ထားဝယ်စကား

ဝီကီပီးဒီးယား မှ
ထားဝယ်စကား
ဒေသအရှေ့တောင်
လူမျိုးစုincl. တောင်ရိုး
ဒေသခံ ပြောဆိုသူများ
ca. 440,000 (2000)[၁]
ဘာသာစကားကုဒ်များ
ISO 639-3Either:
tvn – Tavoyan proper
tco – Dawei Tavoyan (Taungyo)
Glottologtavo1242  Tavoyan[၂]
taun1248  Taungyo[၃]

ထားဝယ်စကားသည် ဒေသန္တရမြန်မာစကားပင်ဖြစ်သည်ဟု ဆိုကြသော်လည်း ထားဝယ်စကားတွင် ကိုယ်ပိုင်ဝေါဟာရများနှင့် ထူးခြားသည့် ​ဝိသေသများ ရှိသည်။ အသံအလွန်ဝဲသည်ဟု ဆိုကြသည်။ အသံဝဲမြန်မာစကားသက်သက် မဟုတ်ပေ။ ဒေသအသုံးအနှုန်းများလည်း ရှိသည်။ ဝိဘတ်၊ ပစ္စည်းများ ဝဲပြောရာ၌ မြိတ်စကားနှင့်ဆင်တူ သည်များလည်း ရှိသည်။ အမှန်မှာ ထားဝယ်စကားသည် ဒေသန္တရမြန်မာစကားမဟုတ်ပါ ထားဝယ်ကိုယ်ပိုင် ပေါရဏ စကားပင်ဖြစ်ပါသည်။ အောက်ပါတို့မှာ ထားဝယ်ဒေသသုံး မြန်မာနှင့် မတူသော စကားလုံးများအချို့ ဖြစ်သည်။

မြန်မာစကား ထားဝယ်စကား IPA မှတ်ချက်
ကောက် ကော့တ် /kɔʔ/ စာလုံးပေါင်းတူ အသံထွက်ကွာ
ကျောင်း က္လောန်း /kláʊɴ/
ခြေ ခေ /kʰlè/
တောတောင် တောတောန် /tɔ́tɔ̀ɴ/ စာလုံးပေါင်းတူ အသံထွက်ကွာ
ပိတောက် ဒေါ့တ် /dɔʔ/
ပိတောက်ပင် ဒေါ့တ်ပန် /dɔʔ bàɴ/
မနက်ဖြန် နန့်ကီးဟ်တိုင် /naʔkítàɴ/
သဘက်ခါ နန့်ကီးပွဲခါ(နန့်ကီးဖတ်) /naʔkípwɛ́kʰà/
နင် နန် /nàɴ/ စာလုံးပေါင်းတူ အသံထွက်ကွာ
ပန်းပင် ပန်းဘန် /páɴbàɴ/
ပျောက် ပျော့တ် /pjɔʔ/
မိုးရွာ မိုးဝါ /mójwà/
သွား သွား /θɔ́/ စာလုံးပေါင်းတူ အသံထွက်ကွာ
အိပ်ချင်တယ် အိရှင်ဟှယ် /ʔḭʃàɴjɛ̀/
အိမ်ခေါင်မိုး အီးမိုးခေါန် /ʔìːɴmókʰɔ̀ɴɴ/

ကိုးကား[ပြင်ဆင်ရန်]

  1. Tavoyan proper at Ethnologue (18th ed., 2015)
    Dawei Tavoyan (Taungyo) at Ethnologue (18th ed., 2015)
  2. Nordhoff၊ Sebastian; Hammarström၊ Harald; Forkel၊ Robert; Haspelmath၊ Martin, eds. (2013)။ "Tavoyan"Glottolog။ Leipzig: Max Planck Institute for Evolutionary Anthropology။
  3. Nordhoff၊ Sebastian; Hammarström၊ Harald; Forkel၊ Robert; Haspelmath၊ Martin, eds. (2013)။ "Taungyo"Glottolog။ Leipzig: Max Planck Institute for Evolutionary Anthropology။