မာတိကာသို့ ခုန်သွားရန်

စစ်ကိုင်းပညာရေးတက္ကသိုလ်

ဝီကီပီးဒီးယား မှ
(SUOE မှ ပြန်ညွှန်းထားသည်)
စစ်ကိုင်းပညာရေးတက္ကသိုလ်
အမျိုးအစားအများဆိုင်
တည်ထောင်၂၀၀၀ ဇွန် ၂၇; ၂၅ နှစ် အကြာက (၂၇-၀၆-2000)
တည်နေရာ
ဝဘ်ဆိုဒ်suoe.moe.edu.mm
Map

စစ်ကိုင်းပညာရေးတက္ကသိုလ်သည် မြန်မာနိုင်ငံရှိ ပညာရေးတက္ကသိုလ်နှစ်ခုမှ တစ်ခုဖြစ်သည်။ စစ်ကိုင်းမြို့ ပတ္တမြားရပ်ကွက် စစ်ကိုင်းစက်မှုဇုန်အနီးတွင်တည်ရှိသည်။

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် အဓိကအားဖြင့် ပညာရေးဘာသာများဖြစ်ကြသော ပညာရေးစိတ်ပညာ (Educational Psychology)၊ ပညာရေးသဘောတရား (Educational Theory) နှင့် သင်ပြနည်း(Methodology) ဟူသော ဘာသာရပ် ၃ မျိုးကို အဓိကထားပြီး သင်ကြားပို့ချသည်။ လာရောက်သင်ကြားသော ကျောင်းသား၊ ကျောင်းသူ ဆရာ၊ဆရာမလောင်းတို့ နေထိုင်ရန်အတွက် ကျောင်းဝင်းအတွင်း၌ အဆောင်များကို တည်ဆောက်ထားသည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

၁၉၉၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် မန္တလေးပညာရေးတက္ကသိုလ်အဖြစ် မန္တလေးမြို့၌ စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ် ဇွန်လ ၂၇ ရက်နေ့တွင် စစ်ကိုင်းပညာရေးတက္ကသိုလ်အဖြစ် စစ်ကိုင်းမြို့၊ ပတ္တမြားရပ်ကွက် သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ ကွင်းအမှတ် ၇၈၄ အကျယ်အဝန်း၁၃၂.၇၁ ဧကကျယ်ဝန်းသည်။ စစ်ကိုင်းပညာရေးတက္ကသိုလ် (မန္တလေးဌာနခွဲ) ကို ၂၀၁၄ ခုနှစ်အထိ ထားရှိခဲ့သည်။ ၂၀၁၄ ခုနှစ် ဇွန်လတွင် စစ်ကိုင်းပညာရေးတက္ကသိုလ်၏ အင်္ဂလိပ်အမည်ကို Institute မှ University သို့ ပြောင်းလဲပြင်ဆင်ခဲ့သည်။ ၂၀၁၄ ခုနှစ် ဇွန်လတွင် ရွှေမင်းဝံအလယ်တန်းကျောင်းကို စစ်ကိုင်းပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်းအဖြစ် တွဲဖက်သတ်မှတ်ပေးခဲ့သည်။[]

ပေးအပ်သော ဘွဲ့များ

[ပြင်ဆင်ရန်]

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် အောက်ပါဘွဲ့အမျိုးအစားများကို ပေးအပ်ချီးမြှင့်သည်။[]

စဉ်ဘွဲ့စာသင်နှစ်
ပညာရေးဘွဲ့
B.Ed (Bachelor of Education)
၅ နှစ်
ပညာရေးဘွဲ့ - EC ပေါင်းကူး
B.Ed (Bachelor of Education)
၃ နှစ်
ပညာရေးဘွဲ့ (စာပေးစာယူ)
B.Ed (Bachelor of Education)
၂ နှစ်
မဟာပညာရေးဘွဲ့
M.Ed (Master of Education)
၂ နှစ်
မဟာဒဿနပညာရေးဘွဲ့
M.Phil (Master of Philosophy in Education)
၂ နှစ်
မာလ်တီမီဒီယာအတတ်ပညာ ဘွဲ့လွန်ဒီပလိုမာ
PGDMA (Postgraduate Diploma in Multimedia Arts)
၁၀ လ
ပါရဂူဘွဲ့
PhD (Doctor of Philosophy)
၅ နှစ်

ကျောင်းသားအမျိုးအစားများ

[ပြင်ဆင်ရန်]

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ကျောင်းသားအမျိုးစား ၅ မျိုး တက်ရောက်ပညာသင်ယူနေပါသည်။

  1. တက္ကသိုလ်ဝင်တန်းအောင် ၍တိုက်ရိုက်တက်ရောက်သောကျောင်းသား
  2. ပညာရေးကောလိပ်များမှ အဆင့်မီ၍တက်ရောက်ခွင့်ရသောကျောင်းသား
  3. မဟာပညာရေးဘွဲ့ကျောင်းသားနှင့်
  4. pgdma ကျောင်းသားများ
  5. PHD ‌ကျောင်းသား၊ ကျောင်းသူများ ဖြစ်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. Background History 23 June 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၃ ဇွန် ၂၀၁၉ တွင် ပြန်စစ်ပြီး။
  2. Degrees Conferred 23 June 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၃ ဇွန် ၂၀၁၉ တွင် ပြန်စစ်ပြီး။