မာတိကာသို့ ခုန်သွားရန်

စိုးသိန်း (ဒုတိယဗိုလ်ချုပ်ကြီး)

ဝီကီပီးဒီးယား မှ
ဒုတိယဗိုလ်ချုပ်ကြီး
သရေစည်သူ

စိုးသိန်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်
ဥက္ကဋ္ဌ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၀ ဧပြီ ၂၀၂၆
ခန့်အပ်သူမင်းအောင်လှိုင်အစိုးရ
သမ္မတမင်းအောင်လှိုင်
လက်ထောက်
ယခင်လူလွင်ဦး
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်
တာဝန်သက်တမ်း
၁ ဖေဖော်ဝါရီ ၂၀၂၂  ၁၀ ဧပြီ ၂၀၂၆
ယခင်လူလှစိုး
ဆက်ခံသူအောင်နိုင်သူ
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ
တပ်/တပ်ဖွဲ့ခွဲတပ်မတော်
ရာထူး ဒုတိယဗိုလ်ချုပ်ကြီး

ဦးစိုးသိန်းသည် တပ်မတော်မှ အငြိမ်းစားအရာရှိတစ်ဦးဖြစ်ပြီး လက်ရှိတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။[]

ယင်းမတိုင်မီက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ဖြင့် အငြိမ်းစားယူခဲ့သူလည်းဖြစ်သည်။[]

အလုပ်အကိုင်

[ပြင်ဆင်ရန်]

သူသည် စစ်တက္ကသိုလ် အပါတ်စဉ် ၂၄ ဆင်း ဖြစ်သည်။[] ပြန်တမ်းဝင် အမှတ် ကြည်း ၁၇၄၄၆ ဖြင့် စစ်မှုထမ်းသည်။ ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်းသည် တပ်မတော်တွင် တပ်မတော်စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် (ကြည်း၊ ရေ၊ လေ)အဖြစ် ၂၀၁၇ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်တွင် အုပ်ချုပ်ရေးကဏ္ဍ၌ တာဝန်ပေးအပ်ခံခဲ့ရသည်။

အစိုးရအဖွဲ့ရာထူးများ

[ပြင်ဆင်ရန်]

၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုအပြီးတွင် တပ်မတော်မှ အငြိမ်းစားယူသည်။၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသည်။[]ထို့နောက် ၂၀၂၆ ခုနှစ်၊ဧပြီ၇ ရက်တွင် နိုင်ငံတော်သမ္မတ အဖြစ် တင်မြှောက်ခံရသူက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌအဖြစ် ဦးစိုးသိန်းကို အဆိုပြုခဲ့သည်။ ဧပြီ ၉ ရက်တွင် ၎င်းအပါအဝင် အဖွဲ့ဝင်ကိုးဦးအား ခန့်အပ်ရန် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် က အစည်းအဝေးတွင် သဘောတူအတည်ပြုခဲ့သည်။

ဂုဏ်ပြုခံရခြင်း

[ပြင်ဆင်ရန်]

၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၎င်း အား စည်သူဘွဲ့ အပ်နှင်းသည်။ [] ၂၀၂၆ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၄၄/၂၀၂၆ ဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော သရေစည်သူဘွဲ့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးမြှင့်အပ်နှင်းခဲ့သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌအဖြစ် ဦးစိုးသိန်းအပါအဝင် အဖွဲ့ဝင်ကိုးဦးအား ခန့်အပ်ရန် ပြည်ထောင်စုလွှတ်တော်က သဘောတူအတည်ပြု (in my)။ 2026-04-09 တွင် ပြန်စစ်ပြီး။
  2. ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း တိုက်ကြီးမြို့နယ် အဖျောက် သဘာဝဓာတ်ငွေ့မြေသို့ သွားရောက် ကြည့်ရှုစစ်ဆေး | Information and Public Relations Department (in en)။ 2026-04-09 တွင် ပြန်စစ်ပြီး။
  3. ရန်ကုန်ဝန်ကြီးချုပ်သစ်အဖြစ် စစ်ထောက်ချုပ်ဟောင်း ဦးစိုးသိန်းနှင့် ကယားဝန်ကြီးချုပ်သစ်အဖြစ် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ဟောင်း ဦးဇော်မျိုးတင်တို့ကိုခန့်အပ်မည် NP News (၁ ဖေဖော်ဝါရီ ၂၀၂၂)။ ၁၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ဦးစိုးသိန်းနှင့် ကယားပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဦးဇော်မျိုးတင်တို့အား ခန့်အပ် Eleven Media Group (၁ ဖေဖော်ဝါရီ ၂၀၂၂)။ ၁၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  5. ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း ၊ အမိန့်ကြော်ငြာစာအမှတ် ၂၁၁ / ၂၀၂၂ ၊ ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များ NP News (၁၇ နိုဝင်ဘာ ၂၀၂၂)။ ၁၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  6. ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်း | Ministry Of Information (in en)။ 2026-03-04 တွင် ပြန်စစ်ပြီး။