီရိပျံချီ" ဘွဲ့ ချီးမြင့်ခံရ။ တရုတ်နိုင်ငံသို့ စစ်နယ်နိမိတ်မစ်ရှင်လေ့လာရေးအဖွဲ့နှင့် လိုက်ပါခွင့်ရ။

၁၉၅၇ - ကိုကျောက်လုံးသိတဲ့ ဒီမိုကရေစီတော်လှန်ရေး ဆောင်းပါးကို ဗိုလ်မှူးသမိန် အမည်ဖြင့် မြဝတီမဂ္ဂဇင်း အတွဲ ၁၊ အမှတ် ၁ (နိုဝင်ဘာလ ၁၉၅၂) တွင် ဖော်ပြခြင်းခံခဲ့ရာမှ စာပေနယ်သို့ ရောက်ရှိခဲ့။ ထိုအချိန်မှစ၍ မြဝတီ၊ ငွေတာရီ၊ သွေးသောက်၊ ပေဖူးလွှာ၊ စစ်ပြန် မဂ္ဂဇင်းများတွင် ဒေသန္တရ ခရီးသွားစာပေ၊ ယဉ်ကျေးမှုရေးရာ၊ တိုင်းရင်းသားနှင့်နယ်ခြားဒေသအကြောင်းများ၊ တပ်မတော်သားဘဝ အတွေ့အကြုံများကို ပုံမှန်ရေးသားခဲ့သည်။ စာနယ်ဇင်းများတွင် မှူးသမိန် အပြင် ယိမ်းနွဲ့ပါး ကလောင်အမည်ဖြင့်လည်း ဆောင်းပါးများ ရေးခဲ့။ လုံးချင်းစာအုပ်အချို့လည်း ထုတ်ဝေခဲ့သည်။

၁၉၆၀ − ဝန်ကြီ:ချုပ်ရုံးသို့ ပြောင်းရွေ့ကာ နယ်ခြားအုပ်ချုပ်ရေး အရာရှိချုပ် တာဝန်အား ထမ်းဆောင်။

၁၉၆၁ − တရုတ်−မြန်မာ နယ်ခြားကျောက်တိုင် စိုက်ထူနိုင်ရန် ဘဘ စစ်ဆင်ရေး ဦးစီးချုပ်အဖြစ် ဆောင်ရွက်ကာ နယ်နိမိတ်ကျောက်တိုင်ပေါင်း (၄၀၂) တိုင် စိုက်ထူနိုင်ခဲ့။

၁၉၆၂ − ၈၄ − ဇန်နဝါရီ (၄) ရက်တွင် "သရေစည်သူ" ဘွဲ့ ချီးမြှင့်ခံရ။ တော်လှန်ရေးကောင်စီဝင်၊ ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဌာန ဝန်ကြီ:၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီ:ဌာန ဝန်ကြီး၊ လမ်းစဉ်ပါတီ၏ ပထမဆုံး အထွေထွေအတွင်းရေးမှူး၊ ဗဟိုနိုင်ငံရေးသိပ္ပံ ကျောင်းအုပ်ကြီး စသည့်တာဝန်များ ထမ်းဆောင်။ ပြန်ကြားရေးဝန်ကြီးအဖြစ် လုပ်သားနေ့စဉ် အင်္ဂလိပ်မြန်မာ သတင်းစာနှစ်စောင်ကို တာဝန်ယူထုတ်ဝေခဲ့။ သတင်းစာခေါင်းကြီးအာဘော် ဆောင်းပါးနှင့် အရေးကြီးသည့် သတင်းများရေးခဲ့။ ရှေ့သို့ ဂျာနယ်တွင်လည်း ဓာတ်ပုံဆောင်းပါးများ အပုဒ်(၅၀၀)ခန့်ရေးသားခဲ့။ ဟံသာဝတီ သတင်းစာနှင့် ဗိုလ်တစ်ထောင်သတင်းစာ တို့တွင်လည်း ပင်တိုင်ဆောင်းပါးများရေးခဲ့။

၁၉၆၃ − ဆိုဗီယက်နိုင်ငံ ပါတီအတွင်းရေးမှူး မစ္စတာ ခရူးရိုတ်၏ ဖိတ်ကြားချက်အရ ပါတီအတွင်းရေးမှူးအနေဖြင့် ချစ်ကြည်ရေးခရီး သွားရောက်။ ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အကြီးအကဲနှင့်အတူ အဖွဲ့ဝင်အဖြစ် ချစ်ကြည်ရေးခရီး သွားရောက်။

၁၉၆၉ − လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောရေးရာဝန်ကြီ:ဌာန၏ အထူးအရာရှိအဖြစ် တာဝန်ထမ်းဆောင်။

၁၉၇၀ - တော်လှန်ရေးခေတ်တောလား စာအုပ်ထွက်ခဲ့။

၁၉၇၅ - ကျွန်တော့်အမြင် စာအုပ်ထွက်ခဲ့။ နိုင်ငံတော်က ချီးမြှင့်သော "လွတ်လပ်ရေးမော်ကွန်းဝင် (ပထမဆင့်)" ရရှိခဲ့။ နိုင်ငံခြားဘွဲ့အနေဖြင့် မာရှယ်တီးတိုး ချီးမြှင့်သော ယူဂိုဆလပ် တံခွန်ဘွဲ့ကိုလည်း ရရှိခဲ့။

၁၉၈၄ - သက်ပြည့်အငြိမ်းစားယူ၍ မဟေသီမဂ္ဂဇင်းထုတ်ဝေသူနှင့် အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခဲ့။

၁၉၈၆ − "နိုင်ငံဂုဏ်ရည် (ပထမအဆင့်)" ချီးမြင့်ခံရ။

၁၉၉၈ − ရွှေရတု လွတ်လပ်ရေးနေ့တွင် "မဟာသဒ္ဓမ္မဇောတိကဓဇ" ဘွဲ့ ချီးမြှင့်ခံရ။

၂၀၀၂ − မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့မှ ကန်တော့ခံသက်ကြီးစာပေပညာရှင်အဖြစ် ဂုဏ်ပြုခြင်းခံရ။

၂၀၀၄ − ပြည်တွင်း ပြည်ပ သာသနာပြုလုပ်ငန်းများအား ကြိုးပမ်းဆောင်ရွက်ရာ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ဖြစ်သော "အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ" ဘွဲ့ကို ချီးမြှင့်ခံရ။

၂၀၀၅ − ကမ္ဘာ့သာသနာပြုလုပ်ငန်း နာယက၊ မဟာစည်သာသနာ့ရိပ်သာရှိ ဗုဒ္ဓသာသနာ့နုဂ္ဂဟအဖွဲ့ချုပ်၏ အမှုဆောင်၊ မဟာသန္တိသုခဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီ:၏ အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ စသောတာဝန်များ ထမ်းဆောင်။

၂၀၀၆ - ဘုံဘဝ ကြုံတွေ့ရဇာတ်လမ်းများစာအုပ်ထွက်။ (ယင်းစာအုပ်ဖြင့် ၂၀၀၆-ခုနှစ်အတွက် အမျိုးသား စာပေဆု နိုင်ငံရေးစာပေ)ရရှိခဲ့။

ယခုအခါ အမှတ်(၁၅) ဇီဇဝါလမ်း၊ ပါရမီရိပ်သာ၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်တိုင်းတွင် မိသားစုနှင့်အတူ နေထိုင်လျက်ရှိ။

ကလောင်ခွဲများ[ပြင်ဆင်ရန်]

  • ဗိုလ်မှူးစောမြင့်
  • မိုးမြင့်
  • မိုးမြင့်အောင်
  • ယိမ်းနွဲ့ပါး
  • အညာသားမောင်ပေသီး
  • ဦးစောမြင့်

ထင်ရှားသည့် စာအုပ်များ[ပြင်ဆင်ရန်]

  1. တော်လှန်ရေးခေတ်တောလား
  2. ကျွန်တော့်အမြင်
  3. ဘုံဘဝကြုံတွေ့ရဇာတ်လမ်းများ။

ကိုးကား[ပြင်ဆင်ရန်]

  • ကျော်ခိုင်ဝင်း၊ မောင်။ "ဆရာ ဗိုလ်မှူးသမိန် စာစုစာရင်း (၁၉၅၂−၇၄) ခုနှစ်"။ ရန်ကုန်၊ ရန်ကုန်စာကြည့်တိုက်နှင့် သုတပညာဌာန။ ၂၀၀၅။