ထားဝယ်ပညာရေးကောလိပ်
ထားဝယ်ပညာရေးဒီဂရီကောလိပ်(အင်္ဂလိပ်: Dawei Education Degree College; DEC)သည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရှမ္မလည်ဆွဲရပ်ရှိ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်ခံ ပညာရေးကောလိပ်ကျောင်း ဖြစ်သည်။[၁] ကျောင်းသားသမဂ္ဂ ရှိသည်။
၂၀၁၉ ဒီဇင်ဘာမှ စပြီး၊ နိုင်ငံတဝန်း ပညာရေးကောလိပ် ၂၅ ကျောင်းကို ပညာရေးဒီဂရီကောလိပ်အဖြစ် အဆင့်တိုးမြှင့်ရာ ထားဝယ်ပညာရေးကောလိပ်လည်း ပါဝင်သည်။ ယခင် ၂ နှစ်တက် ဒီပလိုမာရသော သင်တန်းမှ ၄ နှစ်သင်တန်းသို့ ပြောင်းလဲခဲ့သည်။[၂]
ဆင့်ကဲဖွံ့ဖြိုးတိုးတက်
[ပြင်ဆင်ရန်]နှစ်ပေါင်း (၉၇)နှစ်အတွင်း ဆင့်ကဲပြောင်းလဲမှုများမှာ အောက်ပါအတိုင်းဖြစ်သည်။
-၁၉၂၅ခု နှစ်မှ ၁၉၆၄ ခုနှစ်အထိ ခရစ်ယာန်သာသနာပြုကျောင်း အဖြစ်လည်းကောင်း /မော်ရိုးကရင် အထက်တန်းကျောင်း အဖြစ်လည်းကောင်း
-၁၉၆၄ ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိ အထက(၄) ထားဝယ် အဖြစ်လည်းကောင်း
-၁၉၇၇ ခုနှစ် မေလ(၂၃)ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကောလိပ် အဖြစ်လည်းကောင်း
-၁၉၈၀ပြည့်နှစ် ဧပြီလ (၁)ရက်နေ့တွင် ထားဝယ်ကောလိပ် အဖြစ်လည်းကောင်း
-၁၉၉၉ ခုနှစ် ဧပြီလ (၆)ရက်နေ့တွင် ထားဝယ်ဒီဂရီကောလိပ် အဖြစ်လည်းကောင်း
-၂၀၀၀ပြည့်နှစ် ဖေဖော်ဝါရီလ (၂၂)ရက်နေ့တွင် ထားဝယ်တက္ကသိုလ် အဖြစ်လည်းကောင်း
-၂၀၀၂ ခုနှစ် ဒီဇင်ဘာလ (၁၂)ရက်နေ့တွင် ထားဝယ်ပညာရေးကောလိပ် အဖြစ်လည်းကောင်း
-၂၀၂၀ပြည့်နှစ် ဩဂုတ်လ (၃၁)ရက်နေ့တွင် ထားဝယ်ပညာရေးဒီဂရီကောလိပ် အဖြစ်လည်းကောင်းဆင့်ကဲပြောင်းလဲခဲ့ပါသည်။ [၃]
အဆောင်များ
[ပြင်ဆင်ရန်]- နီလာဆောင် (ပထမနှစ်များ)(ယခု ဖြိုဖျက်ပြီး)
- ပုလဲဆောင် (ဒုတိယနှစ်များ)(ယခု ပုလဲဆောင် ၁)
- ပုလဲဆောင် ၂
- သန္တာဆောင်
- တိုးချဲ့ဆောင်
- အဏ္ဏဝါဆောင်
- ပိတောက်ဆောင်
- ဗထူးဆောင်
သင်တန်း
[ပြင်ဆင်ရန်]ပညာရေးဒီဂရီကောလိပ် တခုတွင် လုပ်ငန်းခွင်အကြို ဆရာအတတ်သင် ဒီပလိုမာပညာသင်တန်းတက် ကျောင်းသားဦးရေ အနည်းဆုံး ၁၀၀၀ မှ အများဆုံး ၂၀၀၀ ထိ ပညာသင်ယူနိုင်သည်။
၂၀၁၉ ပညာသင်နှစ်တွင် ထားဝယ်ပညာရေးကောလိပ်၌ ဦးရေ ၅၀၀ ဝန်းကျင်သာ ရှိသည်။ [၂]
လှုပ်ရှားမှု
[ပြင်ဆင်ရန်]၂၀၂၀ ဇန်နဝါရီတွင် အခြေခံပညာကျောင်းများဝယ် အတန်းငယ်များကို ဆယ်တန်းစာမေးပွဲ ပြီးစီးသည့် မတ်လ နှောင်းပိုင်းမှ ဖြေဆိုခိုင်းမည့် အစီအစဉ်ကို ကန့်ကွက်သည့် အနေဖြင့် ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ပြုလုပ်၍ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။[၄]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ထားဝယ်ပညာရေးဒီဂရီကောလိပ် – Dawei Education Degree College။ 29 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 October 2020 တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ https://www.daweiwatch.com/2019/03/28/news/17769/amp/[လင့်ခ်သေ]
- ↑ ဆရာအတတ်ပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန | eTanitharyi။ 25 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 October 2020 တွင် ပြန်စစ်ပြီး။
- ↑ ထားဝယ်ပညာရေးကောလိပ်တွင် ဖဲကြိုးစိမ်းလှုပ်ရှားမှု ပြုလုပ် - DVB