မာတိကာသို့ ခုန်သွားရန်

ဥက္ကလာဦးစေတီ

ဝီကီပီးဒီးယား မှ
၀၅:၄၇၊ ၁၆ ဒီဇင်ဘာ ၂၀၂၀ နေ့က 210.14.98.249 (ဆွေးနွေး) တည်းဖြတ်သည့်မူ
(ကွဲပြားမှု) ← မူဟောင်း | နောက်ဆုံး မူ (ကွဲပြားမှု) | ပိုသစ်သော တည်းဖြတ်မူ → (ကွဲပြားမှု)
ဥက္ကလာဦးစေတီ
အချက်အလက်များ
တည်နေရာသင်္ဃန်းကျွန်းမြို့နယ်ရန်ကုန်တိုင်းဒေသကြီး
ဘာသာရေး နှီးနွယ်မှုဗုဒ္ဓဘာသာ
နိုင်ငံမြန်မာ
လှူဒါန်းသည့်နှစ်၁၉၅၂
ဥက္ကလာဦးစေတီဘုရားတကာ ဆန်စက်ပိုင်ရှင် ဦးဘဦး

ဥက္ကလာဦးစေတီသည် ရန်ကုန်တိုင်းဒေသကြီးသင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သာယာလမ်း၊ ဥက္ကလာဦးစေတီလမ်း (အ.ထ.က(၂)သင်္ကန်းကျွန်းအနီး) တွင် တည်ရှိသည်။ စေတီတော်၏ပုံတော်မှာ မဟာဗောဓိစေတီပုံစံမျိုး ဖြစ်သည်။ လေးမျက်နှာရှိပြီး နှစ်ကျိပ်ရှစ်ဆူကျောင်းဆင်းတုတော်များမှာ အမြင့်တစ်ပေခန့်ရှိပြီး တင်ပျဉ်ခွေပုံဖြစ်သည်။ ကျောက်သားကို ထွင်းထားပြီး အပြင်မှ မှန်များ ကာရံထားသည်။ ဘုရားဒါယိကာမှာ ဟင်္သာတဆန်စက်ပိုင်ရှင် ဦးဘဦး ဖြစ်သည်။ (၁၉၅၂)ခုနှစ် တွင် တည်ထားကိုးကွယ်သည်။ ဘုရားဒါယိကာ ဦးဘဦးက အဘဘိုးမင်းခေါင် လွှဲအပ်လိုက်သော ယွန်းအုပ်ကို ထိပ်ဆုံးတွင်ငုံပြီး ဌာပနာထားသည်။ []

ဘုရားအနီးတွင် သာသနာ့အလင်းရောင် ဆုတောင်းပြည့်မြတ်စွာဘုရားတည်ရှိပြီး အဘဘိုးမင်းခေါင်တည်ထား ခဲ့သည်ဟူသော ယူဆချက်များလည်း ရှိသည်။ သာသနာ့အလင်းရောင်မြတ်စွာ ဘုရားကို မြေပိုင်ရှင် ဥက္ကာဦးမယ်တော်ကြီး ဒေါ်လှမေ နှင့် သမီးဒေါ်သိန်းလှ သားသမီးမြေးတစ်စုတို့မှ (ဝ.၃၉) ဧက ကျယ်ဝန်းသည့်မြေကို လှူဒါန်းကာ စေတနာရှင်များမှ စုပေါင်းလှူဒါန်းမှုဖြင့် တည်ထားကိုးကွယ်ခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. (ပေါင်းတည်)၊ တင်တင်ဦး (ဖေဖော်ဝါရီ ၂၀၁၄)။ မူလ ဥက္ကလာဦးစေတီအကြောင်း သိကောင်းစရာများ ဆောင်းပါး (အတွဲ (၁၄) အမှတ် (၂) ed.)။ သူရဇ္ဇမဂ္ဂဇင်း။ pp. ၂၇၂ -၂၇၅။