သံပေါက်
ပုံပန်းသွင်ပြင်
သံပေါက်
[ပြင်ဆင်ရန်]အသံကို ပေါက်ရောက် ပေါ်လွင်စွာ ဖတ်ရွတ်ရသော လင်္ကာတိုအမျိုးအစား ဖြစ်သည်။ မြန်မာကဗျာ စတင် သင်ကြားသောအခါ 'ကဗျာအစ သံပေါက်က' ဟု ဆိုရိုးရှိသည့်အတိုင်း သံပေါက်ကို ရှေးဦးစွာ သင်ကြားပေးလေ့ရှိသည်။ သံပေါက်သည် လေးလုံး စပ်လင်္ကာဖွဲ့နည်း၏အခြေခံဖြစ်သည်။ ကဗျာဖွဲ့နည်းအမျိုးမျိုးတွင် အလွယ်ဆုံးဖြစ်သည်။ သံပေါက်စပ်နည်း ကို လွယ်လွယ်သိနိုင်ရန် 'အစ လေးလုံး၊ အလယ် သုံး၊ အဆုံး ငါး ခုနစ်' ဟူ၍ မှတ်သားလေ့ရှိသည်။
ပထမ သံပေါက်စပ်နည်း (၄ - ၃ - ၂)
[ပြင်ဆင်ရန်](၁) အစပိုဒ်တွင် လေးလုံး ရှိရမည်။ (၂) အလယ်တွင် သုံးလုံး ရှိရမည်။ (၃) နောက်ဆုံးအချတွင် ငါးလုံး သို့မဟုတ် ခုနစ်လုံး ရှိမည်။ (၄) ကာရန်ယူပုံမှာ ၄- ၃- ၂ စနစ် ဖြစ်သည်။ အစပိုဒ် လေးလုံး အနက် စတုတ္ထနေရာ၊ အလယ်ပိုဒ် သုံးလုံးအနက် တတိယနေရာ၊ နောက်ဆုံး ပိုဒ် ငါးလုံး သို့မဟုတ် ခုနစ်လုံးအနက် ဒုတိယနေရာတို့ ကာရန်ညီရမည်ဟု ဆိုလိုသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ တင်မိုး (၂၀၁၁)။ မြန်မာကဗျာဖွဲ့နည်း။ မိုးမခ မီဒီယာ စာနယ်ဇင်းအဖွဲ့။
| ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |