မုဋ္ဌောကိုးဆူ

ဝီကီပီးဒီးယား မှ

မုဋ္ဌောကိုးဆူသည် မကွေးတိုင်းဒေသကြီးသရက်ခရိုင်၊ ကမ္မဒေသတွင် ထင်ရှားသော ရွှေမုဋ္ဌောစေတီ တည်ရှိရာ ကိုးနေရာ ဖြစ်သည်။ မဇ္ဈိမဒေသ၊ ပါဋလိပုတ်ပြည်မှ သီရိဓမ္မာသောကမင်းကြီး စေလွှတ်လိုက်သော သာသနာပြုများ တည်ထားခဲ့သည်ဟု ယုံကြည်ကြပြီး၊ သမိုင်းသုတေသီတို့ကမူ ပုဂံပြည် မဏိစည်သူမင်းကြီး၏ ကောင်းမှုကုသိုလ်တော်များ ဖြစ်ကြောင်း ယူဆသည်။ မုဋ္ဌောမှန်လျှင် စောင်းတန်းရှိရမည်။ ကုန်းမြင့် ဖြစ်စေ၊ မြေပြန့် ဖြစ်စေ မုဋ္ဌော၏ အထိမ်းအမှတ်အဖြစ် အုတ်လှေကား စောင်းတန်းကို ပြုလုပ်ကြသည်။ ကမ္မဒေသတွင် ကုန်းကြီး ၉ ကုန်း၊ မုဋ္ဌော ၉ ဆူသည် ထင်ရှားသည်။ မုဋ္ဌောကိုးဆူစလုံး သာသနာပွင့်လျှင် ကမ္မဒေသ ကြက်ပျံမကျ စည်ကားလိမ့်မည်ဟူသော အဟော ရှိသည်။

ရှေးခေတ်ပေစာများတွင်

မုဋ္ဌောကိုးဆူ၊ ဂူလဲ ကိုးလုံး၊ ကုန်းလည်း ကိုးတန်၊ ကန်လဲ သုံးလီ၊ မီးလဲ သုံးဖို၊ ထိုလျှိုပျံ့သင်း၊ ရွှေတိုက်သွင်း၍၊ ပျော်ခင်းစံရာ၊ ဘွဲ့တိုင်သာတည့်၊ မဟာကမ္မ၊ ဒေသမယွင်း၊ မြောက်ဦးစွန်းဝယ်၊ ရွှန်းရွှန်းကျက်သရေ၊ သာပေါင်းထွေ၍၊ ရေယမုံနာ၊ ရစ်လက်ယာနှင့်၊ တောင်မှာမဒေး၊ မဝေးအနား၊ မြောက်မှာမထုံး၊ ပတ်ကုံးရစ်လည်၊ မနီးတထွေ၊ စီးထွေထွေနှင့်၊ မိုးနွေဆောင်းလ၊ မပျက်ရအောင်၊ များလှသတ္တဝါ၊ လူတို့မှာလဲ၊ ဘာသာဘာဝ၊ လုပ်ကိုင်ကြသည်

ဟု ဖော်ပြသည်။

ကမ္မယွန်းကျောင်း ဆရာတော်၏ သုတေသနအရ မုဋ္ဌောကိုးဆူမှာ

  1. ကျီးမြီးရွာ၌ တစ်ဆူ
  2. မကျည်းပင်ရွာ၌ တစ်ဆူ
  3. တောင်ပတ်ရွာ၌ တစ်ဆူ
  4. ပုဏ္ဏားရွာ၌ တစ်ဆူ
  5. ကျွန်းတော်ကုန်းရွာ၌ တစ်ဆူ
  6. ဝတ်ကုန်းရွာ၌ တစ်ဆူ
  7. ကဒူးပင်ရွာ၌ တစ်ဆူ
  8. ဂျွန်းတောင်ရွာ၌ တစ်ဆူ
  9. ကမ္မမြို့၌ တစ်ဆူ အသီးသီး တည်ရှိသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မင်းဣဒ္ဓိ (ဖေဖော်ဝါရီ၊ ၂၀၀၀)။ ဂျွန်းတောင်ပေါ်မှစိတ်ဝင်စားဖွယ်ရာများ။ နက္ခတ္တရောင်ခြည်။ p. ၁၁။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)