အောင်အောင်
အောင်အောင် | |
|---|---|
| ရှမ်းပြည်နယ် ဝန်ကြီးချုပ် | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၃၁ ဇန်နဝါရီ ၂၀၂၄ | |
| ယခင်လူ | ဦးအောင်ဇော်အေး |
| အမှတ်(၂)စစ်ဆင်ရေးအထူးအဖွဲ့မှူး | |
| တာဝန်သက်တမ်း ၂၀၂၂ – ၂၀၂၄ | |
| ယခင်လူ | ဒုတိယ ဗိုလ်ချုပ်ကြီး ခင်လှိုင် |
| ဆက်ခံသူ | ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး [၁] |
| အနောက်တောင်ပိုင်းစစ်ဌာနချုပ် တိုင်းမှူး | |
| တာဝန်သက်တမ်း ၂၀၂၀ – ၂၀၂၂ | |
| ယခင်လူ | ဗိုလ်ချုပ် ညွှန့်ဝင်းဆွေ |
| ဆက်ခံသူ | ဗိုလ်ချုပ် ကြည်ခိုင် |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ဇွန် ၄၊ ၁၉၇၂ ပျော်ဘွယ်မြို့၊မန္တလေးတိုင်းဒေသကြီး |
| လူမျိုး | မြန်မာ |
| ကြင်ဖော် | ဒေါ်ညိုမီစော [၂] |
| သားသမီး | သား ၁ဦး၊သမီး ၁ဦး |
| မိဘ | ဦးကျော်သန်း + ဒေါ်တင်လှ |
| မိခင်ကျောင်း | စစ်တက္ကသိုလ် |
| ဆုတံဆိပ်များ | |
| စစ်မှုထမ်းခြင်း | |
| သစ္စာခံနိုင်ငံ | မြန်မာနိုင်ငံ |
| တပ်/တပ်ဖွဲ့ခွဲ | |
| အမှုထမ်းကာလ | ၁၉၉၀ - ၂၀၂၄ |
| ရာထူး | |
ဦးအောင်အောင် (၄ ဇွန် ၁၉၇၂ မွေးဖွား) သည် လက်ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဝန်ကြီးချုပ် ဖြစ်သည်။[၃] ယင်းမတိုင်မီက သူသည် မြန်မာ့တပ်မတော် တွင် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ဖြင့် အမှတ်(၂)စစ်ဆင်ရေးအထူးအဖွဲ့မှူး တာဝန် ထမ်းခဲ့သည်။ [၄]
စစ်မှုထမ်းဘဝ
[ပြင်ဆင်ရန်]သူသည် စစ်တက္ကသိုလ် အပါတ်စဉ်(၃၆) ဆင်း ဖြစ်သည်။ တပ်မတော် တွင် ပြန်တမ်းဝင်အမှတ် ကြည်း ၂၅၉၆၀ ဖြင့် စစ်မှုထမ်းသည်။၂၀၁၅ ခုနှစ်ကစပြီး တပ်မမှူး ရာထူးစတင်ရရှိခဲ့သည်။ ၂၀၁၇ ခုနှစ် တွင် ရခိုင်ပြည်နယ်အခြေစိုက် ခြေမြန်တပ်မ ၃၃ တပ်မမှူး အဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။[၅]
ယင်းနောက် စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ်ကြီး အဖြစ်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် တွင် အနောက်တောင်ပိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းသည်။[၆] ၂၀၂၂ ခုနှစ် တွင် တိုင်းမှူးအဖြစ်မှ ရှမ်းပြည်နယ် နှင့် ကယားပြည်နယ် တို့ကို တာဝန်ယူရပြီး အရှေ့မြောက်တိုင်း၊ အရှေ့ပိုင်းတိုင်း၊ အရှေ့အလယ်ပိုင်းတိုင်း နှင့် တြိဂံတိုင်းစစ်ဌာနချုပ် တို့ အပါအဝင် ဒေသတွင်းရှိ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်များနှင့် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်များ အပေါ် စစ်ဆင်ရေးနှင့် လုံခြုံရေးကိစ္စများ စီစဉ်ရသည့် အမှတ် ၂ စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ-၂) ရာထူး တိုးမြင့်ခြင်းခံရသည်။[၇] ထိုတာဝန် အား ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့ အထိ ထမ်းဆောင်ခဲ့သည်။[၈] [၉]
စစ်မှုထမ်းကာလအရေးယူပိတ်ဆို့ခံရမှု
[ပြင်ဆင်ရန်]သူသည် ခြေမြန်တပ်မ ၃၃ တပ်မမှူး အဖြစ် တာဝန်စဉ် ၂၀၁၇ခုနှစ် ဇူလိုင်လ မှ ဒီဇင်ဘာလအတွင်း ရခိုင်ပြည်နယ်၊ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေး၏ ရခိုင်မြောက်ပိုင်း ပဋိပက္ခအတွင်း လူ့အခွင့်အရေး ဆိုးဆိုးရွားရွား ချိုးဖောက်မှုများထဲ ပါဝင်ပတ်သက်သည်ဆိုသောစွပ်စွဲချက်ဖြင့် အမေရိကန် ၏ အရေးယူပိတ်ဆို့မှုကို ခံခဲ့ရသည်။[၁၀] သူသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊အမှတ် ၉၉ ခြေမြန်တပ်မ တပ်မမှူး ဗိုလ်မှူးချုပ် သန်းဦး နှင့်အတူ ၎င်း အား အမေရိကန် က အရေးယူပိတ်ဆို့ ခဲ့ခြင်း ဖြစ်သည်။ [၁၁]
၂၀၂၁ နောက်ပိုင်း အရေးယူပိတ်ဆို့ခံရမှု
[ပြင်ဆင်ရန်]၂၀၂၁မြန်မာနိုင်ငံစစ်အာဏာသိမ်းမှု အပြီး သူ့ကို အခြားသော တပ်မတော်ထပ်ပိုင်းခေါင်းဆောင်များနှင့်အတူ အမေရိကန်အပါအဝင် အနောက်နိုင်ငံများက အရေးယူပိတ်ဆို့မှု ထပ်တိုး ပြုလုပ်ခဲ့သည်။[၁၂]
ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာပုံ
[ပြင်ဆင်ရန်]နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ခေါ်ပြီး နောက်ထပ်သက်တမ်း(၆)လ တိုးပြီးသည့်နောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့တွင် သူ့ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် အဖြစ်ခန့်အပ်သည်။ [၁၃] သူသည် စစ်ကောင်စီခန့်အပ်သည့် တတိယမြောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၏ ဝန်ကြီးချုပ် ဖြစ်သည်။
ရွေးကောက်ပွဲယှဉ်ပြိုင်မှု
[ပြင်ဆင်ရန်]သူသည် ၂၀၂၅ ခုနှစ်၊ဒီဇင်ဘာ ၂၈ ရက် တွင် ကျင်းပသည့် အထွေထွေရွေးကောက်ပွဲ ၂၀၂၅-၂၀၂၆ အပိုင်း(၁)တွင် ရှမ်းပြည်နယ်၊တောင်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု၍ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။သူသည် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီ ကိုယ်စားလှယ်လောင်း ဒေါ်နန်းကျင်း (ခ) ဒေါ်နန်းစိန်အား မဲအရေအတွက် ၁၆ဝဝဝ ခန့်အကွာဖြင့် ရှုံးနိမ့်ခဲ့သည်။[၁၄] [၁၅]
ကိုးကား
[ပြင်ဆင်ရန်]- ↑ စစ်ရှုံးသော်လည်း ရမခ တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး ရာထူးတိုး။ The Irrawaddy (၂ ဖေဖော်ဝါရီ ၂၀၂၄)။ ၃ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကျင်းပ။ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန (၃ ဇူလိုင် ၂၀၂၅)။ ၂ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ ပြည်နယ်ဝန်ကြီးချုပ် အစားထိုးခန့်အပ်ခြင်း။ MOI Myanmar (၃၁ ဇန်နဝါရီ ၂၀၂၄)။ ၃၁ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ နမ်းခမ်းမြို့ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား လက်နက်များတပ်ဆင်အပ်နှင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုငွေများပေးအပ်။ MOI Myanmar (၂၈ စက်တင်ဘာ ၂၀၂၃)။ ၃ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ AUNG, Aung။ open sanctions။ 3 February 2024 တွင် ပြန်စစ်ပြီး။
- ↑ ရန်ကုန်တိုင်း စစ်တိုင်းမှူး ဗိုလ်ချုပ် သက်ပုံ စစ်ဆင်ရေး အထူးအဖွဲ့ မှူး အဖြစ် ရာထူးတိုး။ The Irrawaddy (၃၀ ဇွန် ၂၀၂၀)။ ၃ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များ ရာထူး အပြောင်းအလဲ ပြုလုပ်။ The Irrawaddy (၅ အောက်တိုဘာ ၂၀၂၂)။ ၃ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ လွိုင်ကော်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး။ CINCDS Myanmar (၂၂ အောက်တိုဘာ ၂၀၂၂)။ ၃ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ရှမ်းမြောက် ပြည်သူ့စစ်များကို စစ်ကောင်စီလက်နက်ထုတ်ပေး။ Myanmar Now (၂၉ စက်တင်ဘာ ၂၀၂၃)။ 3 February 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ စစ်ဗိုလ်ချုပ်ကြီး ၂ ဦးကို မြန်မာစစ်တပ်က အရေးယူ။ VOA Burmese (၂၆ ဇွန် ၂၀၁၈)။ ၃ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ကာချုပ်၊ ဒုချုပ်နဲ့ တပ်မမှူး နှစ်ယောက်ကို အမေရိကန် ပြည်ဝင်ခွင့်ပိတ်။ BBC Burmese (၁၇ ဇူလိုင် ၂၀၁၉)။ ၃ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ဆွစ်ဇာလန်နိုင်ငံက အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်တွေကို ဒဏ်ခတ်အရေးယူ။ Ayeyarwaddy Times (၁၈ မေ ၂၀၂၃)။ ၃ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ရှမ်း-ကယား အထူးစစ်ဆင်ရေးမှူး ဒုဗိုလ်ချုပ်ကြီးအောင်အောင် ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် စစ်ကောင်စီအစားထိုး ခန့်အပ်။ Mekong News (၁ ဖေဖော်ဝါရီ ၂၀၂၄)။ 3 February 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ တောင်ကြီးနဲ့မြိတ်မှာ စစ်ဗိုလ်ချုပ်တွေ ရွေးကောက်ပွဲရှုံးနိမ့်။ RFA (၃၀ ဒီဇင်ဘာ ၂၀၂၅)။ ၂ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ ကမ္ဘာကျော်သွေးစွန်းလက်ပိုင်ရှင် တပ်မ (၃၃) တပ်မမှူး၏ မအောင်မြင်သောရွေးကောက်ပွဲအိပ်မက်။ Myanmar Now (၂ ဇန်နဝါရီ ၂၀၂၆)။ ၂ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]