ခက်ထိန်နန်
သီရိပျံချီ၊ ဦး ခက်ထိန်နန် | |
|---|---|
| ကချင်ပြည်နယ် ဝန်ကြီးချုပ် | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၆ ဧပြီ ၂၀၂၆ | |
| ခန့်အပ်သူ | မင်းအောင်လှိုင်အစိုးရ |
| သမ္မတ | မင်းအောင်လှိုင် |
| ယခင်လူ | ကိုယ်တိုင် |
| ကချင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၂၀ မတ် ၂၀၂၆ | |
| ယခင်လူ | ဒေါက်တာ ခက်အောင် (NLD) (၂၀၁၅ ရွေးကောက်ပွဲ) |
| မဲဆန္ဒနယ် | မြစ်ကြီးနားမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) |
| အနိုင်ရမဲ အရေအတွက် | မဲ ၃၀၇၄၃ (၅၅.၉၅ရာခိုင်နှုန်း) |
| ကချင်ပြည်နယ် ဝန်ကြီးချုပ် | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၃၁ ဇူလိုင် ၂၀၂၅ | |
| ခန့်အပ်သူ | အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ |
| သမ္မတ | မင်းအောင်လှိုင် (ယာယီ-တာဝန်) |
| ယခင်လူ | ကိုယ်တိုင် |
| တာဝန်သက်တမ်း ၁ ဩဂုတ် ၂၀၂၁ – ၃၁ ဇူလိုင် ၂၀၂၅ | |
| ခန့်အပ်သူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
| သမ္မတ | မြင့်ဆွေ (ယာယီ) မင်းအောင်လှိုင် (ယာယီ-တာဝန်) |
| ယခင်လူ | ကိုယ်တိုင် (ပစကဥက္ကဋ္ဌအဖြစ်) |
| ဆက်ခံသူ | ကိုယ်တိုင် |
| ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ | |
| တာဝန်သက်တမ်း ၂ ဖေဖော်ဝါရီ ၂၀၂၁ – ၁ ဩဂုတ် ၂၀၂၁ | |
| ခန့်အပ်သူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
| သမ္မတ | မြင့်ဆွေ (ယာယီ) |
| ယခင်လူ | ကောင်စီစတင် |
| ဆက်ခံသူ | ကိုယ်တိုင် |
| အမျိုးသားလွှတ်တော် ကိုယ်စားလှယ် | |
| တာဝန်သက်တမ်း ၃၁ ဇန်နဝါရီ ၂၀၁၁ – ၂၉ ဇန်နဝါရီ ၂၀၁၆ | |
| ယခင်လူ | အခြေခံဥပဒေစတင် |
| ဆက်ခံသူ | ဂျေယောဝူ |
| မဲဆန္ဒနယ် | ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁) |
| အနိုင်ရမဲ အရေအတွက် | ၅၂,၃၉၁ |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ဧပြီ ၁၊ ၁၉၅၉ မိုးကောင်းမြို့နယ်၊ ကချင်ပြည်နယ်၊ မြန်မာနိုင်ငံ |
| နိုင်ငံရေးပါတီ | |
| သွေးသားတော်စပ်သူ | ခက်အောင် (အစ်ကို) |
| မိဘ | ခက်လ (ဖခင်) |
ဦးခက်ထိန်နန် သည် ကချင်လူမျိုး စီးပွားရေးလုပ်ငန်းရှင်နှင့် နိုင်ငံရေးသမားတစ်ဦးဖြစ်ကာ လက်ရှိတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မှ ဇူလိုင်လအထိ ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဥက္ကဋ္ဌ အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။
သူသည် ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များ အများပိုင်ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သည့်အပြင် [၁] ကချင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ၂၀၁၆ခုနှစ်မှ ၂၀၂၁ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သော ဦးခက်အောင် နှင့် ညီအစ်ကို တော်စပ်သူဖြစ်သည်။
ငယ်ဘဝနှင့်ပညာရေး
[ပြင်ဆင်ရန်]ဦးခက်ထိန်နန်ကို ၁၉၅၉ခုနှစ် ဧပြီလ ၁ရက်နေ့တွင် မိုးကောင်းမြို့နယ်၌ ဖွားမြင်ခဲ့သည်။ သတ္တဗေဒ ဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့သည်။[၂]
နိုင်ငံရေး
[ပြင်ဆင်ရန်]လွှတ်တော်ကိုယ်စားလှယ်ဘဝ
[ပြင်ဆင်ရန်]ဦးခက်ထိန်နန်သည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော် ကချင်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၁)မှ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီကချင်ပြည်နယ် (စဒက) ပါတီကိုယ်စားပြု ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့သည်။ တစ်ဦးတည်းသောပြိုင်ဘက်ဖြစ်သူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်လောင်းအား မဲအရေအတွက် (၂၀,၀၀၀) ကျော်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။[၃] သူသည် ဦးသိန်းစိန်အစိုးရနှင့် ကေအိုင်အို တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့သည်။[၄]
၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုငိဘက်ဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်းအား မဲအရေအတွက် (၃၀,၀၀၀) ကျော်ကွာခြားချက်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ဆန္ဒမဲအရေအတွက် (၁၈,၈၈၂) ဖြင့် ကိုယ်စားလှယ်လောင်း (၁၀)ဦးတွင် ဒုတိယအများဆုံး ရရှိခဲ့သည်။[၅]
ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲ
[ပြင်ဆင်ရန်]၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်အောင် အား ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီလ (၂)ရက်နေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့အား ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖြစ် ဖွဲ့စည်းကာ ဦးခက်ထိန်နန်အား ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့သည်။[၆] ၂၀၂၁ ခုနှစ် ဩဂုတ်လ (၁)ရက်နေ့တွင် အိမ်စောင့်အစိုးရ ဖွဲ့စည်းခြင်းနှင့်အတူ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များကို ပြန်လည်ဖွဲ့စည်းရာ ဦးခက်ထိန်နန်သည် ကချင်ပြည်နယ်၏ ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။[၇]ကချင်လူမှုအခြေပြု အဖွဲ့အစည်းများသည် ဦးခက်ထိန်နန်ကို ရှုတ်ချခဲ့ကြပြီး ကချင်အမျိုးသား သစ္စာဖောက်ဟု သုံးစွဲခဲ့ကြသည်။[၈]
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီးနောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအား အမြင့်ဆုံး အုပ်ချုပ်ရေးယန္တရားအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းလိုက်ရာ သူ့ကို ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဆက်လက်ခန့်အပ်ခဲ့သည်။ [၉]
ရွေးကောက်ပွဲဝင်ခြင်း
[ပြင်ဆင်ရန်]အထွေထွေရွေးကောက်ပွဲ ၂၀၂၅-၂၀၂၆ တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုပြီး မြစ်ကြီးနယ်မြို့နယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။ကိုယ်စားလှယ်လောင်း(၈)ဦးအထိ ဝင်ပြိုင်ခဲ့ကြသည့် ထိုနေရာတွင် ၎င်းက မဲရလဒ် (၃၀၇၄၃)ဖြင့် အနိုင်ရရှိခဲ့သည်။
၂၀၂၆ ခုနှစ်၊မတ်လ ၂၀ရက်တွင် ကျင်းပသည့် တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် သို့ တက်ရောက်ပြီး လွှတ်တော်အမတ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။၂၀၂၆ ခုနှစ်၊ဧပြီ ၆ရက်တွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသူက ၎င်းအား ကချင်ပြည်နယ် ဝန်ကြီးချုပ် အဖြစ် အဆိုပြုခဲ့သည်။လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုပေးခဲ့၍ ကချင်ပြည်နယ်၏ တတိယမြောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။[၁၀]
ပိတ်ဆို့အရေးယူခံရခြင်း
[ပြင်ဆင်ရန်]၂၀၂၁ခုနှစ် အောက်တိုဘာလတွင် အမေရိကန်ပြည်ထောင်စုမှ မြန်မာနိုင်ငံမှ တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ် (၄)ဦးအား ဒဏ်ခတ်အရေးယူခဲ့ရာ ဦးခက်ထိန်နန်လည်း ပါဝင်ခဲ့သည်။ [၁၁][၁၂]
ပုဂ္ဂိုလ်ရေးဘဝ
[ပြင်ဆင်ရန်]ဦးခက်အောင်သည် ဦးခက်ထိန်နန်၏ အစ်ကိုတော်စပ်သူဖြစ်သည်။ ၂၀၂၁ခုနှစ်တွင် ဦးခက်အောင်ကို ကချင်ပြည်နယ် ဝန်ကြီးချုပ်နေရာမှ တပ်မတော်က ဖယ်ရှားခဲ့ပြီးနောက် ညီဖြစ်သူ ဦးခက်ထိန်နန်ကို ကောင်စီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ရာထူးများ ခန့်အပ်ခဲ့ခြင်းဖြစ်သည်။[၁၃]
ဂုဏ်ပြုခံရခြင်း
[ပြင်ဆင်ရန်]၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂၁၁/၂၀၂၂ အားဖြင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သော သီရိပျံချီဘွဲ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင်က ချီးမြှင့်အပ်နှင်းခဲ့သည်။[၁၄]
၂၀၂၆ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၄၄/၂၀၂၆ ဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော စည်သူဘွဲ့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးမြှင့်အပ်နှင်းခဲ့သည်။[၁၅]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Kachin People invited to take part in boosting state's economy။ 7 February 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 February 2022 တွင် ပြန်စစ်ပြီး။
- ↑ "ဦးခက်ထိန်နန်"။ 7 February 2022 တွင် ပြန်စစ်ပြီး။ Archived from the original on 7 February 2022။
- ↑ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ။ 21 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 February 2022 တွင် ပြန်စစ်ပြီး။
- ↑ ကေအိုင်အိုနှင့် အစိုးရတွေ့ဆုံ။
- ↑ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ။ 8 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 February 2022 တွင် ပြန်စစ်ပြီး။
- ↑ "တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း"။ 7 February 2022 တွင် ပြန်စစ်ပြီး။ Archived from the original on 5 February 2022။
- ↑ "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၅၈ / ၂၀၂၁ ၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက် (၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်တာဝန်ပေးခြင်း"။
- ↑ "ကပ်ဘေးဒုက္ခဆီသို့ မြန်မာ့စစ်တပ် ခင်းသောလမ်း"။
- ↑ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း။ Myawaddy။ 2 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ဧရာဝတီ (2026-04-06)။ စစ်တပ်အရာရှိဟောင်းအများစု တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ် ဖြစ်လာ (in en-US)။ 2026-04-07 တွင် ပြန်စစ်ပြီး။
- ↑ Global Magnitsky Designations; North Korea Designations; Burma-related Designations; Non-SDN Chinese Military-Industrial Complex Companies (NS-CMIC) List Update။
- ↑ "စစ်ကောင်စီခန့် ဝန်ကြီးချုပ် ၄ ဦးနှင့် စစ်တပ်အဖွဲ့အစည်း ၃ ခု ဒဏ်ခတ်အရေးယူခံရ"၊ The Irrawaddy။ 2025-6-1 တွင် ပြန်စစ်ပြီး။ Archived from the original on 2025-6-1။
- ↑ "ကချင်ပြည်နယ် ဝန်ကြီးချုပ်သစ် ဖြစ်လာနိုင်သူ"။ 7 February 2022 တွင် ပြန်စစ်ပြီး။ Archived from the original on 7 February 2022။
- ↑ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း ၊အမိန့်ကြော်ငြာစာအမှတ် ၂၁၁ / ၂၀၂၂ ၊ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ သီရိပျံချီဘွဲ့။ MWD Webportal။ 2 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်း | Ministry Of Information (in en)။ 2026-03-04 တွင် ပြန်စစ်ပြီး။