စေတီလှ (စစ်ကိုင်း)

ဝီကီပီးဒီးယား မှ

စေတီလှသည် စစ်ကိုင်းမြို့နှင့်အတူ တွဲဖက်ကာ ထင်ရှားသည့် သမိုင်းဝင် စေတီတစ်ဆူ ဖြစ်သည်။ စစ်ကိုင်းအစ စေတီလှဟု ခေါ်ဆိုကြသည်။ စေတီလှ တည်နေရာမှာ စစ်ကိုင်းမြို့၊ လေးကျွန်းအောင်မြေရပ် အနောက်ဘက် မင်းဝံတောင်စွယ်ပေါ်တွင် တည်ရှိသည်။ စေတီလှကို သက္ကရာဇ် ၆၇၇ တွင် အသင်္ခယာ စောယွန်းက တည်ထားခဲ့သည်။ စေတီလှသည် စစ်ကိုင်းမြို့တည် နန်းတည် ကိုးဌာနတွင် တစ်ဆူအပါအဝင်ဖြစ်သော စေတီဖြစ်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မန္တလေးနေ့စဉ်၊ ၁၄-၈-၂၀၁၈၊ စာ -၁၉