ဦးပုည: တည်းဖြတ်မှု မူကွဲများ

အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
၂၆၄ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၁ နှစ်
အရေးမကြီး (→‎စလေဦးပုည)
==စလေဦးပုည==
'''သူပြောင်လျှင် ခေါင်ကွန့်လို့ချီ''' ကိုယ်ရည်သွေး တေးထပ်ရေးသူ စလေဆရာကြီး ဦးပုညသည် မြို့စားရွာစားမျိုးဖြစ်သည့် အဖဦးမြတ်စံ အမိဒေါ်လှရင်တို့မှ မြန်မာနှစ် ၁၁၇၄-ခု၊ ဝါခေါင်လဆန်း ၁၃ ရက် ကြာသပတေးနေ့ (ခရစ်နှစ် ၁၈၁၂ ခု ဩဂုတ်လ ၂၀ရက်) ဖွားမြင်၍ ငယ်စဉ်က [[သာယာဝတီမင်း]]တရားကြီး အိမ်တော်ရောက်ခိုက် စည်ကိုပုတ်၍ကစားသောကြောင့် “မောင်ပုတ်စည်” ဟု မင်းတရားကြီးကိုယ်တိုင် အမည်ပေးသောကြောင့် မောင်ပုတ်စည် ဟုခေါ်တွင်သည်။
 
 
*ငယ်နာမည်မှာ မောင်ထူး ဟူ၍ အချို့က ဆိုကြသည်။
 
*စလေမြို့ သူကြီးရိုး၊ ပုညသမန်းမျိုး၌ သက္ကရာဇ် မြန်မာနှစ် ၁၁၇၄-ခု၊ ကဆုန်လဆန်း (၁၃)ရက်၊ ကြာသပတေးနေ့တွင် [[သာယာဝတီမင်း]]၏ အကြီးတော် အရာရှိဖြစ်သော (အဖ)ဦးမြတ်ထွား၊ (အမိ) ဒေါ်ဆုံတို့မှ ဖွားမြင်လေသည်။ ဦးပုညအား မွေးဖွားချိန် ထိုနေ့၌ မုံရွေးဆရာတော်၊ ကြက်သွန်ခင်းဆရာတော်တို့ ရွှေစက်တော်က အပြန် ဦးမြတ်ထွားအိမ်ကို ဝင်တော်မူကြခိုက်၊ ကြုံကြိုက်သဖြင့် ထိုသူငယ်သည် လောကီရေးရာတွင် ကျော်ဇောထင်ရှားလတ်မည်။ ဥပစ္ဆေဒကကံနှင့်မူ မကင်းလွတ်တတ် ဟူ၍ ရှေ့ပြေးနိမိတ် ဖတ်ကြားတော်မူကြကြောင်း အချို့ဆရာတို့က ဆိုကြသည်။
*ဦးမြတ်ထွားနှင့် ဒေါ်ဆုံတို့သည်ကား မောင်နှမဝမ်းကွဲ တော်စပ်သည်ဟု ဆို၏။ <ref>ဦးပုည ဝတ္ထုပေါင်းချုပ်၊ သုဓမ္မဝတီ ကျောင်းသုံးစာအုပ် ထုတ်ဝေသော ဌာန၊ ၁၉၄၀၊ စာ-(င)</ref>
*(ဦးပုညဖွားသောနှစ်မှာ အမှတ်အသားမတူကြပါ။ အချို့က ၁၁၇၄-ခု၊ အချို့က ၁၁၇၈-ခုဟူ၍လည်း ကွဲပြားကြသေးသည်။)
 
*ဦးမြတ်ထွားနှင့် ဒေါ်ဆုံတို့သည်ကား မောင်နှမဝမ်းကွဲ တော်စပ်သည်ဟု ဆို၏။ <ref>ဦးပုည ဝတ္ထုပေါင်းချုပ်၊ သုဓမ္မဝတီ ကျောင်းသုံးစာအုပ် ထုတ်ဝေသော ဌာန၊ ၁၉၄၀၊ စာ-(င)</ref>
(ဦးပုညဖွားသောနှစ်မှာ အမှတ်အသားမတူကြပါ။ အချို့က ၁၁၇၄-ခု၊ အချို့က ၁၁၇၈-ခုဟူ၍လည်း ကွဲပြားကြသေးသည်။)
 
ပထမ (၅)နှစ်သား၌ စလေမြို့ တိုက်စုရပ် (ခင်ကြီးစ) ထံတွင်၎င်း၊
 
ဒုတိယ ၆-နှစ် အရွယ်မှစ၍ [[အမရပူရ]]မြို့၊ တူမောင်းတိုက် ဆရာတော် ဦးဒီပထံတွင် ပညာသင်ကြားသည်။
 
တတိယ စလေမြို့ (ခင်ကြီးသာ)ထံ ဥပဇ္ဈာယ်ယူ၍ ရှင်သာမဏေပြုသည်။
ငယ်ရွယ်စဉ်အခါက စလေမြို့ရှိ ဘုန်းတော်ကြီးကျောင်း(ခင်ကြီးစ)၌ ပညာစတင်သင်ကြားခဲ့သည်။
 
စတုတ္ထ ပုဂံမြို့ ရွှေကျောင်း၊ ဒလခင်ကြီးထံ၌ (၃)နှစ်ကြာမျှ ဗေဒင်ကို သင်ယူလေသည်။
 
မောင်ပုတ်စည် ၆-နှစ် အရွယ်မှစ၍ [[အမရပူရ]]မြို့၊ တူမောင်းတိုက် ဆရာတော် ဦးဒီပထံတွင် ပညာသင်ကြားသည်။ ထို့နောက်ပဉ္စမ အသက် ၈ နှစ်အရွယ်တွင် [[ဗန်းမော်ဆရာတော်]] ထံတွင် သာမဏေပြု၍ ရှင်အမည်မှာ ပုညာဘိဓဇ ဖြစ်သည်။ ယင်းအမည်ကိုစွဲ၍ နောင်တွင် ဦးပုညဟု တွင်ခြင်းဖြစ်သည်။ ပညာကို ဆက်လက်သင်ကြားသည်။ သက္ကရာဇ် ၁၁၉၄-ခုနှစ်တွင် ရှင်ပုညအား စလေ၊ ပုခန်းငယ် ၂-မြို့အုပ်က ရဟန်းဒါယကာခံ၍ ရဟန်းပြုပြီးသော် ပညာဆက်လက်သင်ကြားသည်။ ဗေဒင်မေးသူ၊ မေတ္တာစာရေးခိုင်းသူ၊ ဆေးဝါးတောင်းသူ ဒကာမတို့အဆည်းအကပ်ထူသည် နှင့် စလေမြို့အုပ်မင်းက သံသယမကင်းရှိခဲ့သောကြောင့် လူပျိုမလှည့်ကြောင်း မေတ္တာစာ၊ ပြန်ပေးစာတို့ဖြင့် ထင်ရှားစေနိုင်ခဲ့သည်။ကဗျာဉာဏ်ရွှင်ံပုံကိုလည်းထင်ရှားစေနိုင်ခဲ့သည်။ကဗျာဉာဏ်ရွှင်ပုံကိုလည်း 'ကဗျာဉာဏ်အာဘော်ကလည်း ကလော်တိုင်းထွက်သော ကြောင့်ကလော်တိုင်းထွက်သောကြောင့်' ဟု သူကိုယ်တိုင် မိန့်ဆိုခဲ့သည်။
 
၁၂၀၃-ခုနှစ်တွင် လူဝတ်လဲ၍ သာယာဝတီမင်းနှင့် [[ရန်ကုန်မြို့]]သို့ လိုက်ပါလာခဲ့သည်။ ရန်ကုန်၌ ခေတ္တနေပြီးနောက် အမရပူရမြို့၊ ဗန်းမော်တိုက်၊ ဗန်းမော်ဆရာတော်ထံ ၌ သာမဏေပြုပြန်သည်။ အမရပူရမြို့ ဗန်းမော်တိုက်မှာပင် ပြန်လည်သီတင်းသုံးပြီးလျှင် တရားစာ၊ မေတ္တာစာများကို စတင်ရေးသားလေသည်။ ၁၂၁ဝ ပြည့်နှစ်တွင် လူထွက်ခဲ့၍ [[ကနောင်မင်းသား]]ထံတွင် ခစားရသည်။ ၁၂၁၆ ခုလောက်တွင်စလေမြို့ သူကြီးရာထူးကို သူကြီးဟောင်းမောင်ကြူနှင့် အပြိုင်လုသည်။ သာသနာပိုင်ဦးဉေယျစစ်ဆေးရာ ဦးပုညသည်သာ သူကြီးရိုးမှန်ကြောင်း ဆုံးဖြတ်ကာ အနိုင်ရသည် ဟုဆိုကြသည်။ သက္ကရာဇ် ၁၂၁၈ ခုခန့်တွင် ဗန်းမော်ဆရာတော်၏ အရှိန်အဝါဖြင့်နန်းတွင်းသို့ရောက်ပြန်သည်။ မင်းလှသင်္ခယာ ဘွဲ့ဖြင့် [[လက်ဖက်ရည်တော်]]တွင် အမှုထမ်းရသည်။ <ref>တင်ထွေးရေးသားသော ဦးပုည၏ စာပန်းကုန်းများ</ref>
၂၆၇၄၀

တည်းဖြတ်မှုများ

လမ်းညွှန်မီနူး