အဆင့်မြင့်ပညာဦးစီးဌာန

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
အဆင့်မြင့်ပညာဦးစီးဌာန
မြန်မာနိုင်ငံအစိုးရအဖွဲ့အစည်း
Myanmar Ministry of Education seal.svg
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်အောက်တိုဘာ ၁၉၈၃ (၁၉၈၃-၁၀)
ယခင်အဖွဲ့အစည်းတက္ကသိုလ်များအုပ်ချုပ်ရေးရုံး
အဆင့်မြင့်ပညာဌာန
ဌာနချုပ်ရုံးအမှတ် ၁၃၊ နေပြည်တော်
ဝန်ကြီးများဒေါက်တာမျိုးသိမ်းကြီး
ဌာနအကြီးအမှူးများဒေါက်တာသိန်းဝင်း၊ ညွှန်ကြားရေးမှူးချုပ်
ဒေါက်တာအောင်နိုင်စိုး၊ ဒုတိယညွှန်ကြား​ရေးမှူးချုပ်
ဝက်ဘ်ဆိုက်dhe.moe.edu.mm

အဆင့်မြင့်ပညာဦးစီးဌာနမှာ မြန်မာနိုင်ငံ၏ တက္ကသိုလ်များနှင့် အဆင့်မြင့်ပညာရပ်များဆိုင်ရာ စီမံခန့်ခွဲသော ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာနတစ်ခု ဖြစ်သည်။

သမိုင်း​ကြောင်း[ပြင်ဆင်ရန်]

၁၉၆၄ခုနှစ် တက္ကသိုလ်၊ ​ကောလိပ်များကို စနစ်သစ်ဖြင့် ပြန်လည်ဖွဲ့စည်းချိန်တွင် ၎င်းတို့အားအုပ်ချုပ်ရန် တက္ကသိုလ်များအုပ်ချုပ်​ရေးမှူးရုံးကို စတင်ဖွဲ့စည်းခဲ့သည်။၁၉၇၂ အုပ်ချုပ်​ရေးစနစ်သစ်အရ အထက်တန်းပညာဦးစီးဌာနအဖြစ် ​ပြောင်းလဲခဲ့သည်။၁၉၈၃ ​အောက်တိုဘာလတွင် အဆင့်မြင့်ပညာဦးစီးဌာနအဖြစ် ​ပြောင်းလဲခဲ့သည်။၁.၄.၁၉၉၈တွင် အဆင့်မြင့်ပညာဦးစီးဌာနကို အထက်မြန်မာပြည်နှင့် ​အောက်မြန်မာပြည်ဟူ၍ ဦးစီးဌာန ၂ခုခွဲကာ ဖွဲ့စည်းခဲ့သည်။၁.၄.၂၀၁၅တွင် အဆင့်မြင့်ပညာဦးစီးဌာန တစ်ခုတည်းအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။[၁]

ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

တက္ကသိုလ်/​ကောလိပ်[ပြင်ဆင်ရန်]

  • အဆင့်မြင့်ပညာဌာန -ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်​/​ကောလိပ် (၄၉)
  • ဆရာအတတ်ပညာနှင့်​လေ့ကျင့်​ရေးဌာန - ပညာ​ရေး​ကောလိပ် (၂၅)
  • စက်မှုနည်းပညာမြှင့်တင်​ရေးနှင့်ပူး​ပေါင်း​ဆောင်ရွက်​ရေးဌာန -နည်းပညာ/ကွန်ပျူတာ တက္ကသိုလ်(၆၀)

ကိုးကား[ပြင်ဆင်ရန်]