ရဲမြင့် (ဝန်ကြီးချုပ်)
ဦးရဲမြင့် | |
---|---|
ပထမမြောက်မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် | |
တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၁ – ၃၀ မတ် ၂၀၁၆ | |
ယခင်လူ | ရာထူးစတင် |
ဆက်ခံသူ | ဦးဇော်မြင့်မောင် |
မန္တလေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် | |
တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၁ – ၃၀ မတ် ၂၀၁၆ | |
ယခင်လူ | ရာထူးစတင် |
မဲဆန္ဒနယ် | ပြင်ဦးလွင်မြို့နယ် မဲဆန္ဒနယ် ၂ |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | မြန်မာနိုင်ငံ |
နိုင်ငံရေးပါတီ | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ |
အစိုးရအဖွဲ့ | မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ |
ကိုးကွယ်သည့်ဘာသာ | ထေရဝါဒ ဗုဒ္ဓဘာသာ |
စစ်မှုထမ်းခြင်း | |
တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် (ကြည်း) |
ရာထူး | ဒုတိယ ဗိုလ်ချုပ်ကြီး |
ဦးရဲမြင့် သည် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။ ယခင်က တပ်မတော် (ကြည်း)တွင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးနှင့်၊ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် အဖြစ် ဆောင်ရွက်ခဲ့သည်။[၁]
၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်အတွက် ပြင်ဦးလွင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ ကိုယ်စားပြု၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့သည်။[၂]
အကြမ်းဖက်တိုက်ခိုက်ခံရမှုနှင့် မီးလောင်မှုများ
[ပြင်ဆင်ရန်]၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် ဝန်ကြီးချုပ် ဦးရဲမြင့်နှင့် အခြားဝန်ကြီးနှစ်ဦးပါဝင်သော ယာဉ်တန်းသည် မိုးကုတ်မြို့မှ မန္တလေးမြို့သို့ ပြန်လာစဉ် နောင်ချိုမြို့နယ်၊ ပြင်ဦးလွင်-မိုးကုတ်လမ်းပေါ်တွင် လက်ဆွဲမိုင်းဖြင့် တိုက်ခိုက်ခံခဲ့ရသည်။[၃] ၂၀၁၄ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် ဦးရဲမြင့်၏ မန္တလေးနေအိမ်တွင် လေအေးပေးစက်၏ မီးထိန်းစက် အပူလွန်ရာမှ နေအိမ်မီးလောင်ခံခဲ့ရသည်။[၄] ၂၀၁၄ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် ဦးရဲမြင့်အား ပုဒ်မ ၂၈၅၊ မီးပေါ့ဆမှုဖြင့် အရေးယူခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ "Myanmar region or state parliament agrees to assignment of respective regional chief ministers"၊ Xinhua၊ 14 February 2011။ 18 July 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 21 July 2015။
- ↑ "Mandalay Division MPs"၊ Alternative Asean Network on Burma။ 9 July 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 1 February 2012။
- ↑ "Myanmar's regional chief minister convoy hit by landmine attack"၊ Xinhua၊ 1 February 2014။ 18 July 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 4 March 2016။
- ↑ "Divisional Chief Minister Charged With Negligence in Myanmar Fire"၊ RFA၊ 24 April 2014။ 18 July 2015 တွင် ပြန်စစ်ပြီး။