ဗဒုံမင်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဘိုးတော်ဘုရား
ဗဒုံမင်း
Statute of king Bodawpaya.jpg
မန္တလေး နန်းတော်အတွင်းရှိ ရုပ်တု
မြန်မာဘုရင်
Prince of Badon[သံတူကြောင်းကွဲခွဲရန် လိုအပ်သည်]
နန်းသက်၁၇၈၂ခုနှစ် ဖေဖော်ဝါရီလ ၁၁ -၁၈၁၉ခုနှစ် ဇွန်လ ၅ [၁]
ရှေ့မင်းဆက်ဖောင်းကားစား မောင်မောင်
နောက်မင်းဆက်ဘကြီးတော်
မွေးဖွား(1745-03-11)၁၁ မတ်၊ ၁၇၄၅
မုဆိုးဖို
ကွယ်လွန်၅ ဇွန်၊ ၁၈၁၉(1819-06-05) (အသက် ၇၄)
အမရပူရ
ထာဝရ အိပ်စက်ရာ နေရာအမရပူရ
ကြင်ရာတော်သီရိပဝရ မဟာရာဇိန္ဒာ မင်္ဂလာရတနာဒေဝီ
မိဖုရား (၅၃) ပါး
သားသမီးများရွှေတောင်မင်း အပါအဝင် သားတော် (၆၁)ပါး ၊ သမီးတော် (၆၁)ပါး
စုစုပေါင်း (၁၂၂)ပါး
အမည် အပြည့်အစုံ
မောင်ဝိုင်း
စံအိမ်ကုန်းဘောင်
ခမည်းတော်အလောင်းဘုရား
မယ်တော်ခင်ယွန်းစံ
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

ဗဒုံမင်း (၁၇၄၅-၁၈၁၉) သည် ကုန်းဘောင်မင်းဆက်၏ စတုတ္ထမြောက်မင်း ဖြစ်သည်။ နန်းသက်ရှည်ပြီး တိမ်းပါးသော အိမ်ရှေ့စံ၏ သားတော်ကို နန်းအပ်သည်။ နောင်သော် ဘိုးတော်ဘုရားဟုလည်း လူသိများသည်။

မာတိကာ

ငယ်ဘဝ[ပြင်ဆင်ရန်]

အလောင်းမင်းတရားနှင့် မဟာမင်္ဂလာရတနာဓိပတိ သီရိရာဇာစန္ဒယဘွဲ့ခံ မိဖုရားခေါင်တို့မှ ၁၁၀၆ ခု၊ တန်ခူးလပြည့်ကျော် ၆ ရက် (ခရစ်နှစ် ၁၇၄၅ ခု၊ မတ်လ ၁၁ ရက်) တွင် မုဆိုးဖိုရွာ၌ မွေးသည်။ ခင်ယွန်းစံမှ ရသည့် စတုတ္ထမြောက်သား ဖြစ်သည်။ ငယ်မည်မှာ ရွှေဝိုင်း တွင်သည်။

အိမ်နိမ့်စံဘဝ[ပြင်ဆင်ရန်]

အသက် ၁၀ နှစ်တွင် သတိုးမင်းလှရွှေတောင်ဘွဲ့၊ အသက် ၁၆ နှစ်တွင် သတိုးမင်းစော၊ အသက် ၂၀ ပြည့်သော် သုဓမ္မရာဇာဘွဲ့တို့ ခံရသည်။ ခမည်းတော်နှင့် နောင်တော် ၂ ပါးတို့လက်ထက် မြဝတီမြို့၊ ဗဒုံမြို့တို့ကို စားရ၍ ဗဒုံမင်းသားဟု ထင်ရှားသည်။

မင်းဘဝ[ပြင်ဆင်ရန်]

၁၁၄၃ ခု၊ တပို့တွဲလပြည့်ကျော် ၁၄ ရက် (ခရစ် ၁၇၈၂ ခု၊ ဖေဖော်ဝါရီလ ၁၁ ရက်) တွင် မင်းအဖြစ် ရသည်။ ဗဒုံမင်းဟုပင် ခေါ်ကြသည်။

နန်းသစ်တည်ခြင်း[ပြင်ဆင်ရန်]

၁၁၄၄ ခု၊ တပို့တွဲလဆန်း ၇ ရက်တွင် မြစ်ငယ်မြောက်ဘက်၊ ထီးပေါင်းကားရပ်၌ အမရပူရ မြို့တည်ကာ နန်းသစ်စိုက်သည်။ အမရပူရ မြို့နန်းတည်မင်းဟု အမည်ရလာသည်။

၁၁၄၅ ခုတွင် သားတော်ကြီး သတိုးဓမ္မရာဇာ ရတနာရွှေတောင်မင်း (မောင်ပေါ်) ကို အိမ်ရှေ့အရာ နှင်းသည်။ ၁၁၄၆ ခု၊ တန်ဆောင်မုန်းလတွင် ရခိုင် (ဓညဝတီ) ကို သိမ်းရန် သားတော်ကို လွှတ်သည်။ အရေးအောင်၍ တပို့တွဲလပြည့်ကျော် ၇ ရက်တွင် ရခိုင်မှ ပြန်လာသည်။ ရခိုင်မှ မဟာမုနိ ရုပ်ပွါးတော်ကိုလည်း ပင့်လာသည်။ တောင်ကုပ်လမ်းမှ သယ်ကာ ပန်းတောင်းမှ အမရပူရသို့ ရွှေဖောင်နှင့် တင်သည်။ အမရပူရ မြို့မြောက်ဘက်၌ ပြဿာဒ်နှင့်ထား၍ ကိုးကွယ်သည်။

၁၁၇၀ ပြည့်တွင် ဥပရာဇာ လူပြည်ညီးသဖြင့် မြေးတော် စစ်ကိုင်းမင်းသားကို နန်းလျာသည်။

အင်္ဂလိပ်တို့နှင့် ဆက်ဆံရေး[ပြင်ဆင်ရန်]

တရုတ်တို့နှင့် ဆက်ဆံရေး[ပြင်ဆင်ရန်]

၁၁၄၉ ခု၊ တန်ခူးလပြည့်ကျော် ၁ ရက်တွင် တရုတ်မှ မဟာမိတ်ပြုလိုကြောင်း သံစေလာ၍ အေးဆော်ရဲကို သံကြီး၊ လက်ရွေးကြီးမှူး နေမျိုးရွှေတောင်၊ သီဟကျော်ခေါင်၊ ဝေလုသာရတို့ကို သံလတ်ခန့်၍ လူ ၃၀၀ ကျော်တို့နှင့်အတူ လက်ဆောင်များထည့်၍ လွှတ်သည်။

၁၁၅၁ ခု၊ ကဆုန်လတွင် တရုတ်ဥတည်မင်းက သကျမုနိ ရုပ်ပွါးတော်၊ စွယ်တော်ပွါးတို့ ပို့သည်။ မြစ်ညာရှိ အုန်းတစဉ်အထိ ကိုယ်တိုင်သွားကြိုကာ ရတနာပန်းတောင်းနှင့် ခံ၍ ဘုံကိုးဆင့်ပါ ရန်နိုင်လှော်ကားထက် ပင့်ယူသည်။ တန်ဆောင်မုန်းလရောက်သော် လက်ဆောင်တို့နှင့်အတူ သမီး ၃ ပါး ပို့လိုက်ရာ သမီးကြီး တာကူငြင်ကို သီရိမဟာဂန္ဓရဒေဝီ၊ သမီးလတ် ဧကူငြင်ကို သီရိမဟာပဉ္စာလဒေဝီ၊ သမီးငယ် သံကူငြင်ကို သီရိမဟာဂန္ဓာရဒေဝီ ဘွဲ့နှင်း၍ မိဖုရားအရာ ထားသည်။

ယိုးယားတို့နှင့် ဆက်ဆံရေး[ပြင်ဆင်ရန်]

၁၁၄၇ ခုတွင် ကိုယ်တိုင်ဦးစီး၍ တကြိမ်၊ ၁၁၄၈ ခုတွင် မင်းကြီး နန္ဒကျော်ထင်အား ဦးစီးစေ၍ တကြိမ်၊ ၁၁၅၃-၅၄ ခုတို့တွင် ဥပရာဇာ ရတနာရွှေတောင်မင်း ဦးစီး၍ တကြိမ် ယိုးဒယားအား လုပ်ကြံသည်။ အရေးမသာခဲ့။

ထင်ရှားသော လုပ်ဆောင်ချက်များ[ပြင်ဆင်ရန်]

၁၁၄၃ ခုတွင် အင်္ဂလန်ပြည်မှ သွင်းသော ဒင်္ဂါးစက်ဖြင့် အမရပူရ၌ ငွေဒင်္ဂါး၊ ကြေးဒင်္ဂါးများ စသွန်းသည်။

အောင်ပင်လယ်ကန်နှင့် နန္ဒာကန် (မောင်းမကန်ဟုလည်း ခေါ်) တို့ကို ဖော်သည်။ ၁၁၅၈ ခုတွင် မိတ္ထီလာကန်ကိုလည်း ဆည်ဖို့သည်။

နိုင်ငံတလွှားရှိ မင်းစိုက်ကျောက်စာတို့ကို အသစ်ပြင်စေသည်။ ဤသို့ဖြင့် မင်းပိုင်မြေ၊ သံဃာ့မြေ၊ ဘုရားမြေ ကွဲပြားသွားသည်။ အကြီးတော် တွင်းသင်းတိုက်ဝန် မဟာစည်သူ (ဦးထွန်းညို) ကို ကျောက်စာဝန် ခန့်သည်။ တွင်းသင်းမင်းကြီးလည်း ထိုကျောက်စာတို့ဖြင့် ညှိကာ ညောင်ရမ်းခေတ်က ဦးကုလားရေးသော မဟာရာဇဝင်ကို ပြင်ဆင်သော ရာဇဝင်သစ်ကို ရေးသည်။ တွင်းသင်းရာဇဝင်ဟု ထင်ရှားသည်။

၁၁၄၅ ခုတွင် သာလွန်မင်းလက်ထက်ကသို့ပင် စစ်တမ်းကောက်ကာ အစုအသား ခြားနားစေပြီး အိမ်ခြေ ၂၅ ခုလျှင် တဒိုင်၊ စည်းကြပ်ကာ ဒိုင်ထမ်း ဖွဲ့သည်။ ထိုစာရင်းကို ပေတင်၍ ရွှေတိုက်တော်၌ သွင်းသည်။

မိသားစုဘဝ[ပြင်ဆင်ရန်]

ဘုန်းနယ် (ရေစကြို)။ "မြန်မာနိုင်ငံ သာသနာ့မိခင်ကြီးများ"။

မိသားစုဘဝ[ပြင်ဆင်ရန်]

မိဖုရား ကိုယ်လုပ် များစွာရှိပြီး စာရင်းပေါက်သားသမီး ၁၂၉ ယောက် ရှိသည်။

နန်းရမိဖုရားများ[ပြင်ဆင်ရန်]

တောင်နန်းမိဖုရား[ပြင်ဆင်ရန်]

မဟာအတုလဒေဝီ (ဒေါ်အိ) နှင့် အင်းဝဗိုလ်မှူး မင်းရဲကျော်ထင် (ဦးညွန့်) တို့မှ မွေးသည့်သမီး (မယ်လွန်းမယ်) သီရိပဝရရတနာမင်္ဂလာဒေဝီ၊ နောက် သီရပဝရမဟာရာဇိန္ဒာမင်္ဂလာရတနာဒေဝီနှင့် ပေါင်းသင်းရာ အောက်ပါသမီးများ ရသည် -

  • ကန္နီမင်းသမီး (အမိကြီး) သီရိမဟာရတနာဒေဝီ
  • တောင်တွင်းကြီးမင်းသမီး (မကေ) သီရိမဟာတိလောကရတနာဒေဝီ၊ နောက် သီရိတိလောက မဟာဘတ္တာသုရတနာဒေဝီ
  • မြေဒူးမင်းသမီး မအုန်း

မြောက်နန်းမိဖုရား[ပြင်ဆင်ရန်]

သပွတ်ကြေးတိုင် ဦးမြတ်ထွန်းနှင့် လွှဲပါရွာသူ ရှင်ဖရုံတို့မှ မွေးသည့်သမီး (မယ်လွန်းသူ) သီရိမဟာစန္ဒာဒေဝီ၊ နောက် သီရိမဟာစန္ဒာဘိရတနာဒေဝီနှင့် ပေါင်းသင်းရာ အောက်ပါသားသမီးများ ရသည် -

  • ရွှေတောင်မင်းသား (မောင်ပေါ်)
  • ပြည်မင်းသား (မောင်ရွှေမှုံ)

ဒုတိယ မြောက်နန်းမိဖုရား[ပြင်ဆင်ရန်]

ရွှေဘိုမြို့ ဆီးတောရွာမှ ဦးမိုး၏ သမီး ကျောက်မော် ကျောက်ပန်းတောင်းမြို့စား မိဖုရားနှင့် ပေါင်းသင်းရာ အောက်ပါသားသမီးများ ရသည် -

  • (မြစ်သား စကုမြို့စား) ကျောက်မော်မင်းသမီး ရွှေနန်းမြင့်
  • မက္ခရာမင်းသား မောင်ပျိုး
  • လှိုင်မင်းသား (မောင်ရိုး) သီရိဓမ္မရာဇာ

အလယ်နန်းမိဖုရား[ပြင်ဆင်ရန်]

ဟံသာဝတီရောက်မင်းလက်ထက် လုံးပေါ မြင်းစာရေး ဦးစံထွန်း (ဗဒုံမင်းလက်ထက် ကျီဝန် ဖြစ်လာ) ၏ သမီး (မယ်လွန်းပု) သီရိမဟာနန္ဒာဒေဝီ၊ နောက် သီရိမဟာနန္ဒာဘိရတနာဒေဝီနှင့် ပေါင်းသင်းရာ အောက်ပါသားသမီးများ ရသည် -

  • ဟင်္သာတမင်းသမီး (မမင်းတုတ်) သီရိမဟာရတနာပဘာဒေဝီ
  • သား ငယ်ကလွန်
  • သမီး ငယ်ကလွန်
  • ပုသိမ်မင်းသား သုဓမ္မရာဇာ

ဆောင်ရမိဖုရားများ[ပြင်ဆင်ရန်]

တောင်ရွှေရေးဆောင်မိဖုရား[ပြင်ဆင်ရန်]

စလေ ဓနုဖြူစား (မယ်အောင်) မင်္ဂလာဒေဝီ၊ နောက် သီရိမဟာမင်္ဂလာဒေဝီနှင့် ပေါင်းသင်းရာ အောက်ပါသားသမီးများ ရသည် -

  • ပုဂံမင်းသား (မောင်ပေ) သတိုးမင်းဖျား
  • ယောမင်းသမီး သီရိဥပ္ပလဒေဝီ
  • သန်လျင်မင်းသား
  • ကနောင်မင်းသား (သာထွန်းအောင်) သီရိသုဓမ္မရာဇာ

မြောက်ရွှေရေးဆောင်မိဖုရား[ပြင်ဆင်ရန်]

လှိုင်းတက် အမြင့် ကာမမြို့စား (ရှင်ဝက်) ရတနာမဟေ၊ နောက် ရတနာဒေဝီ၊ နောက် သီရိမဟာသုဓမ္မာဒေဝီနှင့် ပေါင်းသင်းရာ အောက်ပါသားသမီများ ရသည် -

  • ပခန်းမင်းသား (မောင်ဖဲကြီး) သတိုးမင်းရဲကျော်ခေါင်

မြို့စားရွာစားမိဖုရားများ[ပြင်ဆင်ရန်]

ယင်းတော်မိဖုရား[ပြင်ဆင်ရန်]

အလောင်းမင်းတရားနှင့် ကိုယ်လုပ်တော် ရုဇာမဟေတို့မှ မွေးသော (မင်းရွှေမြ) သုစန္ဒာဒေဝီ၊ နောက် သီရိသုစန္ဒာဒေဝီနှင့် သား ၁၊ သမီး ၂ ရသည်။

ရေနံချောင်းမိဖုရား[ပြင်ဆင်ရန်]

ယိုးဒယားဝန် ကျော်ခေါင်ကျော်သူ၏ သမီး သီရိစန္ဒာမဟေသီနှင့် အောက်ပါသားသမီးများ ရသည် -

  • ပတိမ်းမင်းသား မင်းရဲကျော်စွာကျော် (မောင်ရွှေလွတ်)

ထရံကာမိဖုရား[ပြင်ဆင်ရန်]

သိန္နီစော်ဘွား၏ သမီးကို သီရိမြတ်စွာမဟေ ဘွဲ့နှင့် မိဖုရားမြှောက်သည်။

မိုးမိတ်မိဖုရား[ပြင်ဆင်ရန်]

မိုးမိတ်စော်ဘွား၏ သမီးကို သီရိတိလောကဒေဝီ ဘွဲ့နှင့် မိဖုရားမြှောက်သည်။ ဟန်လင်း စကုမြို့တို့ စားရသည်။ သားသမီးများမှာ -

  • ဓနုဖြူမင်းသမီး သီရိသုရတနာပဘာဒေဝီ
  • မကွေးမင်းသမီး သီရိသီလဒေဝီ (မင်းရွှေမှုတ်)
  • မိုးမိတ်မင်းသား မဟာဓမ္မရာဇာ (မောင်ခန့်ကျော်)
  • မြတောင်မင်းသမီး သီရိသုရတနာစန္ဒာဒေဝီ (မင်းပတ္တမြား)
  • ကွပ်ရွာမင်းသမီး သီရိရတနာမလ္လာဒေဝီ

မတ္တရာမိဖုရား[ပြင်ဆင်ရန်]

တလုပ်မြို့ဇာတိ သီရိကျော်သူ၏ သမီး (ရှင်မင်းလှ) သီရိရတနာမဟေသီနှင့် ပေါင်းဖက်ရာ အောက်ပါသားသမီးများ ရသည် -

  • ရွှေကူမင်းသား မင်းရဲကျော်စွာ (မောင်ခိုင်)
  • လယ်ကိုင်းမင်းသား မင်းရဲမင်းလှငယ် (မောင်မှတ်)

မိတ္ထိလာမိဖုရား[ပြင်ဆင်ရန်]

ဟံသာဝတီရောက်မင်း၏သား ရွှေတောင်မင်းသားနှင့် မင်းထိပ်ပန်တို့မှ မြင်သော သမီး မင်းစီစီနှင့် ရင်းနှီးရာမှ အောက်ပါသားသမီးများ ရသည် -

  • မင်းခင်းမင်းသမီး သီရိမလ္လာနန္ဒာဒေဝီ (ရှင်မင်းနှစ်)
  • မိတ္ထိလာမင်းသမီး သီရိသုရတနာနန္ဒာဒေဝီ (ရွှေအိမ်ရှင်)
  • ရွှေကူမင်းသမီး သီရိရတနာဒေဝီ (ရှင်မင်းစစ်)

လှိုင်းတက်မိဖုရား[ပြင်ဆင်ရန်]

ကသာမိဖုရား[ပြင်ဆင်ရန်]

အသည်ဝန်ကြီး မင်းကြီးဇေယျသူ၏ သမီးဖြစ်ပြီး မြတ်စွာမဟေ ဘွဲ့နှင့် မိဖုရားမြှောက်သည်။

ဇရွံမိဖုရား[ပြင်ဆင်ရန်]

မွေးရင်းစော်ဘွား၏ သမီးကို သီရိရုဇာမဟေ ဘွဲ့နှင့် မိဖုရားမြှောက်သည်။

တလုပ်မြို့စား မိဖုရား[ပြင်ဆင်ရန်]

တရုတ်မြော်မိဖုရား ဟုလည်း လူသိများသည်။ မိုးကောင်းစော်ဘွား၏ သမီးဖြစ်ပြီး သီရိမြတ်စွာမဟေ ဘွဲ့နှင့် မိဖုရားတင်သည်။ ရသော သားသမီးများအား အောက်ပါအတိုင်း ဖြစ်သည် -

  • သံတွဲမင်းသား မဟာသုဓမ္မရာဇာ

ဝေသာလီမိဖုရား[ပြင်ဆင်ရန်]

ဝေသာလီမင်း၏ သမီး စွန်ပါဝတီကို သီရိမဟာဝိမလာဒေဝီ ဘွဲ့နှင့် နန်းတင်သည်။ မအူ ၄ ရွာ စားရသည်။ ရသော သားသမီးများ အောက်ပါအတိုင်း ဖြစ်သည် -

  • မိုးကောင်းမင်းသား သတိုးမင်းဖျား

သပြေ ၅ ရွာစား မိဖုရား[ပြင်ဆင်ရန်]

သီပေါစော်ဘွား၏ သမီးကို ရာဇဒေဝီ ဘွဲ့နှင့် နန်းတင်သည်။ ရသော သားသမီးများ အောက်ပါအတိုင်း ဖြစ်သည် -

  • သီပေါမင်းသား သတိုးမင်းရဲစည်သူ (မောင်ဘဲကလေး)

ကိုယ်လုပ်များ[ပြင်ဆင်ရန်]

ရှင်ဖရုံ[ပြင်ဆင်ရန်]

အောက်ပါသားသမီးများ ရသည် -

  • ဝန်းသိုမင်းသား မင်းရဲမြတ်စွာ (မောင်ရွှေအပ်)

အခြား[ပြင်ဆင်ရန်]

ရှင်မင်းစီ[ပြင်ဆင်ရန်]

ရွှေဘိုမြို့ ရွှံ့စက်ရွာမှ ဦးပု၏ သမီးဖြစ်ပြီး ဗဒုံမင်း ဘုရင်မဖြစ်မီ သေသည်။ မြင်သော သားသမီးများအား အောက်ပါအတိုင်း ဖြစ်သည် -

  • တောင်ငူမင်းသား မင်းရဲကျော်ခေါင် (မောင်ရွှေပုံ)

ကုသိုလ်တော်များ[ပြင်ဆင်ရန်]

စစ်ကိုင်း အိမ်တော်ရာ၌ အောင်မြင်လောကစေတီ တည်သည်။

၁၁၆၂ ခုတွင် ပြည်သူပြည်သားတို့အား စပါး တင်းတသိန်း ဝေသည်။

မင်းကွန်း၌ ပုထိုးကြီးတည်ရန် ကြိုးပမ်းသော်လည်း လက်စမသတ်နိုင်ခဲ့။ သို့သော် သွန်းပြီးသည့် ခေါင်းလောင်းကြီးမှာ မြန်မာ့အကြီးဆုံးခေါင်းလောင်းအဖြစ် ထင်ရှားသည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၁၈၁၉ ခု၊ ဇွန်လ ၅ ရက်တွင် နတ်ရွာစံသည်။


အမရပူရနန်းတော် ခရစ်နှစ် ၁၇၉၅ ခုနှစ်
အမရပူရနန်းတော် ရာဇပလ္လင်

အောက်ပြည်အရပ်မှ မွန်တို့ ပုန်ကန်သည်ကိုလည်း နှိမ်နှင်းရသည်။သာဿနာရေးဆိုင်တွင် အငြင်းပွားဖွယ်ကိစ္စရပ်များကို ဖြေရှင်းစေပြီး မဟာယနဆန်သည့် ပွဲကျောင်းဝါဒကို နှိမ်နှင်းရန် ကြိုးပမ်းဆောင်ရွက်သော်လည်း ထိရောက်သောအောင်မြင်မှုတို့ ရရှိသည်မတွေ့ရပေ။ ထို့ပြင် အိန္ဒိယသို့ သံတမန်များ စေလွတ်ပြီး ဗေဒင်နှင့် ဗြဟ္မဏဆိုင်ရာကျမ်းများကို ယူဆောင်လာစေကာ မြန်မာဘာသာသို့ပြန်ဆိုရန် အားပေးခဲ့သည်။ ရှေး အယူအဆများနှင့် ဆန့်ကျင်ပြီး တိုးတက်သည့် အတွေးအခေါ်အယူအဆများကို သွပ်သွင်းလိုသော်လည်း အယူအစွဲကြီးသည့် ပြည်သူနှင့် လက်အောက်ခံများကြောင့် အရာမထင်ပေ။ ထင်ရှားသည့် ပျော်တော်ဆက်သက်တော်ရှည်အမတ်ကြီးမှာ ဦးပေါ်ဦး ဖြစ်သည်။ အိမ်ရှေ့မင်းသားဦးပေါ်မှာ ဘိုးတော်ဘုရား အသက်ရှိစဉ်ပင် နာမကျန်းဖြစ်ကာ ကွယ်လွန်သည့်အတွက် မြေးတော်နှစ်ပါးဖြစ်သည့် စစ်ကိုင်းမင်းသားနှင့် သရက်မင်းသားတို့ အပြိုင်နန်းလျာဖြစ်လာပြီး နောက်ဆုံးတွင် စစ်ကိုင်းမင်းသားအိမ်ရှေ့အရာရကာ ဘိုးတော်ဘုရားလွန်လျှင် နန်းစံသည်။ မြန်မာ့သမိုင်းတွင် ဘကြီးတော် မင်းအဖြစ်လည်း လူသိများသည်။ ဘိုးတော်ဘုရားသည် ၁၁၄၅ ခုနှစ်တွင် တစ်ကြိမ်၊ ၁၁၄၆ ခုနှစ်တွင် တစ်ကြိမ် ရာဇာဘိသေက မုဒ္ဓါဘိသေခံပြီးလျှင် ထီးဆောင်းမင်္ဂလာ မဟာဥကင်သဖွင့်တော်မူ၍ သီရိပဝရ တိလောကပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာ တံဆိပ် နာမံများကို ခံတော်မူသည်။ ၁၁၆၆ ခုနှစ်တွင် သီရိ မဟာသုဘတ္တာဟူသော ဆင်ဖြူမ တစ်စီးနှင့် ၁၁၆၈ ခုနှစ်တွင် နိဗ္ဗာန ပစ္စယနာဂရာဇာ ဆင်ဖြူတစ်စီးကို ရတော်မူ၍ ရွှေစက်တင်တော်မူပြီးလျှင် ဆဒ္ဒန်ဆင်မင်းသခင်ဘွဲ့ ခံတော်မူသည်။

ဘိုးတော်ဘုရားသည် ခမည်းတော်၏ ဆန္ဒအရ ကုန်းဘောင်မင်းဆက်တွင် စတုတ္ထမင်းဖြစ်ရန် ရှိသော်လည်း နောင်တော် ဆင်ဖြူရှင်မင်းက သားတော် စဉ့်ကူးမင်းအား အရိုက်အရာ လွှဲအပ်ခဲ့သဖြင့် တူတော်များဖြစ်သော စဉ့်ကူးမင်းနှင့် ဖောင်းကားစားမင်းတို့အား ဖယ်ရှင်းပစ်ပြီးနောက်မှထီးနန်းကို ဆက်ခံရသဖြင့် ကုန်းဘောင် မင်းဆက်တွင် ဆဋ္ဌမမင်းဖြစ်ခဲ့ရသည်။ နန်းတက်စတွင် ဘိုးတော်ဘုရားသည် ထီးနန်းအန္တရာယ်ကြောင့် မင်းဆွေစိုးမျိုး မှူးမတ်မှုထမ်းကောင်းအမြောက်အများတို့ကို ကြံစည်ကြောင်းသံသယရှိသဖြင့် ကွပ်မျက်သုတ်သင်ခဲ့ရသည်။ တရုတ်မြန်မာ စစ်ပွဲတွင် ထင်ရှားသော ဝန်ကြီးမဟာသီဟသူရ ကို မရှုတ်မချ ဝန်ကြီးအရာနှင့် သူကောင်းပြုသော်လည်း မကြာမြင့်မီ ညီတော် စည်သာ မင်းသားနှင့် ထီးနန်းကြံစည်ကြောင်းသံသယရှိသဖြင့် ထုံးစံနှင့်အညီ စီရင်တော်မူခဲ့သည်။ ဘိုးတော်ဘုရားသည် ပထမံဘိုးဘိုးအောင် ကိုလည်းထီးနန်းကြံစည်ကြောင်းသံသယရှိသဖြင့် ကွပ်မျက်သုတ်သင်ခဲ့သည်။ ပထမံ ဘိုးဘိုးအောင်သည် ဝ တလုံးက နှစ်လုံးဖြစ်အောင် တတ်နိုင်ရုံမက ဘယ်လိုမှ သတ်၍ မသေဟု ဖေါ်ပြကြသည်။ ၁၁၄၄ ခုနှစ်တွင် ငဖုန်းဆိုသူ ရှမ်းအမျိုးသား တစ်ယောက်က မိမိကိုယ်ကို ဟံသာဝတီ ရောက်မင်းတရားကြီး၏ သားတော် မင်းရဲမြတ်ဖုန်းဟုဆိုကာ ဖောင်းကားစား မောင်မောင်၏ ကြွင်းကျန်ပုန်းလျှိုး နေသေးသော ကျေးကျွန်တို့နှင့် ပေါင်း၍ နန်းမြို့တွင်းသို့အတင်းဝင်ရောက် ပုန်ကန်ရာ နှိမ်နင်းတော်မူပြီးနောက် ငဖုန်းနှင့် အပေါင်းပါတို့ကို ကွပ်မျက်တော်မူရသည်။ ပုသိမ်နယ်မှ မွန် ၃ဝဝ ကျော်တို့သည် ရန်ကုန်သို့ ချီတက် တိုက်ခိုက်သိမ်းယူကြသည်ကိုလည်း နှိမ်နင်းရသည်။ ၁၁၄၅ ခုနှစ်တွင် ဘိုးတော်ဘုရားသည် သားတော်ကြီး သတိုး ဓမ္မရာဇာဘွဲ့ခံ ရတနာရွှေတောင်မင်းကို အိမ်ရှေ့အရာ နှင်းတော်မူရာ ညီတော် ပင်းတလဲမြို့စား စိတ်ထောင့်၍ ထီးနန်းကို ကြံစည်သဖြင့် ထုံးစံနှင့်အညီ စီရင်ရသည်။ ၁၁၇ဝ ပြည့်နှစ်တွင် သားတော် မဟာဥပရာဇာ နတ်ပြည် စံသောအခါ မြေးတော် စစ်ကိုင်းမင်းသားအား အိမ်ရှေ့နှင်းတော်မူသည်။

သက္ကရာဇ် ၁၁၄၆ ခုနှစ် တန်ဆောင်မုန်းလတွင် ရခိုင်ဓညဝတီပြည်ကြီးကို သိမ်းယူတော်မူမည်ဟု သားတော် မဟာဥပရာဇာကို အချုပ်ခန့်၍ အလုံးအရင်းနှင့် ချီစေသည်။ မဟာဥပရာဇာသည် စစ် ၄ ကြောင်းဖြန့်၍ ချီတက်ရာ ရခိုင်တို့ အပြင်းအထန် ခုခံတိုက်ခိုက်ကြသော်လည်း ရခိုင်တို့ရှုံးကာ သံတွဲမြို့နှင့်တကွ တောင်စဉ် ခုနစ်ခရိုင်သာမက ရခိုင်တပြည်လုံးကို မင်းနှင့်တကွ ရရှိသည်။ ရခိုင်ဘုရင်နှင့်တကွ မင်းဆွေမင်းမျိုး မှူးမတ် ပညာသည်များ၊ အလျားအတောင် ၂ဝ လုံးပတ် ၆ တောင်ရှိ အမြောက်ကြီးနှင့် ခဲယမ်းမီးကျောက် အမြောက်သေ နတ်များ၊ ဆင်မြင်းလူသူ ၃ သောင်းကျော်နှင့်တကွ ယိုးဒယားလုပ် ကြေးရုပ် ၃ဝ ကျော်တို့ကို ဆောင်ယူ၍ တပို့တွဲလပြည့်ကျော် ၇ ရက်နေ့တွင် ရခိုင်မှ ပြန်လာသည်။ ထိုပြင်ရခိုင်မင်းများ အစဉ်အဆက် ကိုးကွယ်သော မဟာမုနိ ရုပ်ပွားတော်ကြီးကိုလည်း တောင်ကုပ်လမ်းဖြင့် ပင့်ဆောင်ကာ ပန်းတောင်းမြို့ဆိပ်ကမ်းမှ ရွှေဖောင်တော်နှင့် တင်ဆောင်၍ အမရပူရမြို့သို့ရောက်လျှင် မြို့မြောက်ဘက်၌ ရွှေပြဿာဒ်နှင့် တည်ထားကိုးကွယ်သည်။ ရှေးက ရခိုင်ပြည်ကို မြန်မာတို့တိုက်ခိုက် အောင်မြင်ခဲ့ဖူးသော်လည်း ခရီးအထောက် အလှမ်း မသင့်ခြင်းကြောင့် ကြာရှည်သိမ်းပိုက်မထားနိုင်ခဲ့ချေ။ ဘိုးတော်ဘုရား လက်ထက်တော်တွင်မှ ရခိုင်မင်းဆက် ပြတ်လေတော့သည်။

ရခိုင်ကို ဘိုးတော်ဘုရား သိမ်းပိုက်လိုက်သဖြင့် မြန်မာနယ်စပ်သည် ဗြိတိသျှတို့သိမ်းပိုက်ထားသော ဘင်္ဂလားနယ်နှင့် တစ်စပ်တည်းဖြစ်ခဲ့ရာ နယ်စပ်အရှုပ်အထွေးများ ပေါ်ပေါက်ခဲ့သည်။ ထို့အပြင် မြန်မာတို့အိန္ဒိယသို့စေလွှတ်သော သာသနာရေးအဖွဲ့အား ဗြိတိသျှတို့က နိုင်ငံရေး မကင်း ဟု ယူဆကာ တားမြစ်သည်။ ဤအချက်များကြောင့် ဘိုးတော်ဘုရားနှင့် ဗြိတိသျှတို့အဆက်အသွယ် ပြုလာရသည်။ သက္ကရာဇ် ၁၁၅၆ ( ခရစ်နှစ် ၁၇၉၅ ) ခုနှစ်တွင် အရှေ့အိန္ဒိယ ကုမ္ပဏီမှ ကက်ပတိန် မိုက်ကယ်ဆိုင်းအား ဘိုးတော်ဘုရားထံသို့စေလွှတ်ကာ မြန်မာဘုရင်နှင့် ကုမ္ပဏီ တို့အကြား ဖြစ်ပေါ်နေသော အရှုပ်အထွေးများကို ဖြေရှင်းစေ သည်။ ဘိုးတော်ဘုရားက ကက်ပတိန်ဆိုင်းသည် ဘင်္ဂလားအစိုး ရက စေလွှတ်သော ကိုယ်စားလှယ်သာ ဖြစ်သည်ဟု ယူဆကာ အရေးမပေးနေသည်။ သို့ရာတွင် မြန်မာမှူးမတ်များနှင့် ကက်ပတိန်ဆိုင်းသည် ကုန်သွယ် ရေး ခွင့်ပြုချက်အချို့ကို သဘောတူညီမှု ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။

ဘိုးတော်ဘုရား (ခေါ်) ဗဒုံမင်း (ခေါ်) ဘိုးတော်ဦးဝိုင်း ခရစ်နှစ် ၁၇၉၅ ခုနှစ်

ကက်ပတိန်ဆိုင်း၏ အစီရင်ခံချက်အရ အရှေ့အိန္ဒိယ ကုမ္ပဏီသည် မြန်မာတို့နှင့် သံတမန်လဲလှယ်ရန်နှင့် ကုန် ကူးသန်းရောင်းဝယ်ရန် အလို့ငှါ သက္ကရာဇ် ၁၁၅၆ ( ခရစ် ၁၇၉၆ ) ခုနှစ်တွင် ကက်ပတိန် ကောက်စအား ကိုယ်စား လှယ်အဖြစ် ရန်ကုန်သို့စေလွှတ်ပြန်သည်။ ကက်ပတိန် ကောက်စသည် ၁၁၅၈ ခုနှစ်တွင် အမရပူရ နေပြည်တော်သို့ ဆန်တက်၍ ဘိုးတော်ဘုရားထံ လက်ဆောင်ပဏ္ဏာများနှင့်တကွ အဖူးအမြော်ဝင်သည်။ ကက်ပတိန်ကောက်စက မိမိအားဗြိတိသျှ တို့၏ တရားဝင် ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုရန် တောင်းဆို သည်ကို မြန်မာတို့က ငြင်းပယ်သည်။ မြန်မာတို့ အမြင်တွင် ကက်ပတိန် ကောက်စသည် မြန်မာပြည်ရှိ ဗြိတိသျှ ကုန်သည်များအား ကြီးကြပ်ရန်လာသော ကုန်သည်တစ်ဦးဟု သာ မြင်သည်။ သို့ဖြင့် ကက်ပတိန်ကောက်စသည် ရန်ကုန်မှ ပြန်လာခဲ့ရသည်။

၁၇၉၅ ခုနှစ် မြန်မာဘုရင့်စစ်လှေ တစ်စင်း

၁၁၅၉ ခုနှစ်တွင် ရခိုင်တွင် မြို့သူကြီးငသန်တဲ ဆိုသူ ခေါင်းဆောင်သော ပုန်ကန်မှုတစ်ရပ် ပေါ်ပေါက် လာခဲ့သည်။ မြန်မာတို့သည် ငသန်တဲအား လိုက်လံတိုက်ခိုက်သောအခါ ဗြိတိသျှပိုင်နက်ဖြစ်သော ဘင်္ဂလားနယ်ထဲ သို့အလုံးအရင်းဖြင့် ခိုဝင်သည်။ မြန်မာတို့ကလည်း ဗြိတိသျှ ပိုင်နက်တွင်းသို့ပင် လိုက်လံဝင်ရောက် တိုက်ခိုက်ခဲ့သည်။ သို့ဖြစ်၍ ဗြိတိသျှနှင့် မြန်မာဆက်ဆံရေးမှာ တင်းမာသည်ထက် တင်းမာလာလေ သည်။ ကလကတ္တားရှိ ဗြိတိသျှဘုရင်ခံ ဝယ်လက်စလေသည် ဘိုးတော်ဘုရားအား သားတော် အိမ်ရှေ့မင်းနှင့် တောင်ငူမင်း တို့က နန်းချ မည်ဆိုက နန်းချနိုင်လောက်အောင် အားနည်း သည်ဟု အယူရှိသည်။ ထို့ကြောင့် ကက်ပတိန်ဆိုင်းအား အိမ်ရှေ့မင်းနှင့် တောင်ငူမင်းထံ ချဉ်းကပ်ရန် ဒုတိယအကြိမ် စေလွှတ်သည်။ သို့ရာတွင် ဝယ်လက်စလေ ထင်မြင်သကဲ့သို့ ဘိုးတော်ဘုရားသည် အားနည်းသော ဘုရင်မဟုတ်ကြောင်းကို ကက်ပတိန်ဆိုင်း သိရှိရသည်။ ဘိုးတော်ဘုရားသည် ဒုတိယ အကြိမ် ထပ်မံရောက်လာသော ကက်ပတိန်ဆိုင်းအား ပထမ ခေါက်ထက်ပင် အရေးမပေးရှိသည်။ ဗြိတိသျှ ကိုယ်စားလှယ် ထက် ပြင်သစ် ကိုယ်စားလှယ်မှာ ပိုမို၍ အရေးပေးခံရသည်ကို ကက်ပတိန်ဆိုင်း သိမြင်ခံ စားခဲ့ရသည်။ သို့ဖြစ်၍ မြန်မာ တို့ထံပါး ပြင်သစ်တို့အရေးသာနေမှုကို ဖြိုဖျက်ရန် ကလ ကတ္တားရှိ ဗြိတိသျှတို့အဖို့လိုအပ်လာသည်။ ထို့ကြောင့် ကက်ပတိန်ဆိုင်း ပြန်လာသောအခါ ကက်ပတိန်ကန်းနင်းကို ထပ်မံ၍ စေလွှတ်ပြန်သည်။

ကက်ပတိန်ကန်းနင်း အဖွဲ့သားများသည် အင်းဝသို့ သက္ကရာဇ် ၁၁၇ဝ ပြည့်နှစ်တွင် ရောက်လာကြသည်။ ကက်ပတိန်ကင်းနင်း၏ အစီရင်ခံစာတွင် မြန်မာနိုင်ငံ အခြေ အနေသည် အင်အားနည်းပါးနေကြောင်း၊ ဗြိတိသျှတို့၏ အင်အားကို မြန်မာတို့အထင်မကြီးကြောင်းနှင့် စစ်တကောင်း နှင့် ဒက္ကားကို မြန်မာတို့တိုက်ခိုက်ရန် ကြံရွယ်နေကြောင်း ပါရှိသည်။

သက္ကရာဇ် ၁၁၇၃ ခုနှစ်တွင် သူပုန်ငသန်တဲ၏ သားငချင်းပျံသည် ဘင်္ဂလားနယ်မှ ရခိုင်သို့ဝင်ရောက် တိုက်ခိုက်သည်။ မြန်မာတို့က ငချင်းပျံကို ဗြိတိသျှတို့ အားပေးသည်ဟု ယူဆသဖြင့် ဗြိတိသျှ မြန်မာ ဆက်ဆံရေး မှာ ပိုမိုဆိုးရွားလာလေသည်။

ဝဇ္ဇီတိုင်း ဝေသာလီပြည်ကြီးကို အစိုးရသော မင်းက လည်း ၁၁၅၈ ခုနှစ်တွင် လက်ဆောင်ပဏ္ဏာများနှင့် တကွ သမီးတော် စွံပါဝတီကို ဆက်သ၍ ဘဝါးကျွန်အဖြစ်ခံရာ ဝေသာလီမင်းသမီးအား သီရမဟာ ဝိမလာဒေဝီ ဘွဲ့ဖြင့် မြှောက်စားလေသည်။ ထို့နောက် စွံပါဝတီ၏ ညီမတော် ရွတ်ပုရိ၊ ပဒုမ္ပနီ ဥပေါထရာ သမီးကညာ ၃ ပါးကို ဝေသာလီမင်းက ဆက်သ၍ ဘဝါးကျွန်းအဖြစ် ခံတော်မူသည်။

မဇ္ဈိမတိုက် ၁၆ တိုင်းကလည်း အထူးထူးသော လက်ဆောင် ပဏ္ဏာတို့ဖြင့် နှစ်စဉ်မပြတ် ဆက်သပို့ရောက်သည်။ သီဟိုဠ် မင်းကလည်း သာသနာတော် တည်ထွန်းပွင့်လင်းအောင် မစပြုစုတော်မူပါမည့်အကြောင်း အထူးထူးသော လက်ဆောင် များဖြင့် ခြေတော်ဦးခိုက်၍ သီဟိုဠ်တစ်ကျွန်းလုံး နှင်းအပ် ဆက်သသည်။

၁၁၇၄ ခုနှစ်တွင် မဏိပူရ ကသည်းစော်ဘွား မဟာ ရာဇာနှင့် ဇူပရာဇာတို့မသင့်မတင့် ရှိသောကြောင့် ဇူပရာဇာ ထွက်ပြေးလာ၍ ဘိုးတော်ဘုရားထံ ခြေတော်ဦးခိုက် ခိုဝင် လာသည်။ မဟာရာဇာဇူပရာဇာ ညီနောင် ၂ ဦး သင့်တင့်ရန် ဖြန်ဖြေဖို့မဟာရာဇာအား အခေါ်လွှတ်ရာ မလာမရောက် နေသဖြင့် ချီတက်တိုက်ခိုက်စေရာ မဏိပူရမြို့ကို သိမ်းယူ

ရရှိလေသည်။

မင်းကွန်းခေါင်းလောင်းတော်ကြီး

သာသနာရေးဘက်၌လည်း ဘိုးတော်ဘုရားသည် အထူးဂရုပြုကာ ဆောင်ရွက်တော်မူ၏။ စစ်ကိုင်း အိမ် တော်ရာရှိ အောင်မြင်လောက စေတီတော်၊ ဧရာဝတီမြစ်၏ အနောက်ဘက်ရှိ မင်းကွန်းစေတီတော်တို့သည် ဘိုးတော်ဘုရား ၏ ကောင်းမှုတော်များ ဖြစ်သည်။ မင်းကွန်းစေတီတော်ကြီးမှာ အထုထည် ကြီးမားလွန်းရကား ပြီးဆုံးသည့်တိုင်အောင် မတည်ဆောက်နိုင် ဖြစ်ခဲ့ရသည်။ မင်းကွန်းစေတီ အနီး၌ပင် ပိဿာ ၅၅၅၅၅ ခန့်အချိန်ရှိသော ကြေးခေါင်းလောင်းကြီး ကိုလည်း ဘိုးတော်ဘုရားက သွန်းလုပ် လှူဒါန်းတော်မူသည်။

နိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း ၅၆ မြို့သို့တစ်မြို့လျှင် ပိဋကတ်တော် တစ်စုံနှင့် သံဃာတော် ၅ ပါးကို သာသနာပြု စေလွှတ်တော်မူသည်။ သီဟိုဠ်မှလည်း သာသနာပြုစုပါမည့်အကြောင်း လျှောက်ထားသဖြင့် ပိဋကတ် စာပေနှင့် ရဟန်းတော်များပို့၍ သာသနာပြုသည်။ သီရိဓမ္မာ သောက မင်းကြီးသည် မုဋ္ဌောဘုရားများကို တစ်ချိန် တစ်ခါ တည်း တည်လုပ်သကဲ့သို့ဘိုးတော်ဘုရားသည် မြန်မာနိုင်ငံ အရပ်ရပ်ရှိဌာန ၂၃ဝ ၌ ရွှေဂူ ၂၃ဝ ကို တစ်ချိန်တည်း တည်တော်မူသည်။ ထိုပြင် သပိတ်မှောက်အောက်တိုင် ပြိုပျက်နေသော ဟံသာဝတီ-မော်ဓောရှင် စေတီတော်ကို ပြန်လည်တည်လုပ်ရန် ဝန်ကြီးမဟာသီဟသူရအား ကံကျွေး လက်ခ ငွေတော်ပေးအပ်၍ စေလွှတ်ပြင် ဆင်တော်မူစေသည်။

ပြိုကျပျက်စီးသော အခြားထင်ရှားသည့် ဘုရားစေတီတော် များကိုလည်း အသစ်တည်၍ ရွှေထီးထွတ်တင် လှူတော်မူ သည်။ ရဟန်းသံဃာတော်များ အတင်ဂိုဏ်း အရုံဂိုဏ်းဟူ၍ ဂိုဏ်းကွဲကြရာ ဘိုးတော်ဘုရားက ကျောင်းတိုက် အပြင်အပသို့ ထွက်ကြွတော်မူသည့်အခါ သင်္ကန်းကို ရုံသင့်သည်ဟု အရုံ ဂိုဏ်းကို အနိုင်ပေး၍ ဆုံးဖြတ်ကာ သာသနာတော်အား တညီ တစ်ညွတ်တည်း ဖြစ်စေခဲ့သည်။

ဘိုးတော်ဘုရား လက်ထက်၌ အနောက်အိန္ဒိယ မဇ္ဈိမ ဒေသ တိုင်းကြီးရပ်ရပ်သို့လည်း မှူးမတ်အရာရှိတို့ကို ပညာ တော်သင်အဖြစ် အကြိမ်ကြိမ် စေလွှတ်၍ လောကီလောကုတ္တရာ ကျမ်းများ၊ ဆေးကျမ်း၊ ဓာတ်ကျမ်း၊ ဗေဒင်ကျမ်း၊ အကျင့် သိက္ခာနှင့် စပ်သောကျမ်းစသည်ဖြင့် ဘင်္ဂလီ၊ နာဂရီ၊ သက္ကတ ဘာသာတို့ဖြင့် ရေးသားထားသော ကျမ်းပေါင်း ၁ဝဝ ကျော်ကို ရှာဖွေ စုဆောင်းပြီးလျှင် ပါဠိဘာသာ၊ မြန်မာဘာသာ ပြန်ဆို စေသည်။ အိန္ဒိယနိုင်ငံတစ်ဝန်းကို လှည့်လည်ခဲ့သော မြန်မာ မှူးမတ်တို့သည် မဟာဗောဓိပင်ကို ဝင်ရောက်ဖူးမြော်၍ ဗောဓိပင်ပွား ၂ ပင်ကို ပင့်ဆောင်ခဲ့ကြသည်။

ဘိုးတော်ဘုရား၏ မိဖုရားခေါင်ကြီးကား မင်းသီရိရန္တဇ သမီးတော် မဟာအတုလ ဒေဝီနှင့် အင်းဝ ဗိုလ်မှူးတို့၌ ၁၁ဝ၅ ခုနှစ်တွင် မြင်သည့် သမီးတော် အောင်မြေဘုံကျော် ကျောင်း ဒါယိကာမ သီရိပဝရ မဟာရာဇိန္ဒာ မင်္ဂလာရတနာဒေဝီ ဖြစ်သည်။ ၁၁၂၂ ခုနှစ်တွင် မင်းတရားကြီးနှင့် စုလျားရစ်ပတ် ၍ ၁၁၆၈ ခုနှစ် တပေါင်းလတွင် နတ်ပြည်စံသည်။

ဘိုးတော်ဘုရားတွင် သားတော် သမီးတော်ပေါင်း ၁၂၂ ယောက်ရှိသည်တွင် သမီးတော် ၆၁ ပါး၊ သားတော် ၆၁ ပါး ဖြစ်သည်။

ဘိုးတော်ဘုရား လက်ထက်၌ မှူးကောင်းမတ်ကောင်း သူရဲကောင်းတို့သာ ပေါသည်မဟုတ်၊ စာဆိုပညာရှိကြီး များစွာ လည်း ထွန်းကားခဲ့သည်။ မင်းလက်ဝဲသုန္ဒရ၊ တွင်းသင်းမင်း ကြီး မဟာစည်သူ၊ ဝက်မစွတ်မြို့စား နဝဒေး၊ အမတ်ကြီး ဦးပေါ်ဦး၊ သာချင်းဆရာကြီး ဦးအောင်ဖြိုး၊ ဝန်ကတော် မယ်ခွေ၊ မင်းပူးဆရာတော် ဦးဩဘာသ စသည်တို့သည် ဘိုးတော်ဘုရား လက်ထက် ကျော်ကြားသော စာပြုစာဆို ပညာရှိကြီးများ ဖြစ်သည်။[၂]

ထင်ရှားသူများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named cb-4
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)