မင်းမင်းဦး
ပုံပန်းသွင်ပြင်
ဦးမင်းမင်းဦး | |
---|---|
မွန်ပြည်နယ် ဝန်ကြီးချုပ် | |
တာဝန်သက်တမ်း မတ် ၃၀၊ ၂၀၁၆ – ဖေဖော်ဝါရီ ၂၃၊ ၂၀၁၇ | |
သမ္မတ | ဦးထင်ကျော် |
ဆက်ခံသူ | ဦးအေးဇံ |
မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး | |
ယခင်လူ | ဦးအေးဇံ |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | တောင်စွန်းရွာ ဘီးလင်းမြို့နယ် |
မိခင်ကျောင်း | ရန်ကုန်နည်းပညာတက္ကသိုလ် |
ဦးမင်းမင်းဦး သည် လျှပ်စစ်အင်ဂျင်နီယာတစ်ဦး ဖြစ်ပြီး ၂၀၁၆ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း မွန်ပြည်နယ်၏ ဒုတိယမြောက် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
အစောပိုင်းဘဝ
[ပြင်ဆင်ရန်]ဦးမင်းမင်းဦးသည် ၁၉၈၈ ခုနှစ် ကျောင်းသားအရေးအခင်းတွင် ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်။ ပြည်နယ်လွှတ်တော်အတွက် ရွေးကောက်ခံခဲ့ရသော ဘီးလင်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုတိယဥက္ကဋ္ဌလည်း ဖြစ်သည်။ ထို့အပြင် ဘီးလင်းမြို့နယ် ရာဘာစိုက်ပျိုးသူများအသင်းတွင် ဘဏ္ဍာရေးမှူးနှင့် တောင်စွန်းဆေးရုံ အုပ်ချုပ်ရေးကော်မတီတွင် အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။[၁]
ဝန်ကြီးချုပ်
[ပြင်ဆင်ရန်]၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ဦးမင်းမင်းဦးအား ဝန်ကြီးချုပ်အဖြစ်မှ ဆန္ဒအလျောက် နုတ်ထွက်ခွင့် ပြုခဲ့သည်။[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Meet your chief ministers။ မြန်မာတိုင်း(မ်) (၄ ဧပြီ ၂၀၁၆)။ ၁၈ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
- ↑ President Office Announcement။ 1 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 August 2021 တွင် ပြန်စစ်ပြီး။
ဤ မြန်မာနိုင်ငံ နိုင်ငံရေးသမား ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |