ရခိုင်ဘာသာစကား
| ရခိုင်ဘာသာစကား | |
|---|---|
| အာရကန် | |
| ဒေသခံ | မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ |
| ဒေသ |
|
ဒေသခံ ပြောဆိုသူများ | ၁ သန်း (၂၀၁၁–၂၀၁၃)[၁] 1 million second language in Myanmar (2013) |
| ဒေသိယစကား |
|
| ဘာသာစကားကုဒ်များ | |
| ISO 639-3 | Either: rki – Rakhine ("Arakanese") rmz – Marma ("Burmese") |
| Glottolog | arak1255[၂] |

အာရကန်ဘာသာစကား သို့မဟုတ် ရခိုင်ဘာသာစကား (အင်္ဂလိပ်: Arakanese language သို့မဟုတ် Rakhine language) သည် မြန်မာနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်းဒေသဖြစ်သော ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တန်းစစ်တကောင်းတောင်တန်းဒေသတို့တွင် နေထိုင်ကြသည့် ရခိုင်လူမျိုးတို့၏ မိခင်ဘာသာစကား ဖြစ်သည်။[၄] ဘာသာဗေဒ သဘောတရားအရ ရခိုင်ဘာသာစကားသည် မြန်မာဘာသာစကားနှင့် အပြန်အလှန် နားလည်နိုင်စွမ်း အလွန်မြင့်မားပြီး မြန်မာစကားမှ အစောဆုံးခွဲထွက်သွားခဲ့သော အဓိကဒေသိယစကား ကြီးတစ်ခုအဖြစ် သတ်မှတ်ခြင်း ခံရသော်လည်း၊ ရခိုင်လူမျိုးတို့၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှုနှင့် ဒေသန္တရဝိသေသလက္ခဏာများအရ သီးခြားဘာသာစကားတစ်ခုအဖြစ် ကမ္ပည်းတင်သုံးစွဲကြသည်။[၅]
ဘာသာဗေဒအရ အသေးစိတ်အုပ်စုခွဲခြားလျှင် ရခိုင်ဘာသာစကားသည် တရုတ်-တိဗက်နွယ် ဘာသာစကားများ မိသားစုကြီးမှတိဗက်-ဗမာနွယ် ဘာသာစကားများ အုပ်စု၏ ဗမာနွယ်ဘာသာစကားများ ထဲတွင် ပါဝင်သော ဗမာစကား၏ဒေသိယ သံဝဲတစ်ခုဖြစ်သည်။[၅] လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းနှင့် အိမ်နီးချင်းနိုင်ငံများရှိ ရခိုင်မျိုးနွယ်စုများ အပါအဝင် ကမ္ဘာတစ်ဝန်းတွင် ရခိုင်ဘာသာစကားကို ပြောဆိုအသုံးပြုသူ လူဦးရေ စုစုပေါင်း ၁.၃ သန်းမှ ၂ သန်းကျော်ခန့် ရှိသည်ဟု ခန့်မှန်းရသည်။[၆] ရခိုင်ဘာသာစကား၏ မျိုးကွဲများအဖြစ် ရမ်းဗြဲစကား၊ သံတွဲစကား၊ မရမာကြီးစကား နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မရမာစကား တို့ ရှိကြသည်။[၄]ရခိုင်ဘာသာစကား၏ အရေးအသားစနစ်သည် မြန်မာအက္ခရာကိုပင် အခြေခံ၍ ရေးသားသဖြင့် စာပေအရေးအသားတွင် မြန်မာစာနှင့် ၉၅ ရာခိုင်နှုန်းကျော် တူညီသော်လည်း၊ စကားပြောဆိုရာ အသံထွက် ပိုင်းတွင်မူ ထူးခြားသော ကွဲပြားချက်များ ရှိသည်။ ဥပမာအားဖြင့် ခေတ်သစ်မြန်မာစကားတွင် ပျောက်ကွယ်လုနီးပါးဖြစ်နေသော ရှေးဟောင်းဗမာစာ၏ အာခေါင်သံ "ရ" (R) အသံစစ်စစ်ကို ရခိုင်ဘာသာစကားတွင် အခိုင်အမာ ဆက်လက်ထိန်းသိမ်း ပြောဆိုကြသည့်အပြင် (ဥပမာ - ကျောင်းကို "ချောင်း"၊ ကြီးကို "ဂြီး"၊ ရေကို "ရီ" ဟု အသံထွက်ခြင်း)၊ ရှေးဟောင်းဗမာစကား၏ ဗျည်းဆင့်အသံများနှင့် သရသံများကို သမိုင်းဝင်အထောက်အထားအဖြစ် သီးသန့်တည်ရှိနေဆဲ ဖြစ်သည်။[၇]
ရခိုင်စာပေနှင့် အရေးအသားစနစ်
[ပြင်ဆင်ရန်]ရခိုင်စာပေသည် ရှေးဟောင်းအိန္ဒိယအရေးအသားစနစ်များနှင့် ခိုင်မာစွာ ဆက်နွှဲနေသည့် သမိုင်းကြောင်းရှိသည်။ လက်ရှိတွင် ရခိုင်ဘာသာစကားကို ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်နှင့် ကျေးရွာအနှံ့အပြား၌ အဓိက ပြောဆိုသုံးစွဲနေကြသော်လည်း၊ ရခိုင်ပြည်နယ်ရှိ လူဦးရေအများစုသည် စာပေအရေးအသား၌ ခေတ်သစ်မြန်မာစာ (မြန်မာအက္ခရာ) ကိုသာ အများဆုံး အသုံးပြုကြသဖြင့် ရခိုင်စာပေသီးသန့် အသုံးပြုမှုမှာ ခေတ်ကာလအရ နည်းပါးလျက်ရှိသည်။[၈]
သမိုင်းဝင်အထောက်အထားများအရ ရခိုင်လူမျိုးများသည် အိန္ဒိယနိုင်ငံ မြောက်ပိုင်းသုံး ရှေးဟောင်းအက္ခရာများကို မြန်မာ့ပထဝီဝင်နယ်ပယ်အတွင်း အစောဆုံး ရယူအသုံးပြုခဲ့ကြသည့် လူမျိုးစုများထဲတွင် ပါဝင်သည်။[၉] ရခိုင်ဒေသတွင် တွေ့ရှိရသည့် သမိုင်းဝင်ကျောက်စာများကို အစောဆုံး ခရစ်နှစ် (၆) ရာစုခန့်တွင် စတင်ရေးထိုးခဲ့ကြောင်း ဗေဒါတ်နှင့် ကျောက်စာပညာရှင်များက မှတ်တမ်းတင်ထားသည်။[၁၀]ဝေသာလီခေတ် ရှေးရခိုင်တို့သည် ဘုရင်နှင့် မှူးမတ်တို့၏ ကောင်းမှုကုသိုလ် မှတ်တမ်းများကို သမိုင်းဝင် ဂုပ္တအက္ခရာ ကို အသုံးပြု၍၎င်း၊ အချို့ကို နာဂရီအက္ခရာ များ အသုံးပြု၍၎င်း သက္ကတဘာသာဖြင့် ရေးထိုးပူဇော်ခဲ့ကြသည့် ခိုင်မာသော သာဓကများ ရှိသည်။[၁၀][၈]
ခေတ်ပြိုင်ကာလတွင် ရခိုင်ဘာသာစကား၏ စကားပြောသံ ပိုင်းတွင် တိုင်းရင်းသားဝိသေသလက္ခဏာအရ ထူးခြားကွဲပြားမှုများ တည်ရှိနေဆဲဖြစ်သော်လည်း၊ စာပေရေးသားမှု စနစ်တွင်မူ ဗြာဟ္မီအရေးအသားမှတစ်ဆင့် ပုံသွင်းဆင်းသက်လာခဲ့သည့် စံမြန်မာအက္ခရာစနစ်ကိုပင် ပေါင်းစည်းအသုံးပြုလျက် ရှိကြသည်။[၈]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ရခိုင်စာပေသည် ဓည၀တီခေတ် (အေဒီ တစ်ရာစု) ခန့်ကပင် စတင် ထွန်းကားခဲ့ကြောင်း၊ အထောက်အထားတွေ့ရသည်။ ဓညဝတီ မြို့ဟောင်းအနီးမှ တောင်ပေါက်ကြီးကျောက်စာတွင် အသောကခေတ်က အသုံးပြုခဲ့သော ဗြဟ္မီအရေးအသားဖြင့် ရေးထိုးထားသည်ကိုတွေ့ရသည်။ ထို့အပြင် ဗြဟ္မီအက္ခရာ အရေးအသား စာတန်းပါ ဗိုက်ပူဘုရား ကျောက်စာသည်လည်း ဓည၀တီခေတ် ရခိုင်စာပေ ထွန်းကားမှု၏ သက်သေ ပင် ဖြစ်သည်။ ဝေသာလီခေတ် (အေဒီ လေးရာစုမှ ဆယ်ရာစု) တွင် ရခိုင်စာပေ ထွန်းကားမှုသည် ကျယ်ပြန့်ခဲ့သည်။ အေဒီ ခြောက်ရာစု ဂုပ္ပတ အက္ခရာ ဖြင့် ရေးထိုးထားသော ယေဓမ္မာ ရခိုင်ကျောက်စာများစွာကို ဤခေတ်တွင် တွေ့ရသည်။ ဝေသာလီခေတ်၏ အထင်ရှားဆုံး ကျောက်စာမှာ အေဒီ ၇၂၉ တွင် ရေးထိုးသော အာနန္ဒစန္ဒြမင်း ကျောက်စာဖြစ်သည်။ ထိုကျောက်စာတွင် ရခိုင် မင်းဆက်များကို ဂါထာ ၆၅ ဂါထာဖြင့် ရေးထိုးထားသည်။ ထိုသို့ မင်းစဉ်မင်းဆက်များကို အစအဆုံးမှတ်တမ်း တင်ထားသည့် ကျောက်စာမျိုးမှာ မြန်မာပြည်တွင်သာမက အိန္ဒိယပြည်တွင်ပါ အစောဆုံးဟု သိရသည်။ ဝေသာလီခေတ်တွင် ကျောက်စာများသာမက မော်ကွန်းလင်္ကာ၊ သျွှန်းလိုက်ရတု၊ စသည့် ရတုကဗျာများ ထွန်းကားခဲ့သည်။ အမတ်ကြီး မေဓပညာရေးသားသည့် မေဓပညာ မော်ကွန်းလင်္ကာမှာ ဝေသာလီခေတ် လက်ရာဟု ထင်ရှားသည်။ လေးမြို့ခေတ် (အေဒီ ၁၁ ရာစု ၁၅ ရာစု) တွင် ကျောက်စာအရေးအသားများများနှင့် အတူ ကဗျာစာပေများလည်း ထွန်းကားသည်။ ဗျည်း ၃၃ လုံးလင်္ကာမှာ လေးမြို့ခေတ်တွင် ပေါ်ထွန်းခဲ့ခြင်းဖြစ်ပြီး၊ မြန်မာစာပေတွင် ထင်ရှားသည့် လောကသာရပျို့ကို ရခိုင်သူမြတ်က လေးမြို့ခေတ်တွင် ရေးသားခဲ့ခြင်း ဖြစ်သည်။ လေးမြို့ခေတ် ရခိုင်ကျောက်စာများအနက် လောင်းကြက်တောင်မော် ကျောက်စာနှင့် မဟာထီး မီးကျောင်းရုပ် ကျောက်စာတို့မှာ ထင်ရှားသည်။ လောင်းကြက်တောင်မောင် ကျောက်စာသည် အလျား ပေ ၃၀ ရှိပြီး မြန်မာပြည်တွင် အကြီးဆုံး ကျောက်စာ ဖြစ်သည်။ မြောက်ဦးခေတ်တွင် ရေးစပ်သီကုံးခဲ့သော ဘဒူမင်းညို၏ ရခိုင်မင်းသမီးဧချင်း၊ နန်းတွင်းမိညို၏ ကိုယ်ရည်သွေးရတုနှင့် စာဆို ဥက္ကာပျံ၏ ၁၂ လ ရာသီ ရတုတို့မှာ ထင်ရှားသည်။ မြောက်ဦးခေတ် ရခိုင်စာဆိုတော် ဥက္ကာပျံ၏-
အောက်အာကာဗွီ၊ ဝါယောထွီ၍
ရီထက်ကားမြီ၊ မြီထက်လီနှင့်
ပထဝီဟု၊ ထူထု နှစ်သိန်း၊
လေးသောင်းကိန်းထက်၊ ရံသိန်းစကြာ၀ဠာ
ညီစွာဝန်းလည်၊ ကျောက်တိတည်ကား
ဟူသည့် မိုးဖွဲ့ရတုသည် ရခိုင်ဘာသာစကား၊ ရခိုင်သံ၊ ရခိုင်ကာရန် ဖြင့် ရေးဖွဲ့ထားသည့် ရခိုင်စာပေ ၏ အကောင်းဆုံး သာဓက ပြယုဂ် ဖြစ်သည်။
ဘိုးတော်ဗဒုံမင်း ရခိုင်ကို သိမ်းသော် ရခိုင်စာပေများကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် ရေးရခိုင်စာပေအထောက်အထားများ မရှိသလောက် နည်းပါးသွားခဲ့သည်။[၁၁] သကျသာကီဝင် မာရယုမင်းလက်ထက်တွင် စတင်ကာ စာပေ ဖြစ်ပေါ်ခဲ့ကြောင်း ပြောဆိုနေသော်လည်း သက်သေအထောက်အထား အခိုင်အမာ မရှိပေ။ ရခိုင်လူမျိုးများ၏ စာပေမှာ သင်္သကရိုက် စာပေဖြစ်ကြောင်း သိရသည်။ သင်္သကရိုက်စာပေသည် အလွန်ရှေးကျသော အိန္ဒိယ ဘာသာရပ် တစ်ခုဖြစ်ကြောင်း သိရသည်။ ရခိုင်ပြည်၏ ရှေးဟောင်းစာပေများမှာ သင်္သကရိုက်ဘာသာ စာပေမှ တစတစ ပြောင်းလဲလာပြီး ရခိုင်ဘာသာ စာပေဘဝသို့ ပြောင်းရွေ့ လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မျဉ်းဖြောင့်များမှလုံးဝိုင်းသောရခိုင်စာ
[ပြင်ဆင်ရန်]ရှေးရခိုင် ကျောက်စာ၊ ရခိုင်ပြည်သုံး ဒင်္ဂါးများမှာ ရေးထိုးထားသော စာများမှာ များသောအားဖြင့် မျဉ်းဖြောင့်များဖြင့် ရေးသားထားသော စာများကို တွေ့ရှိရကြောင်းသိရသည်။ အက္ခရာ အသံထွက်များမှာလည်း သင်္သကရိုက်ဘာသာနှင့် အားလုံးနည်းပါး တူညီနေသဖြင့် သင်္သကရိုက်ဘာသာမှ ပြောင်းရွေ့လာကြောင်း အထောက်အထား တစ်ရပ်အဖြစ် တွေ့ရှိရကြောင်း သိရသည်။
ရခိုင်စာပေကို ပေထက်အက္ခရာ တင်လာသောအခါတွင် ရေးသားရာတွင် လွယ်ကူရန် လုံးဝိုင်းသော အက္ခရာများအဖြစ်သို့ ပြောင်းလဲ အသုံးပြုခဲ့ကြကြောင်း သိရသည်။ ရှေးရခိုင် မင်းကောင်းမင်းမြတ်တို့သည် ပိဋကတ် ကျမ်းဂန်များ၊စာပေပရိယတ္တိများကို ပေမူများဖြင့် ရေးမှတ်ကာ နန်းတော် ပိဋကတ်တိုက်အတွင်း သိမ်းဆည်းစုဆောင်းလာခဲ့ကြကြောင်း သိရသည်။ ရဟန်းပညာရှိ၊ လူပညာရှိတို့သည် ပျို့ကဗျာများ၊ လင်္ကာများနှင့်ရတုရကန် တို့ကိုရေးသားခြင်း ဗေဒင်အတတ်၊ ဆေးအတတ်၊ နက္ခတ်တာရာ အတတ်စသော လောကီပညာများကိုလည်း ရေးမှတ်ကြ ကြောင်းသိရသည်။
ဝေါဟာရ
[ပြင်ဆင်ရန်]စံမြန်မာဘာသာစကားမှ သီးသန့်ခြားနားနေသော စကားလုံးအသုံးအနှုန်းများလည်း ရှိသည်။ စံမြန်မာဘာသာစကားနှင့် အရင်းအမြစ်မတူသော မူရင်းစကားလုံးအချို့လည်းရှိသည်။ ဥပမာ "sarong" (လုံခြည် စံမြန်မာဘာသာစကား, ဒယော ရခိုင်ဘာသာစကား). အခြားစကားလုံးများမှာ စံမြန်မာဘာသာစကားတွင်မတွေ့ရသည့် ဘင်္ဂလီ, အင်္ဂလိပ် နှင့် ဟင်ဒီ ဘာသာစကားတို့မှ မွေးစားထားသောစကားလုံးများ ဖြစ်ကြသည်။ ဥပမာ "hospital," စံမြန်မာဘာသာစကားတွင် ဆေးရုံ ဖြစ်သော်လည်း ရခိုင်ဘာသာစကားတွင်မူ သေပ်လှိုင် (pronounced [θeɪʔ l̥àɪɴ]/[ʃeɪʔ l̥àɪɴ]) ဟု သုံးစွဲကြသည်။ အင်္ဂလိပ်ဘာသာစကား "sick lines" မှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အချို့စကားလုံးများတွင် ခြားနားသော အဓိပ္ပာယ်များရှိကြသည်။ (ဥပမာ "afternoon", ရခိုင်ဘာသာစကားတွင် ညစ နှင့် ရုံးသုံးမြန်မာဘာသာစကားတွင် ညနေ) ထို့အပြင် အချို့သော ရှေးကျသည့် ဗမာစကားအချို့ကို ရခိုင်ဘာသာစကားတွင် ပိုမိုသုံးစွဲလေ့ရှိကြသည်။ ဥပမာ နာမ်စား အဖြစ် ရခိုင်ဘာသာစကားတွင် အကျွန် ဟု သုံးစွဲပြီး စံမြန်မာဘာသာစကားတွင် ( ကျွန်တော် ဟု သုံးစွဲသည်။)
ခြားနားချက်
[ပြင်ဆင်ရန်]စံမြန်မာဘာသာစကားနှင့် ရခိုင်ဘာသာစကားတို့ကြား ထင်ရှားသောခြားနားချက်များမှာ အောက်ပါအတိုင်းဖြစ်သည်:[၁၂]
| အင်္ဂလိပ် | မြန်မာ | ရခိုင် | မှတ်စုများ |
|---|---|---|---|
| thirsty | ရေဆာ | ရီမွတ် | |
| go | သွား | လား | Arakanese for "go" was historically used in Standard Burmese. |
| kick a ball | ဘောလုံးကန် | ဘောလုံးကျောက် | |
| stomach ache | ဗိုက်နာ | ဝမ်းခဲ | Arakanese prefers ဝမ်း to Standard Burmese ဗိုက် for "stomach." |
| guava | မာလကာသီး | ဂိုယံသီး | Standard Burmese for "guava" is derived from the word Malacca, whereas Arakanese for "guava" is from Spanish guayaba. |
| papaya | သင်္ဘောသီး | ပဒကာသီး | Standard Burmese for "papaya" literally means "boat." |
| soap | ဆပ်ပြာ | သပုန် | |
| superficial | အပေါ်ယံ | အထက်ပေါ်ရီ[၁၃] | |
| blanket | စောင် | ပုဆိုး[၁၃] | ပုဆိုး in Standard Burmese refers to the male longyi (sarong). |
| dark | မှောင် | မိုက် | The compound word မှောင်မိုက် ("pitch dark") is used in both Standard Burmese and Arakanese. |
| pick a flower | ပန်းခူး | ပန်းဆွတ်[၁၃] | The compound word ဆွတ်ခူး ("pick") is used in both Standard Burmese and Arakanese. |
| wash [clothes] | လျှော် | ဖွပ်[၁၃] | The compound word လျှော်ဖွပ် ("wash") is used in both Standard Burmese and Arakanese. |
လေယူလေသိမ်း
[ပြင်ဆင်ရန်]ရခိုင်ဘာသာတွင် /r/ ရ- အသံကို ထင်ရှားစွာ အသုံးပြုထားသော်လည်း စံမြန်မာဘာသာတွင် ထိုအသံသည် /j/ ယ-အသံသို့ ပေါင်းစည်းသွားခဲ့သည်။ ထို့ပြင် ရခိုင်ဘာသာတွင် သရအသံအချို့လည်း ပေါင်းစည်းသွားပြီး ဧ ([e]) သရသည် ဣ ([i]) သို့ ပြောင်းလဲသွားသည်။ ထို့ကြောင့် စံမြန်မာဘာသာတွင် “သွေး” ([θwé]) ဟု အသံထွက်သော်လည်း ရခိုင်ဘာသာတွင် သွီး [θwí] ဟု အသံထွက်သည်။
စံမြန်မာဘာသာ ပြောသူများ၏ အမြင်အရ ရခိုင်ဘာသာသည် စံမြန်မာဘာသာနှင့် နားလည်နိုင်မှုအားဖြင့် ၇၅ ရာခိုင်နှုန်းခန့်သာ ရှိသည်။ ထို့ပြင် ရခိုင်ဘာသာတွင် သံပြင်း ဃောသသံ သည် စံမြန်မာဘာသာထက် နည်းပြီး ဟထိုးအသံမရှိသော ဗျည်းများတွင်သာ ဖြစ်ပေါ်သည်။ စံမြန်မာဘာသာနှင့် မတူသည်မှာ [θ] သ-မှ [ð] သှ သို့ အသံပြောင်းလဲမှု မရှိခြင်းဖြစ်သည်။
ရခိုင်ဘာသာတွင် /r/ ရ-အသံကို ထိန်းသိမ်းထားသောကြောင့် စံမြန်မာစာရေးရာတွင်သာ ရရစ်(ြ) ဖြင့် ဖော်ပြထားပြီး အသံထွက်တွင် မထင်ရှားတော့သော /-r-/ ရ- အလယ်အသံကို ရခိုင်ဘာသာတွင် ခွဲခြားအသုံးပြုနိုင်သည်။ ဥပမာအားဖြင့် ဂြ၊ ကြ၊ ခြ၊ ငြ၊ ပြ၊ ဖြ၊ ဗြ၊ မြ၊ မြှ၊ ဟြ စသော အသံစုများတွင် ထင်ရှားစွာ တွေ့ရသည်။
ရခိုင်ဘာသာတွင် ဖွင့်သရအသံ open vowel များသည် /ə/ သို့ လျော့နည်းသွားခြင်း ပိုမိုတွေ့ရသည်။ ဥပမာအားဖြင့် salary “လခ” ဟူသော စကားလုံးသည် စံမြန်မာဘာသာတွင် [la̰ɡa̰] 'လဂ'ဟု အသံထွက်သော်လည်း ရခိုင်ဘာသာတွင် [ləkha̰] 'လခ'ဟု အသံထွက်သည်။
အောက်တွင် ဖော်ပြထားသည်မှာ ရခိုင်ဘာသာတွင် တွေ့ရသော အသံဗျည်း၊ သရအသံနှင့် အဆုံးသတ်အသံ ပြောင်းလဲမှုများဖြစ်သည်။
| Written Burmese | Standard Burmese | Arakanese | Notes |
|---|---|---|---|
| -စ် | /-ɪʔ/ | /-aɪʔ/ | e.g. စစ် ("genuine") and စိုက် ("plant") are both pronounced [saɪʔ] in Arakanese |
| ိုက် | /-aɪʔ/ | ||
| -က် | -ɛʔ | -ɔʔ | |
| -ဉ် | /-ɪɴ/ | /-aɪɴ/ | e.g. ဥယျာဉ် ("garden"), from Standard Burmese [ṵ jɪ̀ɴ] → [wəjàɪɴ]. Irregular rhyme, with various pronunciations. In some words, it is /-ɛɴ/ (e.g. ဝိညာဉ် "soul", from Standard Burmese [wèɪɴ ɲɪ̀ɴ] → [wḭ ɲɛ̀ɴ]). In a few words, it is /-i -e/ (e.g. ညှဉ်း "oppress", from Standard Burmese [ɲ̥ɪ́ɴ] → [ɲ̥í, ɲ̥é]). |
| ိုင် | /-aɪɴ/ | ||
| -င် | /-ɪɴ/ | /-ɔɴ/ | |
| -န် ွန် | /-aɴ -ʊɴ/ | ွန် is /-wɔɴ/ | |
| -ည် | /-i, -e, -ɛ/ | /-e/ | A few exceptions are pronounced /-aɪɴ/, like ကြည် ("clear"), pronounced [kràɪɴ] |
| -ေ | /-e/ | /-i/ | e.g. ချီ ("carry") and ချေ ("cancel") are pronounced [tɕʰì] and [tɕʰè] respectively in Standard Burmese, but merged to [tɕʰì] in Arakanese |
| -တ် ွတ် | /-aʔ -ʊʔ/ | /-aʔ/ | |
| ိန် | /-eɪɴ/ | /-ɪɴ/ | |
| -ုန် | /-oʊɴ/ | /-ʊɴ/ | |
| Nasal initial + -ီ Nasal initial + -ေ | /-i/ | /-eɪɴ/ | e.g. နီ ("red") is [nì] in Standard Burmese, but [nèɪɴ] in Arakanese In some words, the rhyme is unchanged from the standard rhyme (e.g. မြေ "land", usually pronounced [mrì], not [mrèɪɴ], or အမိ "mother", usually pronounced [əmḭ], not [əmḛɪɴ] There are few exceptions where the nasal rhyme is /-eɪɴ-/ even without a nasal initial (e.g. သီ "thread", from Standard Burmese [θì] → [θèɪɴ]). |
| Nasal initial + -ု -ူ -ူး | /-u/ | /-oʊɴ/ | e.g. နု ("tender") is [nṵ] in Standard Burmese, but [no̰ʊɴ] in Arakanese |
| ွား | /-wá/ | /-ɔ́/ | e.g. ဝါး ("bamboo") is [wá] in Standard Burmese, but [wɔ́] in Arakanese |
| ြွ | /-w-/ | /-rw-/ | Occurs in some words (e.g. မြွေ ("snake") is [mwè] in Standard Burmese, but [mrwèɪɴ] in Arakanese) |
| ရှ- | /ʃ-/ | /hr-/ | |
| ချ- | /tɕʰ-/ | /ʃ-/ | Occasionally occurs (e.g. ချင် ("want") is [tɕʰɪ̀ɴ] in Standard Burmese, but [ʃɔ̀ɴ]~[tɕʰɔ̀ɴ] in Arakanese) |
| တ- → ရ- | /t- d-/ | /r-/ | e.g. The present tense particle တယ် ([dɛ̀]) corresponds with ရယ် ([rɛ̀]) in Arakanese e.g. The plural particle တို့ ([do̰]) corresponds with ရို့ ([ro̰]) in Arakanese |
| ရှ- ယှ- ယျှ- | /ʃ-/ | /h-/ | Found in some words only |
| -ယ် ဲ | -ɛ | -e |
| Written | အမေက | သင်္ကြန်ပွဲတွင် | ဝတ်ရန် | ထဘီ | ရှစ်ထည် | ပေးလိုက်ပါ | ဆိုသည်။ | |
| Standard Burmese | ʔəmè ɡa̰ | ðədʒàɴ pwɛ́ dwɪ̀ɴ | wʊʔ jàɴ | tʰəmèɪɴ | ʃɪʔ tʰɛ̀ | pé laɪʔ pà | sʰò dɛ̀ | |
| Arakanese | ʔəmì ɡa̰ | θɔ́ɴkràɴ pwé hmà | waʔ pʰo̰ | dəjɔ̀ | ʃaɪʔ tʰè | pí laʔ pà | sʰò rì | |
| Arakanese (written) | အမိက | သင်္ကြန်ပွဲမှာ | ဝတ်ဖို့ | ဒယော | ရှစ်ထည် | ပီးလတ်ပါ | ဆိုရယ်။ | |
| Gloss | ||||||||
| English | Mother says "Give me eight pasos for wearing during the Thingyan festival." | |||||||
| Open syllables | weak = ə full = i, e, ɛ, a, ɔ, o, u |
| Closed | nasal = eɪɴ, ɛɴ, aɪɴ, aʊɴ, ɔɴ, oʊɴ stop = eɪʔ, ɛʔ, aɪʔ, aʊʔ, ɔʔ, oʊʔ |
ကိုးကား
[ပြင်ဆင်ရန်]- ↑ Rakhine ("Arakanese") at Ethnologue (18th ed., 2015)
Marma ("Burmese") at Ethnologue (18th ed., 2015) - ↑ Nordhoff၊ Sebastian; Hammarström၊ Harald; Forkel၊ Robert; Haspelmath၊ Martin, eds. (2013)။ "Arakanese–Marma"။ Glottolog။ Leipzig: Max Planck Institute for Evolutionary Anthropology။
- ↑ ရခိုင့္အေတြးအေခၚ: Arakanese Font launched
- 1 2 Okell, John (1995). "Three Burmese Dialects". Papers in Southeast Asian Linguistics. No. 13: 1–13.
- 1 2 Bradley, David (1997). "Tibeto-Burman languages and classification". Papers in Southeast Asian Linguistics. No. 14: 1–71.
- ↑ Ethnologue (2024). "Rakhine". SIL International. Retrieved 2024-10-05.
- ↑ Houghton, Bernard (1897). "The Arakanese Dialect of the Burmese Language". The Journal of the Royal Asiatic Society of Great Britain and Ireland: 453–461.
- 1 2 3 Gutman, Pamela (2001). Burma's Lost Kingdoms: Splendours of Arakan. Bangkok: Orchid Press.
- ↑ Sircar, D.C. (1979). Inscriptions of Mrauk-U. Journal of the Epigraphical Society of India.
- 1 2 ဦးစံသာအောင်။ (၁၉၇၄)။ အနန္ဒစန္ဒြား မင်းကျောက်စာ။ ရန်ကုန်: စာပေဗိမာန်။
- ↑ ကုန်းဘောင်ဆက် မြန်မာရာဇဝင် ဒု တွဲ။
- ↑ "ရခိုင်စကားနဲ့ ဗမာစကား"၊ BBC Burmese၊ 1 April 2011။ 16 October 2013 တွင် ပြန်စစ်ပြီး။
- 1 2 3 4 အသျှင်စက္ကိန္ဒ (1994)။ ရခိုင်ဘာသာစကားလမ်းညွှန် (Burmeseဘာသာစကားဖြင့်)။ Burma။CS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)
ကျမ်းပြုစာတမ်းစာရင်း
[ပြင်ဆင်ရန်]- "The Arakanese Dialect of the Burman Language" (1897). The Journal of the Royal Asiatic Society of Great Britain and Ireland: 453–461. Royal Asiatic Society of Great Britain and Ireland.
- "Three Burmese Dialects" (1995). Papers in Southeast Asian Linguistics 13.
