နည်းပညာတက္ကသိုလ်(ရမည်းသင်း)

ဝီကီပီးဒီးယား မှ
၀၈:၁၀၊ ၁၇ ဇန်နဝါရီ ၂၀၂၁ နေ့က InternetArchiveBot (ဆွေးနွေး | ပံ့ပိုး) (ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.8) တည်းဖြတ်သည့်မူ

နည်းပညာတက္ကသိုလ်(ရမည်းသင်း) သည် မန္တလေးတိုင်းဒေသကြီးရမည်းသင်းမြို့နယ်၊ သီလဝ(၃)ရပ်ကွက်၊ ရန်ကုန်-မန္တလေးအဝေးပြေးလမ်းမကြီး အနောက်ဘက်တွင် တည်ရှိသည်။ အကျယ်အဝန်းမှာ ၄၄.၅ ဧက ဖြစ်သည်။

သမိုင်းကြောင်း

နည်းပညာတက္ကသိုလ်(ရမည်းသင်း) ကို ၁၉၉၉ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အစိုးရ စက်မှုလက်မှုသိပ္ပံအဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀၀၉ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် အစိုးရနည်းပညာကောလိပ်အဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ပြီး၊ ၂၀၁၀ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် နည်းပညာတက္ကသိုလ်အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။[၁]

ကိုးကား

  1. Background History။ 20 November 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၁ စက်တင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ