မာတိကာသို့ ခုန်သွားရန်

မန်းဂျော်နီ

ဝီကီပီးဒီးယား မှ
မန်းဂျော်နီ
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၈ ဖေဖော်ဝါရီ ၂၀၁၆
မဲဆန္ဒနယ်ကျုံပျော်မြို့နယ် မဲဆန္ဒနယ် ၂
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၆  ၉ ဇန်နဝါရီ ၂၀၁၈
ယခင်လူဦးသိန်းအောင်
ဆက်ခံသူဦးလှမိုးအောင်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၂ မေ ၂၀၁၂  ၂၉ ဇန်နဝါရီ ၂၀၁၆
ယခင်လူတင့်ဆန်း
ဆက်ခံသူစိုးမိုးသူ
မဲဆန္ဒနယ်မြောင်းမြမြို့နယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ယခင်လူအခြေခံဥပဒေ စတင်
ဆက်ခံသူအခြေခံဥပဒေ ဖျက်သိမ်း
မဲဆန္ဒနယ်ကျုံပျော်မြို့နယ် မဲဆန္ဒနယ် ၁
အနိုင်ရမဲ အရေအတွက်၃၁,၇၃၁ (၇၃%)
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (၁၉၄၂-0၁-၃၀) ဇန်နဝါရီ ၃၀၊ ၁၉၄၂ (အသက် ၈၄)
ဆင်ခေါင်းကြီး၊ ပုသိမ်မြို့ ဗြိတိသျှဘားမား
လူမျိုးကရင်
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
သွေးသားတော်စပ်သူဦးကျော်ဦး (ဖခင်)
ဒေါ်ခြောက် (မိခင်)
မိခင်ကျောင်းပုသိမ်ဒေသကောလိပ်
ရန်ကုန်ပညာရေးတက္ကသိုလ်
အလုပ်အကိုင်နိုင်ငံရေးသမား
ကိုးကွယ်သည့်ဘာသာခရစ်ယာန်

မန်းဂျော်နီ သည် မြန်မာနိုင်ငံသား ကရင်လူမျိုး နိုင်ငံရေးသမားနှင့် နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်ပြီး ၁၉၉၀ အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ အထွေထွေရွေးကောက်ပွဲ၂၀၁၅အထွေထွေရွေးကောက်ပွဲ ၂၀၂၀ များတွင်   အနိုင်ရ အမတ်တစ်ဦးအဖြစ် လေးကြိမ်လုံး ရွေးချယ်တင်မြှောက်ခံရသူဖြစ်ကာ ဝါရင့်နိုင်ငံရေး သမားကြီးတစ်ဦးလည်းဖြစ်သည်။ [] ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် မဲအရေအတွက် ၃၁,၇၃၁ ဖြင့် ရွေးကောက်ခံခဲ့ရသော်လည်း ဆောင်ရွက်ခွင့်မရခဲ့ပေ။[]

ဦးမန်းဂျော်နီသည် တက္ကသိုလ်ဝင်တန်းကို ၁၉၆၀ တွင် အောင်မြင်ခဲ့ပြီး ပုသိမ်ဒေသကောလိပ်တွင် ပညာသင်ကြားခဲ့သည်။[] ၁၉၆၅ မှ ၁၉၈၆ အထိ မူလတန်းနှင့် အလယ်တန်းပြ ဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။[] ၁၉၈၀ တွင် ရန်ကုန်ပညာရေးတက္ကသိုလ်မှ ဒီပလိုမာ ရရှိခဲ့သည်။[]

ရွေးချယ်တင်မြှောက်ခံရခြင်းများ

[ပြင်ဆင်ရန်]

၁၉၈၉ ခုနှစ်မှစ၍ NLD ပါတီအဖွဲ့ဝင် အဖြစ် စတင်ဝင်ရောက်ခဲ့သည်။၂၀၁၅ ရွေးကောက်ပွဲတွင် ကျုံပျော်မြို့ မဲဆန္ဒနယ်အမှတ်(၂) မှရွေးကောက်တင်မြှောက်ခြင်းခံရကာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်ခဲ့သည်။[]

ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်နေစဉ် ၂၀၁၇ခုနှစ် ဇန်နဝါရီ ၆ရက်နေ့က  နေပြည်တော်သို့  အစည်းအဝေးတက်ရန် ပုသိမ်မှအသွား  ညောင်တုန်းမြို့နယ် ဆားမလောက်ကျေးရွာ အနီးတွင်  ရန်ကုန်- ဇလွန် ခရီးသည်တင်ကား ၁ စင်း၏ ဝင်ရောက်တိုက်မိခြင်းကို ခံခဲ့ရ၍ ရန်ကုန်ဆေးရုံကြီးသို့ တက်ရောက်ကုသမှုခံယူခဲ့ရသေးသည်။[]

မန်းဂျော်နီသည် ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်ခဲ့သော်လည်း   ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင်  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အဖြစ် ဆက်ရှိနေခဲ့ပြီး လွှတ်တော်အစည်းအဝေးများအား ဆက်တက်ခဲ့သည်။ []

ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး ၂၄ ကြိမ်တွင် မန်းဂျော်နီ အပါအဝင် နှစ်ဦးက မေးခွန်းနှင့် အဆိုတစ်ခုမှ မေးမြန်းတင်သွင်းခြင်းမရှိခဲ့ဘဲတခြားလွှတ်တော် ကိုယ်စားလှယ်များ တင်သွင်းသည့် အဆိုများကိုမူ  ထောက်ခံဆွေးနွေးခြင်း တစ်ကြိမ်စီရှိခဲ့သည်ဟု လွှတ်တော်မှတ်တမ်းများအား ကိုးကားကာRFAက ဖော်ပြမှုလည်းရှိခဲ့သည်။[]

မန်းဂျော်နီသည် ၂၀၁၈ခုနှစ် မတ် ၂၄ရက်နေ့တွင် ကျင်းပသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့်  အဖွဲ့ဝင်(၆)ဦးပါသော ပါတီ၏သဘာပတိအဖွဲ့တွင် အဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့သည်။[]

ယင်းနောက် အထွေထွေရွေးကောက်ပွဲ ၂၀၂၀ တွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂) မှနေ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး[] ခိုင်လုံမဲအရေအတွက် ၁၈၃၀၂၇မဲ၊ ခိုင်လုံမဲရာခိုင်နှုန်း ၇၀ဒသမ၄၁ရာခိုင်နှုန်းဖြင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် တင်မြှောက်ခံခဲ့ရသည်။[]

၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်းဖြစ်ရပ်များ

[ပြင်ဆင်ရန်]

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းခြင်းတွင် အမျိုးသားလွှတ်တော်အစည်းအဝေးသို့တက်ရောက်ရန်အတွက်  လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုသည့်  နေပြည်တော် စည်ပင်ဝင်းထဲတွင် မန်းဂျော်နီလည်း ရောက်ရှိနေခဲ့သည်။ထိန်းသိမ်းခြင်းကို မခံရပေ။

အာဏာသိမ်းခံရပြီး ၇လအကြာတွင်  စစ်ကောင်စီကို ပြန်လည်ခုခံရန် တောတွင်းတစ်နေရာတွင်  စစ်ရေးလေ့ကျင့်နေကြောင်း မန်းဂျော်နီက အများသိကြေညာခဲ့သည်။[၁၀]

နောက်ဆက်တွဲအနေဖြင့် ၂၀၂၁ခုနှစ် အောက်တိုဘာလ ၃၁ရက်တွင်   မန်းဂျော်နီ၏ ကျုံပျော်မြို့၊ အောင်ဆန်းရပ်ကွက်ရှိ  နေအိမ်ကို စစ်ကောင်စီက လာရောက်ချိတ်ပိတ်ခဲ့သည်။[၁၁] [၁၂]

ကိုးကား

[ပြင်ဆင်ရန်]
  1. "Names of Pyithu Hluttaw representatives announced"၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ Government of Myanmar၊ 2 April 2012 5 October 2012 တွင် ပြန်စစ်ပြီး Archived from the original on 9 May 2012။
  2. 1 2 3 4 Khin Kyaw Han (1 February 2003)။ Brief Biographies of Elected MPs 1990 Multi-party Democracy General Elections 5 October 2012 တွင် ပြန်စစ်ပြီး။
  3. ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီအား တိုင်းဒေသကြီးဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခွင့်ပြု (၉ ဇန်နဝါရီ ၂၀၁၈)။ ၉ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  4. ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးမန်းဂျော်နီ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရ RFA (၆ ဇန်နဝါရီ ၂၀၁၇)။ ၃ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. မော်ကွန်းတင်ပြီးမိတ္တူ 20 October 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 June 2022 တွင် ပြန်စစ်ပြီး။
  6. မေးခွန်းနဲ့ အဆို မေးမြန်းတင်သွင်းခြင်းမရှိသူ စာရင်းမှာ ဦးမန်းဂျော်နီ ပါဝင် RFA (၁၁ ဇန်နဝါရီ ၂၀၂၁)။ ၃ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  7. အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပြင်ဆင်ဖွဲ့စည်း Xinhua News (၃၀ မတ် ၂၀၁၈)။ ၃ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  8. ဧရာဝတီတိုင်းဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့သည့် ဦးမန်းဂျော်နီ ၂၀၂၀ရွေးကောက်ပွဲ ဝင်ယှဉ်ပြိုင်မည် MyanmaPlatform News (၂၄ ဇူလိုင် ၂၀၂၀)။ ၃ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  9. အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီ၏ ဆန္ဒမဲရရှိမှုအခြေအနေ(၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ) UEC Myanmar 18 June 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  10. “ပြည်သူသာလျှင်အမိ၊ ပြည်သူသာလျှင်အဖ၊ ပြည်သူပါရင် အားလုံးနိုင်မယ်” Myanmar Now (၂၉ ဩဂုတ်၂၀၂၁)။ ၃ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  11. ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ၏ နေအိမ် ချိပ်ပိတ်ခံရ Myanmar Now (၁ နိုဝင်ဘာ ၂၀၂၁)။ ၃ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  12. တိုင်းဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီရဲ့သား ဖမ်းဆီးစစ်ဆေးခံရ RFA (၃၀ ဩဂုတ် ၂၀၂၁)။ ၃ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]