မာတိကာသို့ ခုန်သွားရန်

တင်မောင်ဝင်း (ဒုတိယဗိုလ်ချုပ်ကြီး)

ဝီကီပီးဒီးယား မှ
ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း)
သရေစည်သူ၊ ဦး

တင်မောင်ဝင်း
၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၉ ရက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် တွေ့ရသော ဒုတိယဗိုလ်ချုပ်ကြီးတင်မောင်ဝင်း
ပြည်ထောင်စုရာထူးဝန်အဖွဲ့
ဥက္ကဋ္ဌ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၀ ဧပြီ ၂၀၂၆
ခန့်အပ်သူမင်းအောင်လှိုင်အစိုးရ
သမ္မတမင်းအောင်လှိုင်
ယခင်လူစိုးမင်းဦး
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
တာဝန်သက်တမ်း
၂၀ မတ် ၂၀၂၆  ၁၀ ဧပြီ ၂၀၂၆
ယခင်လူမျိုးညွန့်
(NLD)
(၂၀၁၅ ရွေးကောက်ပွဲ)[]
မဲဆန္ဒနယ်ရေကြည်မြို့နယ် အမှတ်(၁)
အနိုင်ရမဲ အရေအတွက်ခိုင်လုံမဲ ၅၃၁၆၉
(၅၉.၂၁ရာခိုင်နှုန်း)[]
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်
တာဝန်သက်တမ်း
၃၁ ဇူလိုင် ၂၀၂၅  ၁၀ ဧပြီ ၂၀၂၆
ခန့်အပ်သူအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ
သမ္မတမင်းအောင်လှိုင် (ယာယီသမ္မတ-တာဝန်)
ယခင်လူကိုယ်တိုင်
ဆက်ခံသူအေးကျော်
တာဝန်သက်တမ်း
၁ ဩဂုတ် ၂၀၂၁  ၃၁ ဇူလိုင်
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတ
ယခင်လူလှမိုးအောင်
ဆက်ခံသူကိုယ်တိုင်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၁
ရေကြည်မြို့
နိုင်ငံသားမြန်မာ
လူမျိုးပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ကြင်ဖော်ကြည်ကြည်ထွန်း []
သားသမီးဗိုလ်ကြီး ရဲထွန်းဝင်း (ရေတပ်)
ဆုတံဆိပ်များ
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (ကြည်း)
အမှုထမ်းကာလ၁၉၈၂ - ၂၀၂၁
ရာထူး ဒုတိယဗိုလ်ချုပ်ကြီး
ကိုယ်ပိုင်အမှတ်ကြည်း ၁၇၆၀၆

ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) တင်မောင်ဝင်း(၁၉၆၁ မွေးဖွား)သည် မြန်မာ့တပ်မတော်မှ အငြိမ်းစားအရာရှိတစ်ဦးဖြစ်ပြီး လက်ရှိတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။ယင်းမတိုင်မီက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[] သူသည် တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ဖြင့် အငြိမ်းစားယူခဲ့သူလည်း ဖြစ်သည်။

ငယ်ဘဝနှင့်ပညာရေး

[ပြင်ဆင်ရန်]

ဧရာဝတီတိုင်းဒေသကြီးရေကြည်မြို့ တွင် မွေးဖွားခဲ့သူဖြစ်သည်။ အခြေခံပညာရေးတို့အား မွေးရပ်ဇာတိတွင် သင်ယူခဲ့သည်။

ဆယ်တန်းအောင်ပြီးနောက် အဆင့်မြင့်ပညာကို ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် တွင် သင်ယူပြီး၊ရူပဗေဒအထူးပြုဖြင့် သိပ္ပံဘွဲ့ကို ရရှိခဲ့သည်။

ဘွဲ့ရပြီးနောက် ကျောင်းဆရာအဖြစ် ရေကြည်မြို့ အလက(ကွင်းလျား)၊အမက(သပြေကွင်း) တို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်မှုထမ်းခြင်း

[ပြင်ဆင်ရန်]

သူသည် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း (OTS) အပတ်စဉ် – ၆၄ ဆင်း ဖြစ်သည်။၁၉၈၂ ခုနှစ် တွင် တပ်မတော် သို့ ဝင်ရောက်ခဲ့ပြီး၊ ပြန်တမ်းဝင်အမှတ်  ကြည်း ၁၇၆၀၆ ဖြင့် စစ်မှုထမ်းသည်။ ပြည်ထဲရေးဝန်ကြီး ဟောင်း ဦးစိုးထွဋ် နှင့်  တပတ်စဉ်တည်း ဖြစ်သည်။

၂၀၀၈ ခုနှစ်၊ ဇူလိုင်လတွင် ဗိုလ်မှူးကြီး အဆင့်ဖြင့်  ကရင် ပြည်နယ်၊ ဘားအံမြို့အခြေစိုက် တပ်မ (၂၂)တပ်မမှူး အဖြစ် တာဝန်ထမ်းဆောင်သည်။ ၂၀၀၉ ခုနှစ်တွင် ဗိုလ်မှူးချုပ် အဖြစ် ရာထူးတိုးသည်။

သူသည် မဟာဝိဇ္ဇာဘွဲ့ (ကာကွယ်ရေးပညာ)ရရှိသူ တစ်ဦးလည်းဖြစ်သည်။

၂၀၁၀ ပြည့်နှစ် ဩဂုတ်လတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ၊ ၂၀၁၁ ခုနှစ်တွင်  အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး စသည်ဖြင့်  တာဝန် ပေးခံရသည်။[] ယင်းနောက် ၂၀၁၆ ခုနှစ်တွင် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်းသည် တပ်မတော်တွင် လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ်အဖြစ် [] []တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်တွင် တပ်မတော်အရံအင်အားသို့ ပြောင်းရွှေ့ခံခဲ့ရသူများတွင် ပါဝင်ခဲ့သည်။

ထို့နောက် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာရွေးကောက်ပွဲအပြီး တပ်မတော်မှဖွဲ့စည်းခဲ့သော တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီတွင် အဖွဲ့ဝင်အဖြစ် လည်းကောင်း တာဝန်ယူခဲ့သည်။[]၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီ တွင် အဖွဲ့ဝင် အဖြစ် ဆက်လက် ပါဝင်ခဲ့သည်။ []

တိုင်းဝန်ကြီးချုပ်

[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု အပြီး ၂၀၂၁ ခုနှစ် ဩဂုတ် ၁ ရက်နေ့တွင် တပ်မတော်မှ အငြိမ်းစားယူကာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ခန့်အပ်ခဲ့သည်။[၁၀]

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီးနောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအား အမြင့်ဆုံး အုပ်ချုပ်ရေးယန္တရားအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းလိုက်ရာ ဦးတင်မောင်ဝင်းကို ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဆက်လက်ခန့်အပ်ခဲ့သည်။ [၁၁]ထို့နောက် ရေကြည်မြို့နယ် အမှတ်(၁)ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်ခဲ့သည်။အနိုင်ရပြီး တိုင်းလွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့သည်။၂၀၂၆ ခုနှစ် ဧပြီ ၁၀ရက်တွင် ဦးမင်းအောင်လှိုင်အစိုးရက ၎င်းအား ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးအပ်ခဲ့သည်။

ဂုဏ်ပြုခံရခြင်း

[ပြင်ဆင်ရန်]

၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးမြှင့်သည့် စည်သူဘွဲ့ ရသည်။[၁၂]

၂၀၂၆ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၄၄/၂၀၂၆ ဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော သရေစည်သူဘွဲ့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးမြှင့်အပ်နှင်းခဲ့သည်။[၁၃]

ကိုးကား

[ပြင်ဆင်ရန်]
  1. တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ၏ ဆန္ဒမဲရရှိမှုအခြေအနေ(၂၀၁၅ အထွေထွေရွေးကောက်ပွဲ) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (၂၀၁၅)။ ၁၀ ဧပြီ ၂၀၂၆ တွင် ပြန်စစ်ပြီး။
  2. တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ၏ ဆန္ဒမဲရရှိမှုအခြေအနေ(၂၀၂၅ အထွေထွေရွေးကောက်ပွဲ) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (၂၀၂၆)။ ၁၀ ဧပြီ ၂၀၂၆ တွင် ပြန်စစ်ပြီး။
  3. စုလျားရစ်ပတ်ထိမ်းမြားမင်္ဂလာကျေးဇူးတင်လွှာ ၂၀၁၈ခုနှစ် မတ်လ ၁၉ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ(၁၃) (၁၉ မတ် ၂၀၁၈)။ ၂၀ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. ပြင်ဆင်ဖွဲ့စည်းခဲ့သည့် ဝန်ကြီးဌာနများအတွက် ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်တာဝန်ပေး Eleven Media Group (၁ ဩဂုတ် ၂၀၂၁)။ ၁၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  5. ဒုတိယ ဗိုလ်ချုပ်ကြီး ၆ ဦး တပ်မတော် အရန်အင်အားသို့ ပြောင်းရွှေ့ ခံရ The Irrawaddy (၂၀ ဒီဇင်ဘာ ၂၀၂၀)။ ၁၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  6. UPDJC ကော်မတီဝင်များ ISP Peace Desk (၂၈ ဇွန် ၂၀၁၆)။ ၁၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  7. ညီလာခံသဘာပတိ ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၏ နိဂုံးချုပ် အမှာစကား Myanmar Digital News (၁၆ ဇူလိုင် ၂၀၁၈)။ ၁၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  8. တပ်မတော်က ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီအသစ်ကို ဘာလို့ ဖွဲ့တာလဲ BBC Burmese (၁၀ နိုဝင်ဘာ ၂၀၂၀)။ ၁၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  9. ဒုတိယဗိုလ်ချုပ်ကြီးများ ပါဝင်သည့် တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီကို ပြင်ဆင်ဖွဲ့စည်း Eleven Media Group (၁ ဖေဖော်ဝါရီ ၂၀၂၁)။ ၁၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  10. ပြင်ဆင်ဖွဲ့စည်းခဲ့သည့် ဝန်ကြီးဌာနများအတွက် ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်တာဝန်ပေး Eleven Media။ 9 August 2025 တွင် ပြန်စစ်ပြီး။
  11. တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း Myawaddy။ 2 August 2025 တွင် ပြန်စစ်ပြီး။
  12. ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း ၊ အမိန့်ကြော်ငြာစာအမှတ် ၂၁၁ / ၂၀၂၂ ၊ ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များ MWD Webportal (၁၇ နိုဝင်ဘာ ၂၀၂၂)။ ၁၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  13. ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်း | Ministry Of Information (in en)။ 2026-03-04 တွင် ပြန်စစ်ပြီး။