မြတ်ကို
ဦးမြတ်ကို | |
---|---|
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် | |
တာဝန်သက်တမ်း ဇန်နဝါရီ ၂၇၊ ၂၀၁၂ – မတ် ၃၀၊ ၂၀၁၆ | |
ခန့်အပ်သူ | မြန်မာနိုင်ငံ၏ သမ္မတ |
သမ္မတ | ဦးသိန်းစိန် |
ယခင်လူ | ဦးခင်ဇော် |
ဆက်ခံသူ | ဒေါ်လဲ့လဲ့မော် |
တနင်္သာရီတိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး | |
တာဝန်သက်တမ်း ၂၀၁၁ – မတ် ၃၀၊ ၂၀၁၆ | |
ယခင်လူ | ရာထူးစတင် |
တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် | |
တာဝန်သက်တမ်း ၂၀၁၁ – မတ် ၃၀၊ ၂၀၁၆ | |
ယခင်လူ | ရာထူးစတင် |
မဲဆန္ဒနယ် | ထားဝယ်မြို့နယ် မဲဆန္ဒနယ် ၂ |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | မြန်မာနိုင်ငံ |
နိုင်ငံရေးပါတီ | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ |
အစိုးရအဖွဲ့ | တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ |
ဦးမြတ်ကို သည် တနင်္သာရီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်အဖြစ် ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု၍ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ထားဝယ်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည်။[၁][၂] ယခင်က တိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၇ ရက်နေ့တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ခန့်အပ်ခဲ့သည်။[၃] ကျန်းမာရေးကြောင့် ဝန်ကြီးချုပ်ရာထူးမှ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် နုတ်ထွက်ခဲ့သူ ဦးခင်ဇော်၏ နေရာတွင် အစားထိုးခန့်အပ်ခဲ့ခြင်း ဖြစ်သည်။[၄]
ကိုးကား[ပြင်ဆင်ရန်]
- ↑ "Tenasserim Division MPs"၊ Alternative Asean Network on Burma။ 9 July 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 1 February 2012။
- ↑ "USDP sweeps speaker posts in local assemblies"၊ Mizzima၊ 1 February 2011။ 9 July 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 10 July 2015။
- ↑ "DEMOCRACY CHRONOLOGY - 2012"၊ Alternative Asean Network on Burma။ 17 July 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 26 January 2017။
- ↑ "MP U Khin Zaw, former Chief Minister resigns"၊ Mizzima၊ 20 August 2013။ 17 July 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 22 July 2015။