မာတိကာသို့ ခုန်သွားရန်

ခက်ထိန်နန်

ဝီကီပီးဒီးယား မှ

ခက်ထိန်နန်
ကချင်ပြည်နယ် ဝန်ကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃၁ ဇူလိုင် ၂၀၂၅
ခန့်အပ်သူအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ
သမ္မတမင်းအောင်လှိုင် (ယာယီ-တာဝန်)
ယခင်လူကိုယ်တိုင်
တာဝန်သက်တမ်း
၁ ဩဂုတ် ၂၀၂၁  ၃၁ ဇူလိုင် ၂၀၂၅
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတမြင့်ဆွေ (ယာယီ)
မင်းအောင်လှိုင် (ယာယီ-တာဝန်)
ယခင်လူကိုယ်တိုင် (ပစကဥက္ကဋ္ဌအဖြစ်)
ဆက်ခံသူကိုယ်တိုင်
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၂ ဖေဖော်ဝါရီ ၂၀၂၁  ၁ ဩဂုတ် ၂၀၂၁
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတမြင့်ဆွေ (ယာယီ)
ယခင်လူကောင်စီစတင်
ဆက်ခံသူကိုယ်တိုင်
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၃၁ ဇန်နဝါရီ ၂၀၁၁  ၂၉ ဇန်နဝါရီ ၂၀၁၆
ယခင်လူအခြေခံဥပဒေစတင်
ဆက်ခံသူဦးဂျေယောဝူ
မဲဆန္ဒနယ်ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁)
အနိုင်ရမဲ အရေအတွက်၅၂,၃၉၁
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1959-04-01) ဧပြီ ၁၊ ၁၉၅၉ (အသက် ၆၆)
မိုးကောင်းမြို့နယ်ကချင်ပြည်နယ်မြန်မာနိုင်ငံ
နိုင်ငံရေးပါတီစည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ ကချင်ပြည်နယ်
သွေးသားတော်စပ်သူဦးခက်အောင်
(အစ်ကို)
မိဘဦးခက်လ (ဖခင်)

ဦးခက်ထိန်နန် သည် ကချင်လူမျိုး စီးပွားရေးလုပ်ငန်းရှင်နှင့် နိုင်ငံရေးသမားတစ်ဦးဖြစ်ကာ လက်ရှိတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မှ ဇူလိုင်လအထိ ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဥက္ကဋ္ဌလည်းဖြစ်သည်။

သူသည် ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များ အများပိုင်ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။[] ကချင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ၂၀၁၆ခုနှစ်မှ ၂၀၂၁ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သော ဦးခက်အောင် မှာ ဦးခက်ထိန်နန်နှင့် ညီအစ်ကို တော်စပ်သူဖြစ်သည်။

ငယ်ဘဝနှင့်ပညာရေး

[ပြင်ဆင်ရန်]

ဦးခက်ထိန်နန်ကို ၁၉၅၉ခုနှစ် ဧပြီလ ၁ရက်နေ့တွင် မိုးကောင်းမြို့နယ်၌ ဖွားမြင်ခဲ့သည်။ သတ္တဗေဒ ဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့သည်။[]

နိုင်ငံရေး

[ပြင်ဆင်ရန်]

လွှတ်တော်ကိုယ်စားလှယ်ဘဝ

[ပြင်ဆင်ရန်]

ဦးခက်ထိန်နန်သည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော် ကချင်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၁)မှ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီကချင်ပြည်နယ် (စဒက) ပါတီကိုယ်စားပြု ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့သည်။ တစ်ဦးတည်းသောပြိုင်ဘက်ဖြစ်သူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်လောင်းအား မဲအရေအတွက် (၂၀,၀၀၀) ကျော်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။[] သူသည် ဦးသိန်းစိန်အစိုးရနှင့် ကေအိုင်အို တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့သည်။[]

၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုငိဘက်ဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်းအား မဲအရေအတွက် (၃၀,၀၀၀) ကျော်ကွာခြားချက်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ဆန္ဒမဲအရေအတွက် (၁၈,၈၈၂) ဖြင့် ကိုယ်စားလှယ်လောင်း (၁၀)ဦးတွင် ဒုတိယအများဆုံး ရရှိခဲ့သည်။[]

ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲ

[ပြင်ဆင်ရန်]

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်အောင် အား ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီလ (၂)ရက်နေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့အား ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖြစ် ဖွဲ့စည်းကာ ဦးခက်ထိန်နန်အား ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့သည်။[] ၂၀၂၁ ခုနှစ် ဩဂုတ်လ (၁)ရက်နေ့တွင် အိမ်စောင့်အစိုးရ ဖွဲ့စည်းခြင်းနှင့်အတူ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များကို ပြန်လည်ဖွဲ့စည်းရာ ဦးခက်ထိန်နန်သည် ကချင်ပြည်နယ်၏ ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။[]ကချင်လူမှုအခြေပြု အဖွဲ့အစည်းများသည် ဦးခက်ထိန်နန်ကို ရှုတ်ချခဲ့ကြပြီး ကချင်အမျိုးသား သစ္စာဖောက်ဟု သုံးစွဲခဲ့ကြသည်။[]

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီးနောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအား အမြင့်ဆုံး အုပ်ချုပ်ရေးယန္တရားအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းလိုက်ရာ သူ့ကို ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဆက်လက်ခန့်အပ်ခဲ့သည်။ []

ပိတ်ဆို့အရေးယူခံရခြင်း

[ပြင်ဆင်ရန်]

၂၀၂၁ခုနှစ် အောက်တိုဘာလတွင် အမေရိကန်ပြည်ထောင်စုမှ မြန်မာနိုင်ငံမှ တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ် (၄)ဦးအား ဒဏ်ခတ်အရေးယူခဲ့ရာ ဦးခက်ထိန်နန်လည်း ပါဝင်ခဲ့သည်။ [၁၀][၁၁]

ပုဂ္ဂိုလ်ရေးဘဝ

[ပြင်ဆင်ရန်]

ဦးခက်အောင်သည် ဦးခက်ထိန်နန်၏ အစ်ကိုတော်စပ်သူဖြစ်သည်။ ၂၀၂၁ခုနှစ်တွင် ဦးခက်အောင်ကို ကချင်ပြည်နယ် ဝန်ကြီးချုပ်နေရာမှ တပ်မတော်က ဖယ်ရှားခဲ့ပြီးနောက် ညီဖြစ်သူ ဦးခက်ထိန်နန်ကို ကောင်စီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ရာထူးများ ခန့်အပ်ခဲ့ခြင်းဖြစ်သည်။[၁၂]

ဂုဏ်ပြုခံရခြင်း

[ပြင်ဆင်ရန်]

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ  ၁၇  ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂၁၁/၂၀၂၂ အားဖြင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သော သီရိပျံချီဘွဲ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင်က ချီးမြှင့်အပ်နှင်းခဲ့သည်။[၁၃]

ကိုးကား

[ပြင်ဆင်ရန်]
  1. Kachin People invited to take part in boosting state's economy 7 February 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 February 2022 တွင် ပြန်စစ်ပြီး။
  2. "ဦးခက်ထိန်နန်" 7 February 2022 တွင် ပြန်စစ်ပြီး Archived from the original on 7 February 2022။
  3. ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ 21 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 February 2022 တွင် ပြန်စစ်ပြီး။
  4. ကေအိုင်အိုနှင့် အစိုးရတွေ့ဆုံ
  5. ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ 8 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 February 2022 တွင် ပြန်စစ်ပြီး။
  6. "တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း" 7 February 2022 တွင် ပြန်စစ်ပြီး Archived from the original on 5 February 2022။
  7. "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၅၈ / ၂၀၂၁ ၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက် (၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်တာဝန်ပေးခြင်း"။
  8. "ကပ်ဘေးဒုက္ခဆီသို့ မြန်မာ့စစ်တပ် ခင်းသောလမ်း"။
  9. တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း Myawaddy။ 2 August 2025 တွင် ပြန်စစ်ပြီး။
  10. Global Magnitsky Designations; North Korea Designations; Burma-related Designations; Non-SDN Chinese Military-Industrial Complex Companies (NS-CMIC) List Update
  11. "စစ်ကောင်စီခန့် ဝန်ကြီးချုပ် ၄ ဦးနှင့် စစ်တပ်အဖွဲ့အစည်း ၃ ခု ဒဏ်ခတ်အရေးယူခံရ"၊ The Irrawaddy 2025-6-1 တွင် ပြန်စစ်ပြီး Archived from the original on 2025-6-1။
  12. "ကချင်ပြည်နယ် ဝန်ကြီးချုပ်သစ် ဖြစ်လာနိုင်သူ" 7 February 2022 တွင် ပြန်စစ်ပြီး Archived from the original on 7 February 2022။
  13. ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း ၊အမိန့်ကြော်ငြာစာအမှတ် ၂၁၁ / ၂၀၂၂ ၊ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ သီရိပျံချီဘွဲ့ MWD Webportal။ 2 August 2025 တွင် ပြန်စစ်ပြီး။