မာတိကာသို့ ခုန်သွားရန်

ခင်မောင်ဦး

ဝီကီပီးဒီးယား မှ
ဒုတိယဗိုလ်မှူးကြီး (ငြိမ်း)၊ ဦး

ခင်မောင်ဦး
ဘူးရယ်
ကယားပြည်နယ် ဝန်ကြီးချုပ်
တာဝန်သက်တမ်း
၁ ​ဩဂုတ် ၂၀၂၁  ၃၁ ဇန်နဝါရီ ၂၀၂၂
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတဦးမြင့်ဆွေ (ယာယီ)
ဝန်ကြီးချုပ်မင်းအောင်လှိုင်
ယခင်လူကိုယ်တိုင် (ပစက ဥက္ကဋ္ဌအဖြစ်)
ဆက်ခံသူဇော်မျိုးတင် []
ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၂ ဖေဖော်ဝါရီ ၂၀၂၁  ၁ ဩဂုတ် ၂၀၂၁
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ယခင်လူရာထူးစတင်
ဆက်ခံသူကိုယ်တိုင် (ဝန်ကြီးချုပ်)
ကယားပြည်နယ် ဝန်ကြီးချုပ်
တာဝန်သက်တမ်း
၃၁ မတ် ၂၀၁၁  ၃၀ မတ် ၂၀၁၆
သမ္မတသိန်းစိန်
ယခင်လူဗိုလ်မှူးချုပ် ဝင်းမြင့် (နအဖအစိုးရ)
ဆက်ခံသူအယ်လ်ဖောင်းရှို
ကယားပြည်နယ် လွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၃၁ ဇန်နဝါရီ ၂၀၁၁  ၃၀ မတ် ၂၀၁၆
ယခင်လူရာထူးစတင်
ဆက်ခံသူအေးရွှေ
မဲဆန္ဒနယ်ဘောလခဲမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)
ကိုယ်ရေး အချက်အလက်များ
မွေးဖွားမြန်မာနိုင်ငံ
နိုင်ငံရေးပါတီကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (၂၀၁၇ - ၂၀၂၀)
အခြား
နိုင်ငံရေးလွှမ်းမိုးမှု
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (၂၀၁၀ - ၂၀၁၅)
မိခင်ကျောင်းစစ်တက္ကသိုလ်
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (လေ)
ရာထူး ဒုတိယဗိုလ်မှူးကြီး

ဦးခင်​မောင်ဦးသည် ကယားပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ကယားပြည်နယ်ဝန်ကြီးချုပ်အဖြစ် ပထမအကြိမ်တာဝန်ထမ်းဆောင်ခဲ့သည်။၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖြစ်လာကာ ဩဂုတ်လ ၁ရက်နေ့တွင် အိမ်စောင့်အစိုးရဖွဲ့သောအခါ ကယားပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဒုတိယအကြိမ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၃၁ ရက်​နေ့တွင် အနားယူခဲ့သည်။[][][]

ရွေးကောက်ပွဲဝင်ခြင်း

[ပြင်ဆင်ရန်]

၂၀၁၀ ခုနှစ်

[ပြင်ဆင်ရန်]

ဦးခင်မောင်ဦးသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်အဖြစ်ဖြင့် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် ဘောလခဲမြို့နယ် မဲဆန္ဒနယ် (၁) မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ ကယားပြည်နယ် လွှတ်တော် အမတ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။[]

၂၀၁၅ ဇွန်လ ၂၈ ရက်နေ့တွင် ကယားပြည်နယ်၏ ပို့ဆောင်ရေးဝန်ကြီး၊ လျှပ်စစ်စွမ်းအားဝန်ကြီး၊ စက်မှုဝန်ကြီးနှင့် ဗမာတိုင်းရင်းသားဝန်ကြီးများနှင့်အတူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ နုတ်ထွက်ခဲ့သည်။[] ၂၀၁၅ ဇူလိုင် ၁၃ ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးခင်မောင်ဦးအား ပါတီစည်းလုံးညီညွတ်မှုကို ပျက်ပြားစေပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် ပါတီ၏ မူဝါဒများကို ဖောက်ဖျက်သည်ဟုဆိုကာ ပါတီမှ ထုတ်ပယ်ကြောင်း ကြေညာခဲ့သည်။[]

၂၀၁၅ ခုနှစ်

[ပြင်ဆင်ရန်]

အထွေထွေရွေးကောက်ပွဲ ၂၀၁၅ တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်တစ်ဦးအနေဖြင့် ဘောလခဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) မှနေ၍ ထပ်မံဝင်ပြိုင်ရာ အနိုင်မရခဲ့ဘဲ ရှုံးနိမ့်ခဲ့သည်။

ယင်းနောက် နိုင်ငံရေးလှုပ်ရှားမှုများမှ ခေတ္တအနားယူပြီး ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီသို့  ဝင်ရောက်ခဲ့သည်။

၂၀၂၀ ခုနှစ်

[ပြင်ဆင်ရန်]

အထွေထွေရွေးကောက်ပွဲ ၂၀၂၀ တွင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြုပြီး လွိုင်ကော်ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၂) မှနေ၍ ဝင်ပြိုင်ရာတွင်လည်း ရွေးချယ်မခံရဘဲ ရှုံးနိမ့်သည်။[]

၂၀၂၀ ဒီဇင်ဘာ ၂၂ရက်တွင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ မှ နုတ်ထွက်သည်။[]

၂၀၂၁ နောက်ပိုင်း

[ပြင်ဆင်ရန်]

၂၀၂၁ အာဏာသိမ်းမှု ဖြစ်ပွားအပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုကြီး မင်းအောင်လှိုင်က ဖွဲ့စည်းတည်ထောင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အသစ်ဖွဲ့စည်းလိုက် ကယားပြည်နယ်အစိုးရအဖွဲ့ အစား ကကားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီတွင် ဥက္ကဋ္ဌ အဖြစ် ခန်အပ်တာဝန်ပေးခဲ့သည်။​[]

စစ်မှုထမ်းခြင်း

[ပြင်ဆင်ရန်]

ဦးခင်မောင်ဦးသည် အငြိမ်းစား တပ်မတော်(လေ) တိုက်လေယာဉ်မှူး အရာရှိဟောင်းတစ်ဦး ဖြစ်သည်။ စစ်တက္ကသိုလ် ဗိုလ်လောင်းအမှတ်စဉ်(၁၄) ကျောင်းဆင်းတစ်ဦးဖြစ်ကာ ဒုတိယဗိုလ်မှူးကြီးအဆင့်ထိ တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

မိသားစုဘဝ

[ပြင်ဆင်ရန်]

ဦးခင်မောင်ဦးသည် လွိုင်ကော်မြို့ ဇာတိ ကယားတိုင်းရင်းသားတစ်ဦးဖြစ်သည်။ ဦးခင်မောင်ဦး၏ ဖခင်ဖြစ်သူ ဦးကျော်ဒင်သည် ဆိုရှယ်လစ်ခေတ်က ကရင်နီပြည်သူ့ကောင်စီ၏ ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။[၁၀]

ကိုးကား

[ပြင်ဆင်ရန်]
  1. ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ဦးစိုးသိန်းနှင့် ကယားပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဦးဇော်မျိုးတင်တို့အား ခန့်အပ်
  2. NOMINATIONS OF CHIEF MINISTERS FOR REGIONS AND STATES Euro-Burma Office (၁၈ ဖေဖော်ဝါရီ ၂၀၁၁)။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၉ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး။
  3. "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၅၈ / ၂၀၂၁ ၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက် (၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်တာဝန်ပေးခြင်း"။
  4. "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၈ / ၂၀၂၂"။
  5. "Karenni State MPs"၊ Alternative Asean Network on Burma ၉ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး Archived from the original on 4 March 2016။
  6. 1 2 ဝလုံး။ "USDP chief and ministers resign in Kayah State"၊ မြန်မာတိုင်းမ်၊ ၁၆ ဇူလိုင် ၂၀၁၅ ၁၇ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး Archived from the original on 4 March 2016။
  7. ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းကြေညာ၊ ဝန်ကြီးချုပ်ဟောင်း ဝင်ပြိုင်မည် DVB Burmese (၆ ဩဂုတ် ၂၀၂၀)။ ၆ ဇွန်၂၀၂၃ တွင် ပြန်စစ်ပြီး။
  8. ဦးခင်မောင်ဦး(ခ)ဘူးရယ် က KySDP ကနေ နုတ်ထွက်ထားသူဟုကြေညာချက်ထုတ်ပြန် Kantarawaddy Time (၃ ဖေဖော်ဝါရီ ၂၀၂၁ )။ 6 June 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၆ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  9. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်(၁၀/၂၀၂၁) ၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးအပ်ခြင်း Myanmar Digital News။ 21 August 2025 တွင် ပြန်စစ်ပြီး။
  10. ဇေသူ။ "ဒီမိုကရေစီ အစိုးရတွင်လည်း မဆလလူကြီးများ၏ သားသမီးများသာ ရာထူးကြီးများ ရယူထား"၊ Tomorrow၊ ၂၇ ဩဂုတ် ၂၀၁၄ ၉ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး Archived from the original on 9 July 2015။