ဖဲကြိုးစိမ်းလှုပ်ရှားမှု

ဝီကီပီးဒီးယား မှ
Green Ribbon Movement

ဖဲကြိုးစိမ်းလှုပ်ရှားမှု သည် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံရှိ ပညာရေးဝန်ထမ်းများနှင့် ပညာရေးကောလိပ်မှ ကျောင်းသား/ကျောင်းသူများ၏ လှုပ်ရှားမှုတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံရှိ ပညာရေး ဝန်ကြီးဌာနတွင် တပ်မတော်၏ လွှမ်းမိုးမှုအဆုံးသတ်ရေး ကြိုးစားခြင်းတစ်ခုအဖြစ် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဆရာများနေ့မှ စတင်၍ပေါ်ပေါက်လာခဲ့သော လှုပ်ရှားမှုတစ်ခုဖြစ်သည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၁၉၈၈ ခုနှစ်နောက်ပိုင်းမှစ၍ ပညာရေးဌာန၏ အကြီးအကဲနေရာများ (ဥပမာ-ဝန်ကြီး၊ညွှန်ချုပ်)အစရှိသည့်နေရာများကို ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဘက်ဆိုင်ရာမှ အရာရှိများကသာ အစားထိုးနေရာယူခဲ့ကြသည်ကို သဘောမကျ မနှစ်ခြိုက်ကြသဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ/ဆရာမများအဖွဲ့ချုပ် မှ ဦးဆောင်၍ နိုင်ငံတစ်ဝန်းရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ လမ်းမပေါ်ထွက် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

ရည်ရွယ်ချက်[ပြင်ဆင်ရန်]

ပညာရေးဝန်ကြီးများအဆက်ဆက် အောက်ခြေဝန်ထမ်းများအပေါ်ဖိနှိပ်မှု၊ မတရားသောအမိန့်ချမှတ်မှုစသည့်အကြောင်းကိစ္စဖြစ်ပေါ်လာသည့်အခါတိုင်း ပေါ်ပေါက်လာလေ့ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. "ကမ္ဘာ့ဆရာများနေ့မှာဖဲကြိုးစိမ်းလှုပ်ရှားမှုစတင်"၊ လွတ်လပ်တဲ့အာရှအသံ၊ ၅ အောက်တိုဘာ ၂၀၁၅။ ၁၂ ဖေဖော်ဝါရီ ၂၀၂၀ တွင် ပြန်စစ်ပြီး [လင့်ခ်သေ]

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]