ဆဲန်ထန်ဘာသာစကား

ဝီကီပီးဒီးယား မှ
ဆဲန်ထန်
ဒေသမြန်မာနိုင်ငံ
ဒေသခံ ပြောဆိုသူများ
၃၃,၀၀၀ (၂၀၀၇)[၁]
ဘာသာစကားကုဒ်များ
ISO 639-3sez
Glottologsent1260[၂]

ဆဲန်ထန်ဘာသာစကား (အင်္ဂလိပ်: Senthang) သို့မဟုတ် ဆဲန်ထန်ချင်း ဘာသာစကားသည် မြန်မာနိုင်ငံတွင် ပြောဆိုကြသည့် ကူကီး-ချင်းဘာသာစကား တစ်မျိုး ဖြစ်သည်။

ပထဝီဝင် ပျံ့နှံ့မှု[ပြင်ဆင်ရန်]

ဆဲန်ထန်ဘာသာစကားကို အောက်ပါဒေသများတွင် ပြောဆိုအသုံးပြုကြသည်။ (Ethnologue)

VanBik (2009:55)[၃] တွင် အောက်ပါ ကျေးရွာများကို ဆဲန်ထန်ရွာများအဖြစ် ပြုစုထားသည်။ ဘွန်လုံး၊ ဘုံသွ၊ ဘုံဇုံ၊ ချောန်ကျွမ်း၊ ကျင်တလန်း၊ ဒေါင်ဗား၊ ဒွမ်ဗား၊ ဟာအိုဆင်၊ ကေဇွာ၊ ခွာပီး၊ လန့်ဖွန့်၊ လေအွမ်၊ လိချား၊ လုံဟအိုး၊ လုံရန်း၊ လုံသာရ်၊ ဖိုင်ဖာ၊ ဖိုင်ဇောင်း၊ ဆတ္တား၊ ဆွမ်ဆီး၊ ဆူရ်ခွား၊ ဇာထာလ်။

ဒေသိယစကားများ[ပြင်ဆင်ရန်]

Ethnologue တွင် အောက်ပါတို့ကို ဆဲန်ထန်ဘာသာစကား၏ ဒေသိယစကားများအဖြစ် စာရင်းပြုထားသည်။

  • ဆူရ်ခွား/လုံရန်း (Surkhua/Lungrang)
  • Shoneshi (Shonshe)
  • ဆတ္တား (Sakta)
  • Central Senthang (Bungzung, Khuapi, Lei-Um, Phaipha)
  • Shonshe

ကိုးကား[ပြင်ဆင်ရန်]

  1. ဆဲန်ထန် at Ethnologue (18th ed., 2015)
  2. Nordhoff၊ Sebastian; Hammarström၊ Harald; Forkel၊ Robert; Haspelmath၊ Martin, eds. (2013)။ "Senthang Chin"Glottolog။ Leipzig: Max Planck Institute for Evolutionary Anthropology။
  3. VanBik, Kenneth. 2009. Proto-Kuki-Chin: A Reconstructed Ancestor of the Kuki-Chin Languages. STEDT Monograph 8. ISBN 0-944613-47-0.