ရေစကြိုမြို့
ပုံပန်းသွင်ပြင်
| ရေစကြိုမြို့ | |
|---|---|
| မြန်မာနိုင်ငံရှိ မြို့များ | |
| မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ | |
| ကိုဩဒိနိတ်: 21°37′N 95°14′E / 21.617°N 95.233°E | |
| နိုင်ငံ | |
| တိုင်းဒေသကြီး | |
| ခရိုင် | ပခုက္ကူခရိုင် |
| လတ္တီကျု | (၂၁)ဒီဂရီ၊ (၃၇)မိနစ် |
| လောင်ဂျီကျု | (၉၅)ဒီဂရီ၊ (၁၄)မိနစ် |
| အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်) |
ရေစကြိုမြို့ သည် မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၏ရုံးစိုက်မြို့ဖြစ်၍ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ရေစကြိုမြို့နယ်၏ အကျယ်အဝန်းမှာ ၃၈၄ စတုရန်းမိုင်ရှိ၍ သူကြီးပိုင် နယ်ပေါင်း ၉၈ ခု ပါဝင်လေသည်။ ရေစကြိုမြို့သည် ပခုက္ကူမြို့၏ အထက် ၂၆ မိုင်အကွာတွင်ရှိ၍ ပခုက္ကူမြို့နှင့် မော်တော်ကား လမ်းဖြင့်လည်း ဆက်သွယ်ထားသည်။ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြောင်းအားဖြင့်လည်း လှေသင်္ဘောတို့ ကူးသန်းသွားလာနိုင်သည်။ ကူးသန်းရောင်းဝယ်မှု အတန်ဖြစ်ထွန်း၍ ရေစကြိုထန်းလျက်နှင့် ထန်းသီးမုန့်မှာ ထင်ရှားသော ထွက်ကုန်ဖြစ်သည်။ မြို့ပိုင်ရုံးစိုက်မြို့ ဖြစ်၍ မြို့ပေါ်တွင် အစိုးရရုံးများ၊ အစိုးရတန်းမြင့်ကျောင်းနှင့် မူလတန်းကျောင်းများ ရှိသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)