ဆလိုင်းလျန်လွယ်
ဆလိုင်းလျန်လွယ် | |
|---|---|
Salai Lian Luai | |
| ချင်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် | |
| တာဝန်သက်တမ်း မတ် ၃၀၊ ၂၀၁၆ – ၁ ဖေဖော်ဝါရီ ၂၀၂၁ | |
| ခန့်အပ်သူ | မြန်မာနိုင်ငံ၏ သမ္မတ |
| သမ္မတ | ထင်ကျော် |
| ယခင်လူ | ဟုန်းငိုင် |
| ဆက်ခံသူ | တဲရင့်စ်စမွိုင်းနီခွဲ (ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ အဖြစ်) |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | အောက်တိုဘာ ၂၅၊ ၁၉၅၄ အိုင်ရဲဘွာလ်ရွာ၊ ဖလမ်းမြို့နယ်၊ ချင်းပြည်နယ် |
| နိုင်ငံရေးပါတီ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| သားသမီး | လေးဦး |
| မိခင်ကျောင်း | ရန်ကုန်တက္ကသိုလ် |
| အစိုးရအဖွဲ့ | ချင်းပြည်နယ် အစိုးရအဖွဲ့ |
ဆလိုင်းလျန်လွယ် (အင်္ဂလိပ်: Salai Lian Luai, ၂၅ အောက်တိုဘာ ၁၉၅၄ မွေးဖွား[၁]) သည် ဥပဒေပညာရှင်အဖြစ်မှ နိုင်ငံရေးသမားဖြစ်လာသူ ဖြစ်ပြီး ချင်းပြည်နယ်၏ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ သူသည် ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘွဲ့ရရှိခဲ့သည်။
သူသည် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့ရှိ အစိုးရရုံးများတွင် ဥပဒေပညာရှင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ အစိုးရဝန်ထမ်းအဖြစ် နောက်ဆုံးလုပ်ကိုင်ခဲ့သည်မှာ တမူးခရိုင် ဥပဒေအရာရှိ အဖြစ် လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။[၂]
နိုင်ငံရေး လုပ်ကိုင်ခြင်း
[ပြင်ဆင်ရန်]၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ချင်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ဖလမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီဝင်အသစ်အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည်။
ပုဂ္ဂိုလ်ရေးရာ
[ပြင်ဆင်ရန်]ဆလိုင်လျန်လွယ်သည် ချင်းလူမျိုးတစ်ဦး ဖြစ်ပြီး ခရစ်ယာန်ဘာသာဝင် ဖြစ်သည်။[၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ mVoter Candidate။ mVoter။ 19 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 August 2025 တွင် ပြန်စစ်ပြီး။
- ↑ Meet your Chief Ministers။
- ↑ John Zaw။ "Myanmar names three Christians as regional ministers"၊ Union of Catholic Asian News၊ March 29, 2016။
- ချင်းပြည်နယ်အစိုးရအဖွဲ့ | Myanmar President Office