ကိုးထပ်ကြီးဘုရား
ကိရိယာများ
ဆောင်ရွက်ချက်များ
ယေဘုယျ
ပရင့်/ပို့လွှတ်
အခြား ပရောဂျက်များတွင်
ပုံပန်းသွင်ပြင်
ဝီကီပီးဒီးယား မှ
၁၃:၄၅၊ ၈ ဇွန် ၂၀၁၈ နေ့က Ninjastrikers (ဆွေးနွေး | ပံ့ပိုး) တည်းဖြတ်သည့်မူ
ကိုးထပ်ကြီးဘုရား၏ ဘွဲ့တော်အပြည့်အစုံမှာ အတုလာဓိပတိ မဟာမုနိသကျ ကိုးထပ်ကြီး ရုပ်ပွားဆင်းတုတော်မြတ်ကြီး ဖြစ်သည်။ သာသနာတော်နှစ် ၂၄၄၉-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၂၆၇-ခုနှစ်၊ ဝါခေါင်လဆန်း (၁၀)ရက်၊ ခရစ်သက္ကရာဇ် (၉-၈-၁၉၀၅) ဗုဒ္ဓဟူးနေ့ နံနက် (၆:၃၀)အချိန်တွင် ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်၊ ၁၄-ဧက တစ်မတ် အကျယ်ရှိသော ဗားကရာတိုက်အတွင်း ၌ တည်ရှိတော်မူသည်။
ပလ္လင်ဗွေမှ ထိပ်တော်မဏိ အထိ အမြင့်ပေ (၇၂)ပေ ရှိသည်။ ရှေးအခါက မင်းကြီးမင်းလေးနှင့်တကွ (၃၇)မင်းတို့ စံပျော်ရာ နတ်ကွန်းကြီးများ ရှိခဲ့ပြီး နောင်အခါ ဘုရားကြီး၏ လက်ဝဲဘက် အဝင်ဝ၌ နတ်ကွန်းအသစ်များ ရွေ့ပြောင်းကာ အပူဇော်ခံ ထားရှိလေသည်။ရန်ကုန်တွင် နာမည်ကြီးသည့် ကြီးကိုးကြီးအဓိဋ္ဌာန်၊ ကြီးလေးကြီးအဓိဋ္ဌာန်၊ ဘုရားကိုးဆူအဓိဋ္ဌာန်များတွင်ပါဝင်သည့် ဘုရားကြီးလည်းဖြစ်၏။