ဇော်မျိုးတင်
ဇော်မျိုးတင် | |
|---|---|
| စစ်ထောက်ချုပ် | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ဇန်နဝါရီ ၂၀၂၆ | |
| ခန့်အပ်သူ | တပ်မတော်ကာကွယ်ရေးဦးစီးချုပ် |
| ယခင်လူ | ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဟိန်း |
| ကယားပြည်နယ် ဝန်ကြီးချုပ် | |
| တာဝန်သက်တမ်း ၃၁ ဇူလိုင် ၂၀၂၅ – ၃၀ ဒီဇင်ဘာ ၂၀၂၅ | |
| ခန့်အပ်သူ | အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ |
| သမ္မတ | မင်းအောင်လှိုင် (ယာယီတာဝန်) |
| ယခင်လူ | ကိုယ်တိုင် |
| ဆက်ခံသူ | ဦးစိန်ဦး |
| တာဝန်သက်တမ်း ၁ ဖေဖော်ဝါရီ ၂၀၂၂ – ၃၁ ဇူလိုင် ၂၀၂၅ | |
| ခန့်အပ်သူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
| သမ္မတ | မြင့်ဆွေ (ယာယီ) မင်းအောင်လှိုင် (ယာယီတာဝန်) |
| ယခင်လူ | ခင်မောင်ဦး |
| ဆက်ခံသူ | ကိုယ်တိုင် |
| တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် | |
| တာဝန်သက်တမ်း ဩဂုတ် ၂၀၂၁ – ဇန်နဝါရီ ၂၀၂၂ | |
| ယခင်လူ | ဗိုလ်ချုပ်ကြီး မောင်မောင်အေး ညှိကွပ်ရာထူးနှင့်ပူးတွဲတာဝန်ယူ |
| ဆက်ခံသူ | ဗိုလ်ချုပ်ကြီး မောင်မောင်အေး ညှိကွပ်ရာထူးနှင့်ပူးတွဲတာဝန်ယူ[၁] |
| နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး | |
| တာဝန်သက်တမ်း ဇန်နဝါရီ ၂၀၂၁ – ဩဂုတ် ၂၀၂၁ | |
| ယခင်လူ | ဗိုလ်ချုပ် သောင်းထိုက်ရွှေ |
| ဆက်ခံသူ | ဗိုလ်ချုပ်ဇော်ဟိန်း |
| ကယားပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး | |
| တာဝန်သက်တမ်း ၅ ဇူလိုင် ၂၀၁၃ – ၂၃ ဖေဖော်ဝါရီ ၂၀၁၇ | |
| ယခင်လူ | ဗိုလ်မှူးကြီး တင်စိုး |
| ဆက်ခံသူ | ဗိုလ်မှူးကြီး မြင့်ဝေ |
| ပထမအကြိမ် နှင့် ဒုတိယအကြိမ် ကယားပြည်နယ် လွှတ်တော် တပ်မတော်သားကိုယ်စားလှယ် | |
| တာဝန်သက်တမ်း ၅ ဇူလိုင် ၂၀၁၃ – ၂၃ ဖေဖော်ဝါရီ ၂၀၁၇ | |
| ယခင်လူ | ဗိုလ်မှူးကြီး တင်စိုး |
| ဆက်ခံသူ | ဗိုလ်မှူးကြီး မြင့်ဝေ |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၁၉၆၇ မြန်မာနိုင်ငံ |
| မိခင်ကျောင်း | စစ်တက္ကသိုလ် (အပတ်စဉ်-၃၂) |
| စစ်မှုထမ်းခြင်း | |
| သစ္စာခံနိုင်ငံ | |
| တပ်/တပ်ဖွဲ့ခွဲ | |
| ရာထူး | |
ဒုတိယဗိုလ်ချုပ်ကြီး ဇော်မျိုးတင် သည် လက်ရှိ စစ်ထောက်ချုပ် အဖြစ် တာဝန်ထမ်းဆောင်နေပြီး[၂]၊ ကယားပြည်နယ် ဝန်ကြီးချုပ် အဖြစ်မှ မူလစစ်ဘက်ရာထူးသို့ ပြန်လည် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ယင်းမတိုင်မီက လွိုင်ကော်ဒေသကွပ်ကဲမှု စစ်ဌာနချုပ် ဒကစမှူး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် အဖြစ် ဆောင်ရွက်ခဲ့သည်။[၃]ထို့အပြင် ၂၀၁၃ ခုနှစ် မှ ၂၀၁၇ ခုနှစ်အတွင်း ကယားပြည်နယ် လွှတ်တော်၏ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် နှင့် ပြည်နယ်အစိုးရအဖွဲ့၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး အဖြစ် နိုင်ငံရေးရာထူးများကိုလည်း ထမ်းဆောင်ခဲ့သည်။
စစ်မှုထမ်းခြင်း
[ပြင်ဆင်ရန်]အစောပိုင်းဘဝ
[ပြင်ဆင်ရန်]သူသည် စစ်တက္ကသိုလ် အပတ်စဉ် (၃၂)ဆင်း ဖြစ်သည်။၎င်း၏ ပြန်တမ်းဝင် ကိုယ်ပိုင်အမှတ်မှာ ကြည်း (၂၂၅၈၂) ဖြစ်သည်။[၄]
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ဘဝ
[ပြင်ဆင်ရန်]သူသည် ၂၀၁၃ ခုနှစ်၊ဇူလိုင် ၅ရက် တွင် ဗိုလ်မှူးကြီးရာထူးဖြင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) မှနေ၍ ကယားပြည်နယ်အစိုးရအဖွဲ့၏ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ်လည်းကောင်း၊ပထမအကြိမ် ကယားပြည်နယ်လွှတ်တော် ၏ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အဖြစ် လည်းကောင်း ခန့်အပ်တာဝန်ပေးခံရသည်။[၅]
၂၀၁၆ခုနစ်၊ဇန်နဝါရီ ၁၈ရက် တွင် ကယားပြည်နယ်လွှတ်တော် တပ်မတော်သားကိုယ်စားလှယ် အဖြစ် ကြေညာခံရပြီး[၆]၊ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ၏ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၇ခုနှစ်၊ဖေဖော်ဝါရီ ၂၃ရက် အထိ ထမ်းဆောင်ခဲ့သည်။[၇]
သူသည် ပြည်နယ် လုံနယ်ဝန်ကြီးအဖြစ် ဦးခင်မောင်ဦး နှင့် အယ်လ်ဖောင်းရှိုတို့၏ ကယားပြည်နယ်အစိုးရအဖွဲ့များတွင် ၄နှစ်နီးပါးဆက်တိုက် ဆောင်ရွက်ခဲ့သူဖြစ်သည်။[၈]
မူလစစ်ဘက်တာဝန်ပြန်လည်ထမ်းဆောင်
[ပြင်ဆင်ရန်]၂၀၁၇ခုနှစ်၊ဖေဖော်ဝါရီနှောင်းပိုင်းတွင် ဗိုလ်မှူးချုပ်ရာထူးတိုးဖြင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ၊ ကယားပြည်နယ်နှင့်သက်ဆိုင်သည့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)၏ ဒကစမှူး ဖြစ်လာခဲ့သည်။
ထို့နောက် နေပြည်တော်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊စခန်းမှူးတာဝန်အား ဗိုလ်ချုပ်ရာထူးဖြင့် ဆက်လက်ထမ်းဆောင်ခဲ့သည်။
၂၀၂၁ခုနှစ် ဇန်နဝါရီလတွင် တပ်မတော်အင်အားသို့ရောက်ရှိသွားသော နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေ၏ နေရာသို့ အစားထိုးခန့်အပ်ခံရပြီး စစ်တိုင်းမှူးဖြစ်လာခဲ့သည်။
၂၀၂၁ အာဏာသိမ်းမှုဖြစ်ချိန်တွင် သူသည် နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူး အဖြစ် တာဝန်ယူထားရသည်။[၉][၁၀]
၂၀၂၁ခုနှစ် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးနှင့် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်အဖြစ် ပူးတွဲတာဝန်ယူထားသူ ဗိုလ်ချုပ်ကြီးမောင်မောင်အေးအား ထိုနှစ် စက်တင်ဘာလတွင် ညှိနှိုင်းကွပ်ကဲရေးမှူးအဖြစ်သာ တာဝန်ယူစေခဲ့ပြီးနောက် ဗိုလ်ချုပ် ဇော်မျိုးတင်သည် ဒုတိယဗိုလ်ချုပ်ကြီးအဆင့် ရာထူးတိုးဖြင့် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်အဖြစ် ခန့်အပ်ခံရသည်။ ၎င်း၏ တိုင်းမှူးနေရာသို့ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်ချုပ်ဇော်ဟိန်းအား ခန့်အပ်ခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်ဘဝ
[ပြင်ဆင်ရန်]၂၀၂၂ခုနှစ် ဇန်နဝါရီလတွင် ကယားပြည်နယ် လွိုင်ကော်ခရိုင်တွင် တပ်မတော်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၊ လက်နက်ကိုင်အဖွဲ့အစည်းများအကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး ပြည်နယ်မြို့တော်ဖြစ်သော လွိုင်ကော်မြို့နှင့် ပတ်ဝန်းကျင်ရှိ ဒေသခံများ ရှောင်တိမ်းထွက်ပြေးခဲ့ရသည်အထိ ဖြစ်ခဲ့သည်။[၁၁][၁၂]
၂၀၂၂ခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့တွင် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် (၂)ကြိမ်တိုင် တာဝန်ယူခဲ့သူ၊ ဦးခင်မောင်ဦး သည် ပြည်နယ်ဝန်ကြီးချုပ်တာဝန်မှ အနားပေးခံရသည်။[၁၃] ထိုနေရာသို့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် ဒုတိယဗိုလ်ချုပ်ကြီး ဇော်မျိုးတင် သည် ပြည်နယ်ဝန်ကြီးချုပ် အဖြစ် အစားထိုး ခန့်အပ်ခံရသည်။[၁၄]
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်တွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးသည် အမိန့်အမှတ်၊ ၅၄ / ၂ဝ၂၅ ဖြင့် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်အား စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်စေလိုက်ကြောင်း အမိန့်တစ်ရပ်ထုတ်ပြန်ခဲ့သည်။[၁၅]
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇၊ ပုဒ်မခွဲ (ခ) အရ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်အား စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်စေလိုက်ကြောင်း အမိန့်စာတွင်ဖော်ပြခဲ့ပြီး၊ ကယားပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာ ဝန်ကြီး ဦးစိန်ဦးသည် ကယားပြည်နယ် ဝန်ကြီးချုပ် အသစ် ဖြစ်လာခဲ့သည်။
မူလစစ်ဘက်တာဝန်ပြန်လည်ထမ်းဆောင်
[ပြင်ဆင်ရန်]၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ဦးဇော်မျိုးတင် သည် ဒုတိယဗိုလ်ချုပ်ကြီး ရာထူးဖြင့် တပ်မတော်၏ စစ်ထောက်ချုပ် တာဝန်ကို ပေးအပ်ခံခဲ့ရပြီး၊ ဗိုလ်မှူးကြီး အဆင့်နှင့် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်တို့တွင် မူလ စစ်ဘက်တာဝန်ကို နှစ်ကြိမ်တိုင် ပြန်လည် ထမ်းဆောင်ရသူအဖြစ် စာရင်းဝင်ခဲ့သည်။
ဂုဏ်ပြုခံရခြင်း
[ပြင်ဆင်ရန်]၂၀၂၂ ခုနှစ်၊ဇန်နဝါရီ ၄ ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ သည် အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၂ ဖြင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် ဇေယျကျော်ထင်ဘွဲ့ ကို ချီးမြှင့်အပ်နှင်းခဲ့သည်။[၁၆]
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ သည် အမိန့်ကြော်ငြာစာအမှတ် ၂၁၁/၂၀၂၂ ဖြင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သော သီရိပျံချီဘွဲ့ကို ချီးမြှင့်အပ်နှင်းခဲ့သည်။[၁၇]
၂၀၂၅ ခုနှစ်၊ဇန်နဝါရီ ၄ ရက် နှင့် ဧပြီ ၁၇ ရက် တို့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ သည် ၎င်းအား တပ်မတော်ဆိုင်ရာ စွမ်းဆောင်မှုဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် မြန်မာနိုင်ငံစစ်မှုထမ်းသင်္ဂဟတံဆိပ်အားလည်းကောင်း၊စည်သူဘွဲ့အား လည်းကောင်း တပ်မတော်အရာရှိကြီးရာထူးအဆင့်အတန်းဖြင့် ချီးမြှင့်အပ်နှင်းခဲ့သည်။[၁၈] [၁၉]
ကိုးကား
[ပြင်ဆင်ရန်]- ↑ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် အသစ်ခန့်။ BBC (၁၁ ဩဂုတ် ၂၀၂၃)။ ၁၀ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမည်စာရင်း ကြေညာ။ ၂၀၁၆ ခုနှစ်၊ဇန်နဝါရီ ၁၉ ရက် ထုတ်၊ကြေးမုံသတင်းစာ စာမျက်နှာ(၉) (၁၈ ဇန်နဝါရီ ၂၀၁၆)။ ၂၈ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ် ဇော်မျိုးတင် တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဖြစ်လာ။
- ↑ မြန်မာ့အလင်းသတင်းစာ (၁၉.၁.၂၀၁၆)။
- ↑ ကယားပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း။ နိုင်ငံတော်သမ္မတရုံး၊(အမိန့်အမှတ် ၁၆/၂၀၁၃) (၅ ဇူလိုင် ၂၀၁၃)။ 2 February 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၀ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမည်စာရင်း ကြေညာ။ ၂၀၁၆ ခုနှစ်၊ဇန်နဝါရီ ၁၉ ရက် ထုတ်၊ကြေးမုံသတင်းစာ စာမျက်နှာ(၉) (၁၈ ဇန်နဝါရီ ၂၀၁၆)။ ၂၈ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်သမ္မတရုံး၊(အမိန့်အမှတ် ၄/၂၀၁၇)။ မြန်မာနိုင်ငံတော်ပြန်တမ်း (၂၃ ဖေဖော်ဝါရီ ၂၀၁၇)။ ၁၀ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ ကယားပြည်နယ်သန်းခေါင်စာရင်းအချက်အလက်များဖြန့်ဝေခြင်းနှင့်အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲ။
- ↑ နေပြည်တော် စစ်တိုင်းမှူး အပြောင်းအလဲ ဖြစ်။
- ↑ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အာဏာကစားပွဲ။
- ↑ ကယားတွင် တိုက်ပွဲများကြောင့် စစ်ရှောင် ၁ သိန်း ၇ သောင်းကျော် ရှိလာ။
- ↑ ကရင်နီဒေသမှာ စစ်ရှောင် သိန်းချီရှိပြီလို့ဆို။
- ↑ "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၈ / ၂၀၂၂"။
- ↑ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ဦးစိုးသိန်းနှင့် ကယားပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဦးဇော်မျိုးတင်တို့အား ခန့်အပ်။
- ↑ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်အား စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်စေပြီး ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစိန်ဦးအား ပြည်နယ်ဝန်ကြီးချုပ်အဖြစ်ခန့်အပ်။ Eleven Media Group (၃၀ ဒီဇင်ဘာ ၂၀၂၅)။ ၁၀ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊အမိန့်ကြေညာစာအမှတ် ၂/၂၀၂၂။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (၄ ဇန်နဝါရီ ၂၀၂၂)။ ၁၀ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း ၊အမိန့်ကြော်ငြာစာအမှတ် ၂၁၁ / ၂၀၂၂ ၊ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ သီရိပျံချီဘွဲ့။ MWD Webportal။ 2 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း ၊အမိန့်ကြော်ငြာစာအမှတ် ၄ / ၂၀၂၅။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (၄ ဇန်နဝါရီ ၂၀၂၅)။ ၁၀ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း ၊အမိန့်ကြော်ငြာစာအမှတ် ၆၀ / ၂၀၂၅။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (၁၇ ဧပြီ ၂၀၂၅)။ ၁၀ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]