နည်းပညာတက္ကသိုလ်(ပခုက္ကူ)

ဝီကီပီးဒီးယား မှ

နည်းပညာတက္ကသိုလ်(ပခုက္ကူ) သည် မြန်မာနိုင်ငံအလယ်ပိုင်း၊ မကွေးတိုင်းဒေသကြီးပခုက္ကူ-ရေစကြို ကားလမ်းမကြီး၏ ဘေးတွင် တည်ရှိသည်။‌ ပခုက္ကူမြို့မှ ၈ မိုင် ၄ ဖာလုံ ခန့် ကွာ‌ဝေးသည်။ တက္ကသိုလ်၏ အကျယ်အဝန်းမှာ ၁၀၀.၃၂ ဧက ဖြစ်သည်။

နည်းပညာတက္ကသိုလ်(ပခုက္ကူ)
Technological University, Pakokku


တည်ထောင်ခုနှစ် ၂၇ ဒီဇင်ဘာ ၁၉၉၉
တည်နေရာ ပခုက္ကူမြို့၊ မကွေးတိုင်းဒေသကြီး
အမျိုးအစား အများသူငါနှင့်ဆိုင်သော
အကျယ်အဝန်း ၁၀၀.၃၂ ဧက
ပိုင်ဆိုင်မှု သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန
ဝဘ်ဆိုတ် tupku.edu.mm
​ကျောင်းအဝင်ဝ

သမိုင်းကြောင်း[ပြင်ဆင်ရန်]

နည်းပညာတက္ကသိုလ်(ပခုက္ကူ) ကို ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အစိုးရစက်မှု လက်မှုသိပ္ပံကျောင်း အဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀၀၂ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်နေ့တွင် အစိုးရနည်းပညာကောလိပ် အဆင့်သို့ တိုးမြှင့်ခဲ့သည်။ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် နည်းပညာတက္ကသိုလ်အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. Background History။ 11 December 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၁ စက်တင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]