ရှင်မာလဲဘုရား
ရှင်မာလဲဘုရားသည် မန္တလေးမဟာမုနိဘုရားမြောက်ဘက် အပြင်မီးတားတံတိုင်းအနီးတွင် တည်ရှိသည်။ ဤဘုရား၏ ထူးခြားချက်မှာ တန်ဆောင်တိုင်ပွဲတော်၌ ကြာပန်းတစ်မျိုးတည်းသာ လှူဒါန်းကြသည့်ပွဲကို စည်ကားစွာ ကျင်းပခြင်းပင် ဖြစ်သည်။
ရှင်မာလဲဘုရားကို ပုဂံပြည့်ရှင် အလောင်းစည်သူမင်း၏ သားတော်ကြီး မင်းရှင်စော တည်ခဲ့သည်ဟု သိရသည်။ မင်းရှင်စောသည်
မန္တလေး ရွှေတောင်အရပ်ဖြစ်သော ထွန်တုန်းပူတက်( ယခု ဗိုလ်တက်ကုန်း)တွင် ထီးနန်းစိုက်စံ နေတော်မူစဉ်က တည်ခဲ့သည်ဟု သိရသည်။ မင်းရှင်စောသည် ရှင်မာလဲဘုရားကို တာဝတိံသာနတ်ပြည်မှ စူဠာမဏိစေတီတော် ပုံစံအတိုင်း ရည်မှန်းတည်တော်မူပြီး ကြာပန်းတစ်မျိုးတည်းသာ ကပ်လှူပူဇော်ခဲ့သည်။
ကိုးကား
- ↑ ရွှေရိုး(မန္တလေး) ၊ မန္တလေးမြို့ပေါ်ရှိ တန်ခိုးကြီးရှေးဟောင်းဘုရားများသမိုင်း၊ စာ-၄၄
ဤ မြန်မာနိုင်ငံရှိ အဆောက်အဦများနှင့် ပတ်သက်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |