အောင်အောင်

ဝီကီပီးဒီးယား မှ
အောင်အောင်
ရှမ်းပြည်နယ် ဝန်ကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃၁ ဇန်နဝါရီ ၂၀၂၄
ယခင်လူဦးအောင်ဇော်အေး
အမှတ်(၂)စစ်ဆင်ရေးအထူးအဖွဲ့မှူး
တာဝန်သက်တမ်း
၂၀၂၂ – ၂၀၂၄
ယခင်လူဒုတိယ ဗိုလ်ချုပ်ကြီး ခင်လှိုင်
ဆက်ခံသူဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး [၁]
အနောက်တောင်ပိုင်းစစ်ဌာနချုပ် တိုင်းမှူး
တာဝန်သက်တမ်း
၂၀၂၀ – ၂၀၂၂
ယခင်လူဗိုလ်ချုပ် ညွှန့်ဝင်းဆွေ
ဆက်ခံသူဗိုလ်ချုပ် ကြည်ခိုင်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၇၃
လူမျိုးမြန်မာ
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ
တပ်/တပ်ဖွဲ့ခွဲတပ်မတော်
ရာထူးဒုတိယဗိုလ်ချုပ်ကြီး

ဦးအောင်အောင် (၁၉၇၃ ဖွား) သည် လက်ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဝန်ကြီးချုပ် ဖြစ်သည်။[၂] ယင်းမတိုင်မီက သူသည် မြန်မာ့တပ်မတော် တွင် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ဖြင့် အမှတ်(၂)စစ်ဆင်ရေးအထူးအဖွဲ့မှူး တာဝန် ထမ်းခဲ့သည်။ [၃]

စစ်မှုထမ်းဘဝ[ပြင်ဆင်ရန်]

သူသည် စစ်တက္ကသိုလ် အပါတ်စဉ်(၃၆) ဆင်း ဖြစ်သည်။ တပ်မတော် တွင် ပြန်တမ်းဝင်အမှတ် ကြည်း ၂၅၉၆၀ ဖြင့် စစ်မှုထမ်းသည်။ ရာထူးအဆင့်ဆင့်တိုးကာ ၂၀၁၇ ခုနှစ် တွင် ရခိုင်ပြည်နယ်အခြေစိုက် ခြေမြန်တပ်မ ၃၃ တပ်မမှူး အဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။[၄] ယင်းနောက် စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ်ကြီး အဖြစ်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် တွင် အနောက်တောင်ပိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းသည်။[၅] ၂၀၂၂ ခုနှစ် တွင် တိုင်းမှူးအဖြစ်မှ ရှမ်းပြည်နယ် နှင့် ကယားပြည်နယ် တို့ကို တာဝန်ယူရပြီး အရှေ့မြောက်တိုင်း၊ အရှေ့ပိုင်းတိုင်း၊ အရှေ့အလယ်ပိုင်းတိုင်း နှင့် တြိဂံတိုင်းစစ်ဌာနချုပ် တို့ အပါအဝင် ဒေသတွင်းရှိ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်များနှင့် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်များ အပေါ် စစ်ဆင်ရေးနှင့် လုံခြုံရေးကိစ္စများ စီစဉ်ရသည့် အမှတ် ၂ စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ-၂) ရာထူး တိုးမြင့်ခြင်းခံရသည်။[၆] ထိုတာဝန် အား ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့ အထိ ထမ်းဆောင်ခဲ့သည်။[၇] [၈]

စစ်မှုထမ်းကာလအရေးယူပိတ်ဆို့ခံရမှု[ပြင်ဆင်ရန်]

သူသည် ခြေမြန်တပ်မ ၃၃ တပ်မမှူး အဖြစ် တာဝန်စဉ် ၂၀၁၇ခုနှစ် ဇူလိုင်လ မှ ဒီဇင်ဘာလအတွင်း ရခိုင်ပြည်နယ်က နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးမှာ ရခိုင်မြောက်ပိုင်း ပဋိပက္ခအတွင်း လူ့အခွင့်အရေး ဆိုးဆိုးရွားရွား ချိုးဖောက်မှုများထဲ ပါဝင်ပတ်သက်ကြောင်း စိတ်ချယုံကြည်ရဖွယ် ရှိသည့် သတင်းအချက်အလက်များ အရဆိုပြီး အမေရိကန် ၏ အရေးယူပိတ်ဆို့မှုကို ခံရသည်။[၉] ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊အမှတ် ၉၉ ခြေမြန်တပ်မ တပ်မမှူး ဗိုလ်မှူးချုပ် သန်းဦး နှင့် အတူ ၎င်း အား အမေရိကန် က အရေးယူပိတ်ဆို့ ခဲ့ခြင်း ဖြစ်သည်။ [၁၀]

၂၀၂၁ နောက်ပိုင်း အရေးယူပိတ်ဆို့ခံရမှု[ပြင်ဆင်ရန်]

၂၀၂၁မြန်မာနိုင်ငံစစ်အာဏာသိမ်းမှု အပြီး သူ့ကို အခြားသော တပ်မတော်ထပ်ပိုင်းခေါင်းဆောင်များနှင့်အတူ အမေရိကန်အပါအဝင် အနောက်နိုင်ငံများက အရေးယူပိတ်ဆို့မှု ထပ်တိုး ပြုလုပ်သည်။[၁၁]

ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာပုံ[ပြင်ဆင်ရန်]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ခေါ်ပြီး နောက်ထပ်သက်တမ်း(၆)လ တိုးပြီးသည့် နောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့တွင် သူ့ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် အဖြစ်ခန့်အပ်သည်။ [၁၂] သူသည် စစ်ကောင်စီခန့်အပ်သော တတိယမြောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၏ ဝန်ကြီးချုပ် ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. စစ်ရှုံးသော်လည်း ရမခ တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး ရာထူးတိုးThe Irrawaddy (၂ ဖေဖော်ဝါရီ ၂၀၂၄)။ ၃ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. ပြည်နယ်ဝန်ကြီးချုပ် အစားထိုးခန့်အပ်ခြင်းMOI Myanmar (၃၁ ဇန်နဝါရီ ၂၀၂၄)။ ၃၁ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. နမ်းခမ်းမြို့ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား လက်နက်များတပ်ဆင်အပ်နှင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုငွေများပေးအပ်MOI Myanmar (၂၈ စက်တင်ဘာ ၂၀၂၃)။ ၃ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. AUNG, Aungopen sanctions။ 3 February 2024 တွင် ပြန်စစ်ပြီး။
  5. ရန်ကုန်တိုင်း စစ်တိုင်းမှူး ဗိုလ်ချုပ် သက်ပုံ စစ်ဆင်ရေး အထူးအဖွဲ့ မှူး အဖြစ် ရာထူးတိုးThe Irrawaddy (၃၀ ဇွန် ၂၀၂၀)။ ၃ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  6. စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များ ရာထူး အပြောင်းအလဲ ပြုလုပ်The Irrawaddy (၅ အောက်တိုဘာ ၂၀၂၂)။ ၃ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  7. လွိုင်ကော်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေသူများအား ကြည့်ရှုအားပေးCINCDS Myanmar (၂၂ အောက်တိုဘာ ၂၀၂၂)။ ၃ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  8. ရှမ်းမြောက် ပြည်သူ့စစ်များကို စစ်ကောင်စီလက်နက်ထုတ်ပေးMyanmar Now (၂၉ စက်တင်ဘာ ၂၀၂၃)။ ၃ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  9. စစ်ဗိုလ်ချုပ်ကြီး ၂ ဦးကို မြန်မာစစ်တပ်က အရေးယူVOA Burmese (၂၆ ဇွန် ၂၀၁၈)။ ၃ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  10. ကာချုပ်၊ ဒုချုပ်နဲ့ တပ်မမှူး နှစ်ယောက်ကို အမေရိကန် ပြည်ဝင်ခွင့်ပိတ်BBC Burmese (၁၇ ဇူလိုင် ၂၀၁၉)။ ၃ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  11. ဆွစ်ဇာလန်နိုင်ငံက အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်တွေကို ဒဏ်ခတ်အရေးယူAyeyarwaddy Times (၁၈ မေ ၂၀၂၃)။ ၃ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  12. ရှမ်း-ကယား အထူးစစ်ဆင်ရေးမှူး ဒုဗိုလ်ချုပ်ကြီးအောင်အောင် ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် စစ်ကောင်စီအစားထိုး ခန့်အပ်Mekong News (၁ ဖေဖော်ဝါရီ ၂၀၂၄)။ ၃ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။