မျိုးဆွေဝင်း

ဝီကီပီးဒီးယား မှ
ဦးမျိုးဆွေဝင်း
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁ ဩဂုတ် ၂၀၂၁
သမ္မတဦးမြင့်ဆွေ (ယာယီ)
ဝန်ကြီးချုပ်မင်းအောင်လှိုင်
ယခင်လူဦးဝင်းသိန်း
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၃ ဖေဖော်ဝါရီ ၂၀၂၁ – ၁ ဩဂုတ် ၂၀၂၁
ယခင်လူရာထူးစတင်
ဆက်ခံသူကိုယ်တိုင် (ဝန်ကြီးချုပ်)
ဒုတိယရဲချုပ်(၁) မြန်မာနိုင်ငံ ရဲတပ်ဖွဲ့
တာဝန်သက်တမ်း
၂ ဇန်နဝါရီ ၂၀၁၈ – ၂ ဖေဖော်ဝါရီ ၂၀၂၁
ကိုယ်ရေး အချက်အလက်များ
မွေးဖွားမြန်မာနိုင်ငံ

မျိုးဆွေဝင်း သည် လက်ရှိ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဖြစ်သည်။[၁]၎င်းကို စစ်ကောင်စီက တိုင်းဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခဲ့သည်။အဆိုပါ ရာထူးတွင် ခန့်အပ်ခြင်းမခံရမီက ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် တွင် ဒုတိယရဲချုပ်(၁)အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ဝန်ကြီးချုပ်ဖြစ်လာပုံ[ပြင်ဆင်ရန်]

၂၀၂၁ ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းပြီးနောက် ၎င်းသည် ဒုတိယရဲချုပ်(၁)မှ အနားယူကာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ အဖြစ် စစ်ကောင်စီက အမိန့်ထုတ်တာဝန်ပေးသည်။[၂]ထိုတာဝန်အား ၆လတာဝန်ထမ်းဆောင်ပြီးနောက် စစ်ကောင်စီ၏ အိမ်စောင့်အစိုးရအဖွဲ့ထဲ ပဲခူးတိုင်းဝန်ကြီးချုပ်အဖြစ် ၂၀၂၁ ဩဂုတ် ၁ရက်နေ့တွင် တာဝန်ဆက်လက်ပေးခံရသည်။[၃]

နိုင်ငံဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်ခြင်း[ပြင်ဆင်ရန်]

ဦးမျိုးဆွေဝင်းသည် တပ်မတော်သားဟောင်းတစ်ဦးဖြစ်သည်။ နဝတ အစိုးရလက်ထက်ကတည်းက စစ်ဖက်မှ ရဲတပ်ဖွဲ့သို့ အသွင်ပြောင်းလာခဲ့သည်။[၄] ဒုတိယရဲမှူးအဆင့်မှ တာဝန်များအဆင့်ဆင့်ထမ်းဆောင်ပြီးနောက် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး၊မွန်ပြည်နယ်ရဲတ ပ်ဖွဲ့မှူး၊ရကဖ၁ ကွပ်ကဲရေးမှူး၊ ရဲဦးစီးအရာရှိချုပ် စသည့် တာဝန်များပေးအပ်ခံရသည်။ ၂၀၁၈ ဇန်နဝါရီ ၂ရက်နေ့တွင် ဒုတိယရဲချုပ်(၁) ဖြစ်လာခဲ့သည်။ထိုတာဝန်ကို ၂၀၂၁ ဖေဖော်ဝါရီ ၂ရက်နေ့အထိ တာဝန်ထမ်းဆောင်သည်။[၅][၆]

ပိတ်ဆို့ခံရခြင်း[ပြင်ဆင်ရန်]

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ယူနိုက်ဒက်ကင်းဒမ်းနှင့်ကနေဒါနိုင်ငံတို့က ဦးမျိုးဆွေဝင်းအား ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားသည်။ [၇]

ကိုးကား[ပြင်ဆင်ရန်]

  1. ပဲခူးမြို့နယ်အတွင်း အခြေခံပညာကျောင်းများ အေးချမ်းစွာ ဖွင့်လှစ်သင်ကြားနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေးပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ (၂ ဇွန် ၂၀၂၃)။ ၆ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးမြို့တော်သတင်း (၃ ဖေဖော်ဝါရီ ၂၀၂၁)။ ၆ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. ပြင်ဆင်ဖွဲ့စည်းခဲ့သည့် ဝန်ကြီးဌာနများအတွက် ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်တာဝန်ပေးEleven Media Group (၁ ဩဂုတ် ၂၀၂၁)။ ၆ ဇွန်၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. မတူညီသော ရဲချုပ် နှစ်ဦး၏ တူညီသော နိဂုံးဧရာဝတီသတင်း (၆ မေ ၂၀၂၂)။ ၆ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးအဖြစ် ပြောင်းလဲတာဝန်ပေးခဲ့ပြီး အခြားအဆင့်မြင့်ရဲအရာရှိအချို့ နေရာအပြောင်းအလဲဖြစ်ပေါ်Eleven Media Group (၁ ဩဂုတ် ၂၀၁၈)။ ၆ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  6. တပ်ဖွဲ့ဝင် အမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်သည်ဟု တိုင်ကြားခံရသည့် ရဲမှူးချုပ်ကို စစ်ဆေးနေMizzima Burmese News (၂၃ ဇွန် ၂၀၂၀၂)။ ၆ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  7. Treasury Sanctions Perpetrators of Serious Human Rights Abuse on International Human Rights DayU.S. Department of the Treasury (10 December 2021)။ 6 June 2023 တွင် ပြန်စစ်ပြီး။