ခေတ်စမ်းစာပေ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ခေတ်စမ်းစာပေသည် ၁၉၃၀ ခုနှစ်ဝန်းကျင်တွင် ပေါ်ပေါက်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားအချို့၏ အရေးအသားပုံသဏ္ဌာန် အသစ်တစ်ခုမှ ထိုဝေါဟာရထွက်ပေါ်လာခြင်းဖြစ်သည်။ ၁၉၃၄ ခုနှစ်တွင် စုစည်းထုတ်ဝေခဲ့သော ခေတ်စမ်းပုံပြင်များစာအုပ်ပါ အရေးအသားပုံစံများကို ခေတ်စမ်းဟု စတင်ခေါ်ဆိုခဲ့သည်။ ထိုစာအုပ်ထုတ်ဝေချိန်တွင် ဆရာကြီးဖေမောင်တင်ကအမှာစာရေးပေးခဲ့ပြီး ထိုစာအုပ်ပါ ရသစာပေများသည် ခေတ်ကို စမ်းသပ်ထားခြင်း၊ စူးစမ်းထားခြင်းနှင့် မြန်မာရသစာပေ ဖန်တီးမှုကို နည်းလမ်းအသစ်ဖြင့် စမ်းသပ်ချဉ်းကပ်ထားခြင်းကြောင့် ထိုစာပေလက်ရာများကို ခေတ်စမ်းဟု ခေါ်ဆိုခဲ့သည်။ စာအုပ်အမည်ကိုလည်း ခေတ်စမ်းပုံပြင်ဟု ခေါ်ခဲ့သည်။

ခေတ်စမ်းစာပေလှုပ်ရှားမှုတွင် ဇော်ဂျီသိပ္ပံမောင်ဝမင်းသုဝဏ်၊ မောင်ထင်၊ မောင်သုတကုသနှင့် ဧမောင် တို့သည် ဦးဆောင်ပါဝင်ကြသူများ ဖြစ်သည်။ ခေတ်စမ်းစာပေကို လှုပ်ရှားမှုတစ်ခုအဖြစ် စတင်ခဲ့ခြင်းမဟုတ်ပါ။ မြန်မာစာပေနှင့် ကမ္ဘာ့စာပေကို တတ်ကျွမ်းနားလည်သည့် လူငယ်စာရေးဆရာများ၏ စမ်းသပ်သောလက်ရာများမှတစ်ဆင့် ခေတ်စမ်းစာပေသည် လှုပ်ရှားမှုအသွင်ဖြစ် လာခဲ့ရခြင်းဖြစ်သည်။ စာပေလေ့လာသူပညာရှင်များကလည်း ခေတ်စမ်းစာပေကို လှုပ်ရှားမှုတစ်ခုအဖြစ် အသိအမှတ်ပြုခဲ့သည်။ ထိုလှုပ်ရှား မှုများကို ပံ့ပိုးခဲ့သည်များတွင် ဂန္တလောကမဂ္ဂဇင်း၊ ခေတ်စမ်းပုံပြင်များ(၁၉၃၄)၊ ခေတ်စမ်းကဗျာများ(၁၉၃၄)၊ ခေတ်စမ်းပုံပြင်များ(၁၉၃၈) တို့သည် အဓိကကျသောအခန်းကဏ္ဍတွင် ပါဝင်ခဲ့သည်။ ဆရာဇော်ဂျီ ရေးသားခဲ့သော ပိတောက်ပန်း (ကဗျာ) (၁၉၂၈)ကို ပထမဦးဆုံး ခေတ်စမ်းကဗျာအဖြစ် အသိအမှတ်ပြုထားကြသည်။

ကိုးကား[ပြင်ဆင်ရန်]