လှမိုးအောင်
ဦးလှမိုးအောင် | |
---|---|
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် | |
တာဝန်သက်တမ်း ၁၈ ဇန်နဝါရီ ၂၀၁၈ – ၁ ဖေဖော်ဝါရီ ၂၀၂၁ | |
သမ္မတ | ဦးထင်ကျော် |
ယခင်လူ | မန်းဂျော်နီ |
ဆက်ခံသူ | ဦးတင်မောင်ဝင်း |
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် | |
တာဝန်သက်တမ်း ၈ ဖေဖော်ဝါရီ ၂၀၁၆ – ၁ ဖေဖော်ဝါရီ ၂၀၂၁ | |
မဲဆန္ဒနယ် | မြန်အောင်မြို့နယ် မဲဆန္ဒနယ် ၁ |
အနိုင်ရမဲ အရေအတွက် | ၃၇,၁၂၄ (၆၂.၁၇%)[၁] |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ဒီဇင်ဘာ ၂၂၊ ၁၉၆၅ |
နိုင်ငံရေးပါတီ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
ကြင်ဖော်(များ) | ဒေါ်ခင်နှင်းညို |
ပညာရေး | စိုက်ပျိုးရေးဘွဲ့ |
မိခင်ကျောင်း | ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် |
အစိုးရအဖွဲ့ | ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ |
ဦးလှမိုးအောင် (၂၂ ဒီဇင်ဘာ ၁၉၆၅ မွေးဖွား) သည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ယခင် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖြစ်သူ မန်းဂျော်နီ နုတ်ထွက်ပြီးနောက် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ခန့်အပ်ခဲ့သည်။[၂] ဦးလှမိုးအောင်သည် မြန်အောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ ဒုတိယ ဥက္ကဋ္ဌလည်း ဖြစ်သည်။[၃]
အစောပိုင်းဘဝနှင့် ပညာရေး
[ပြင်ဆင်ရန်]ဦးလှမိုးအောင်ကို ၁၉၆၅ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဦးကြည်ဝင်း၊ ဒေါ်ထွေးရီတို့မှ မွေးဖွားခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့ တက်ရောက်ပညာသင်ကြားခဲ့ပြီး စိုက်ပျိုးရေးဘွဲ့ (B.Ag) ကို ၁၉၉၁ ခုနှစ်တွင် ရရှိခဲ့သည်။[၄]
နိုင်ငံရေးလုပ်ကိုင်ခြင်း
[ပြင်ဆင်ရန်]၁၉၈၈ အရေးအခင်းကာလတွင် သပြေကုန်းတိုက်နယ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသို့ ၁၉၈၉ ခုနှစ်တွင် ဝင်ရောက်ခဲ့သည်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် သပြေကုန်းတိုက်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အောင်နိုင်ရေး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။[၄]
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မြန်အောင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်း ခံရသည်။လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကျမ်းကျိန်ပြီးနောက် ဒုတိယအကြိမ် ဧရာဝတီတိုင်းလွှတ်တော်တွင် တိုင်းလွှတ်တော် စိုက်ပျိုးမွေးမြူရေး၊ ဆည်မြောင်း နှင့် သယံဇာတရေးရာကော်မတီ အတွင်းရေးမှူး အဖြစ်တာဝန်ထမ်းဆောင်သည်။ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ရ၍ ထိုကော်မတီအတွင်းရေးမှူးရာထူးမှ နုတ်ထွက်သည်။ ဦးလှမိုးအောင်သည် အထွေထွေရွေးကောက်ပွဲ ၂၀၂၀ တွင်လည်း မြန်အောင်မဲဆန္ဒနယ်(၁) မှနေ၍ အမျိုးသားဒီမိုကရေစီပါတီအဖွဲ့ချုပ် ကိုယ်စားပြု၍ဝင်ပြိုင်ရာ ခိုင်လုံမဲစုစုပေါင်း၏ ၇၁ဒသမ၆၅ရာခိုင်နှုန်းဖြင့် အနိုင်ရသည်။
၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်းဖြစ်ရပ်
[ပြင်ဆင်ရန်]၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း တွင် ဦးလှမိုးအောင်သည်လည်း ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ထိန်းသိမ်းခံရသည်။ တိုင်းအစိုးရအဖွဲ့အိမ်ရာဝင်းထဲ နေအိမ်အကျယ်ချုပ်ဖြင့် ၂နှစ်နီးပါးကြာ ထိမ်းသိမ်းခံရသည်။[၅] စစ်ကောင်စီက ၎င်းအား မည်သည့် ပုဒ်မတပ်ကာ တရားစွဲဆို အရေးယူခြင်းမရှိပေ။စစ်ကောင်စီလက်ထက် ပုဒ်မတပ်အရေးမယူခံရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရဝန်ကြီးချုပ်များစာရင်းထဲ သူလည်းပါဝင်သည်။ စစ်ကောင်စီက ၎င်းကို ၂၀၂၂ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် ပြန်လွတ်ပေး၍ နေအိမ်အကျယ်ချုပ်မှ လွတ်လာသည်။[၆]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ရွေးကောက်ပွဲရလဒ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်။ ၁၉ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
- ↑ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း။ နိုင်ငံတော် သမ္မတရုံး (၁၉ ဇန်နဝါရီ ၂၀၁၈)။ 20 January 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၉ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
- ↑ သက်ဆွေ (၁၉ ဇန်နဝါရီ ၂၀၁၈). "စိုက်ပျိုးရေးကို အခြေခံ၍ ဧရာဝတီတိုင်းကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည်ဟု ဝန်ကြီးချုပ်သစ် ပြောကြား". 7 Day Daily (၁၉၆၂). Retrieved on ၁၉ ဇန်နဝါရီ ၂၀၁၈. 25 March 2018 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . မော်ကွန်းတင်ပြီးမိတ္တူ။ 25 March 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 January 2018 တွင် ပြန်စစ်ပြီး။
- ↑ ၄.၀ ၄.၁ ဧရာဝတီတိုင်း ဝန်ကြီးချုပ်သစ် ဦးလှမိုးအောင်၏ ကိုယ်ရေးအကျဉ်း။ The Voice (၁၈ ဇန်နဝါရီ ၂၀၁၈)။ 19 January 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၉ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
- ↑ ဝန်ကြီးချုပ် ၊ လွှတ်တော် ဥက္ကဋ္ဌ အပါအဝင် ဧရာဝတီတိုင်း အစိုးရအဖွဲ့ကို ပြန်လွှတ်ပြီ။
- ↑ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း ဦးလှမိုးအောင် အပါအဝင် တိုင်းအဖွဲ့ရအဖွဲ့ဝင် အားလုံးနီးပါးကို စစ်ကောင်စီ ပြန်လွှတ်။
![]() | ဤ မြန်မာနိုင်ငံ နိုင်ငံရေးသမား ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |