ဘောလယ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဘောလယ်[ပြင်ဆင်ရန်]

ဘောလယ်သည် ကုန်းဘောင်ခေတ် ဒုတိယပိုင်းဖြစ်သော သက္ကရာဇ် ၁၂ဝဝ ကျော်ကျော်အခါမှ စတင်၍ ပေါ်ပေါက်လာသည့် ကဗျာတစ်မျိုးဖြစ်သည်။ ယင်းကဗျာမျိုးကို ရွှေဘိုမင်းတရားကြီးနှင့် အနောက် နန်းမိဖုရား မမြကလေးတို့မှ မြင့်သည့် သမီးတော် လှိုင်ထိပ်ခေါင်တင် စတင်တီထွင်စပ်ဆိုခဲ့ဟန်တူသည်။ စိန်ခြူးညာကြောင်၊ ပုလဲမြိတ်စုံ၊ ထုံပန်းမာလာ၊ နာဂဆဒ္ဒန်၊ ရှုလဲညာထွေချီ ကဗျာများမှာ ဘောလယ်များ ဖြစ်ကြသည်။ ယင်းကဗျာမျိုးကို လှိုင်ထိပ်ခေါင်တင် ကိုယ်တိုင် ဘောလယ်ဟု မှည့်ခေါ်ခဲ့ခြင်း ဖြစ်တန်ရာသည်ဟု အချို့က ယူဆကြသည်။


ဘောလယ်ဟု မည်တွင်ခြင်း အကြောင်းကို ပညာရှိတို့ အမျိုးမျိုး ကြံဆကြသည်။ အချို့ပညာရှင်တို့က ဘောလယ် ဟူသော ဝေါဟာရသည် ဘဝလယ်ဟူသော စကားမှ ရွေ့လျော လေသည်။ ဤလူ့ဘုံ လူ့ဘဝကြီး၌ ဆင်းရဲချမ်းသာသည် အစဉ်မဟုတ်၊ အမျိုးမျိုးသော ဒုက္ခသုခတို့နှင့် စုန်ဆန် တက်သက် တွေ့ကြုံနေကြရသည်။ ယင်းသို့တွေ့ကြံနေကြရ ခြင်းကား ရှေးဘဝက ပြုခဲ့ဖူးသော ကံအကြောင်းပြန်လည် လာသောကြောင့် ဖြစ်သည်။ ဤသို့မိမိဘဝလည်လာသည်ကို အစွဲပြု၍ ဘဝလည်၊ ထိုမှ ဘဝ်လည်၊ ဘောလည်၊ ဘောလယ် ဟူ၍ ဖြစ်လာ သည်ဟု ယူဆကြသည်။ အချို့ကလည်း ပါမ္ဗိ အဘိဓာန်ကျမ်းတွင် ဘာဝသဒ္ဒါ၏ အနက် ၇ ချက်ပြရာ၌ တင့်တယ် စံပယ်ခြင်းအနက် ပါဝင်သည်ဖြစ်၍ ကဗျာသီချင်း တို့၏ အလယ်မှာ တင့်တယ်သော ဂုဏ်ထူးရှိသည့် သီချင်းဟု ဆိုလိုသည်ဟု ယူကြပြန်သည်။ အချို့ဆရာတို့ကမူ လှိုင် မင်းသမီးသည် လှိုင်မြို့ကို စားရသောကြောင့် ဘောလယ် ဟူသော မြို့လည်း လှိုင်မြို့နယ်ပယ်တွင် ပါဝင်ရကား ဘောလယ်တွင် ဤသီချင်းကို စတင်စပ်ဖွဲ့သည်ကို အစွဲပြု ၍လည်းကောင်း၊ လှိုင်မြို့နှင့် ဘောလယ်မြို့စား စတင်စပ်ဆို သည်ကိုစွဲ၍ လည်းကောင်း ဘောလယ်တွင်ဟု ထင်မြင် တွေးဆကြသည်။ သုံးထောင့်ရွာတွင် အစပြုသည်ကို အစွဲပြု၍ သုံးထောင်အိုင်ခေါ်ကြကြောင်းကို အထောက်အထား ပြကြ လေသည်။ အချို့ပညာရှင်တို့ကမူကား လှိုင်မင်းသမီး၏ ကြင် ဖက်တော်ကနောင်မင်းသားသည် မိဖုရားငယ် များနှင့်သာ ရွှေမေတ္တာတော် ယိမ်းယိုင်နေသည့်အတွက် မောင်တော်ဘုရား မိမိအပေါ်သို့သဘောတော်ပြန်လည် လာစေရန် ဖွဲ့ဆိုအပ်သော သီချင်းဖြစ်သောကြောင့် သဘောလယ်ဟု ခေါ်ရာမှ သ ကျေ၍ ဘောလည်ဖြစ်ကာ၊ ယင်းမှ ဘောလယ်ဖြစ်လာသည်ဟု ဆိုကြသည်။

ဘောလယ်ကဗျာ၌ အများအားဖြင့် အချိုး ၅ ချိုးရှိပြီး လျှင် အဆုံးတွင် ပတ်ပျိုး သီချင်းခံကြီးများကဲ့သို့သဖြန်နှင့် နိဂုံးအုပ်သည်ကို တွေ့ရသည်။ အချိုး ၄ ချိုး၊ ၆ ချိုး၊ ၇ ချိုးစသည်ဖြင့် စပ်ထားသော ဘောလယ်များ လည်းရှိ၍ သဖြန် ဖြင့် နောက်ဆုံး မအုပ်သော ဘောလယ်များလည်း ရှိသည်။ အချိုးတိုင်း၌ အခံပိုဒ်၊ အအုပ်ပိုဒ် ဟူ၍ ၂ ပိုဒ်စီ ပါလေသည်။ ပုံစံအားဖြင့်၊ စိန်ခြူးညာညောင်ချီ ဘောလယ်ကို အောက်တွင် ဖော်ပြထားသည်။

စိန်ခြူးကြာညောင်၊ လရောင်လင်းပါလို့၊ မှန်ရွှေဖြူ ပြတင်းငယ်က၊ မယ်ခုမျှော်၊ သုံးချက်စည်တော်၊ ရိုက်ဆော်ည|င်း တယ်လေး၊ လင်းပြန်လုနော်။ ။ သဇင်သင်းပါတဲ့ --- ခင်းပြန့်ပေါ်၊ လာနိုးငယ် မယ်မျှော်လို့၊ တစ်ကိုယ်တော်ထူး၊ ထွေရာစိတ်ကူးပါလို့၊ ဖူးရွှေလက်တင်၊ ဖြစ်ရှေးကုန်စဉ်၊ ဘဝင်တုန်ဆွေးတယ်လေး၊ တွေးကြံ လိုက်ရင်။ ။ သစ္စာတော် စူးပါစေ့၊ ဆိုဦးကပင်၊ ခင်လေးကို မောင်ကြင်ငဲ့၊ သည်သက် တွင် ဘဲ၊ ရှောင်သွေမလွဲ ပါဘု-ယုံတော့မေ၊ ပြဒုမတွေ --- သီဟာတင့်တယ်လေး၊ စိုးညာမြင့်နေ။ ။ နတ်ဒေဝီ ဖြားသော်လဲ --- တစ်ပါးကိုမသွေ၊ ရှစ်ဗြဟ္မာချွေပါလို့၊ အောင်ဇေယျညွှန်း၊ မတ်ချွေရွေဝန်းငယ်နှင့် ရေသွန်းတော်ခံ၊ မဟေသီမှန်၊ ဒေဝီတပ်တယ်လေး၊ ဦးဆယ်ထပ်ရံ။ ။

သည်မယ် ထင်စားပါလို့၊ ကြင်အားငယ်သန်၊ ခုများမှာ၊ သူတဉာဏ်နဲ့ မူဟန်တော်ခြား၊ ပြုတော်မူအားရန်ကော့၊ မျက်ထားသော်သုန်၊ မချစ်ပြင်ပြင် --- သခင်ကိုယ်တော် စိမ်းတယ် လေး၊ ပိန်းပိတ်လို့မှုန်။

ထိုစိန်ခြူးကြာညောင်ချီ ဘောလယ်တွင် စိန်ခြူး ညာညောင်၊ လရောင်လင်းပါလို့၊ မှန်ရွှေဖြူ ပြတင်း ငယ်က၊ မယ်ခုမျှော် ဟု အခံပိုဒ်ပြုပြီးနောက် သုံးချက်စည်တော်၊ ရိုက်ဆော်ည|င်းတယ်လေး၊ လင်းပြန်လု နော် ဟု အအုပ်ပိုဒ် ဖြင့် ချထားလေသည်။ ထိုအတူပင် ကျန်အချိုးများ၌လည်း ဖူးရွှေလက်တင် နှင့် အဆုံး သတ်သော အခံပိုဒ်ကို တွေးကြံလိုက်ရင် အဆုံးသတ်သော အအုပ်ပိုဒ်နှင့် လည်းကောင်း၊ ယုံတော့်မေ အဆုံးသတ်သော အခံပိုဒ်ကို စိုးညာမြင့်နေ အဆုံးသတ်သော အအုပ်ပိုဒ်ဖြင့် လည်းကောင်း၊ ရေသွန်း တော်ခံ နှင့် အဆုံးသတ်သော အခံပိုဒ်ကို ဦးဆယ်ထပ်ရံ နှင့် အဆုံးသတ်သော အအုပ် ပိုဒ်ဖြင့်လည်းကောင်း မျက်နှာထားသော်သုန် နှင့် အဆုံး သတ်သော အခံပိုဒ်ကို ပိန်းပိတ်လို့မှုန် နှင့် အဆုံးသတ် သော အအုပ် ပိုဒ်ဖြင့်လည်းကောင်း စီကုံးထားသည်ကို တွေ့ရပေမည်။ စပ်ဆိုရာတွင် ပထမပဒကို အက္ခရာ လေးလုံး ဖွဲ့၍ ဂရုသံ ဖြင့် ချီပြီးလျှင်၊ အဆုံးပဒတွင်လည်း အက္ခရာ လေးလုံးဖြင့်ပင်ဖွဲ့ကာ သံလျော့ခေါ် ဂရုသံနှင်ပင် ချရလေ သည်။

ပထမအချိုးတစ်ပါး ကျန်အချိုးများမှာ အခံပိုဒ်၌ အက္ခရာ ၈ လုံးမှ ၁ဝ လုံးအထိထား၍ ဂရုသံဖြင့် ချီပြီးလျှင် အဆုံးတွင် အက္ခရာ ၄ လုံးထား၍ ဂရုသံဖြင့်ပင် ချရလေ သည်။ အချိုး ၅ ချိုးစလုံး၌ပင် အစချီသော ဂရုကာရန် အဆုံး သတ်သော ဂရုကာရန်တို့ကို ညီညွတ်မှန်ကန်စေရသည်။ အချိုး တိုင်း၏ အအုပ်ပိုဒ်များတွင် လေး ဟူသော အက္ခရာအမြဲပါရ လေသည်။ ပုံစံအားဖြင့်ဆိုသော စိန်ခြူးကြာညောင် ချီဘောလယ်၌ ပထမ ချိုး၏ အအုပ်ပိုဒ်တွင် ဘဝင်တုန် ဆွေးတယ်လေး ဟုလည်းကောင်း၊ ဒုတိယချိုး အအုပ်ပိုဒ်တွင် ရိုက်ဆော် ည|င်းတယ်လေး ဟုလည်းကောင်း၊ တတိယ ချိုးတွင် ဘွေသီယာ ဆင့်တယ်လေး ဟုလည်းကောင်း၊ စတု· ချိုးတွင် ဒေဝီတပ်တယ်လေး ဟု လည်းကောင်း၊ ပဉ္စမချိုးတွင် သခင်ကိုယ်တော် စိမ်းတယ်လေး ဟု လည်းကောင်း ပါသည်ကို တွေ့ရပေလိမ့်မည်။

ဘောလယ်၏ အခြား ထူးခြားချက်တစ်ခုမှာ အချိုး တစ်ခုနှင့် တစ်ခု ကာရန်ဆက်စပ်နေခြင်းပင် ဖြစ်သည်။ ပထမအချိုး၏ အချကာရန်နှင့် ဒုတိယအချိုး၏ အချီကာ ရန်သည် လည်းကောင်း၊ ဒုတိယချိုး၏ အချ ကာရန်နှင့် တတိယချိုး၏ အချီကာရန်သည် လည်းကောင်း၊ တတိယချိုး၏ အချကာရန်နှင့် စတု·ချိုး၏ အချီကာရန်သည် လည်းကောင်း၊ စတု·ချိုး၏ အချကာရန်နှင့် ပဉ္စမချိုး၏ အချီကာရန်သည် လည်းကောင်း ဟပ်မိ စေရသည်။ စိန်ခြူးကြာညောင်ချီ ဘောလယ်ကိုပင် ပုံစံအားဖြင့် ကြည့်မူ ပထမချိုးတွင် လင်းပြန်လုနော် ဟု ချ၍ ဒုတိယအချိုးတွင် ခင်းပြန့် ပေါ် နှင့်ချီသည်။ ဒုတိယချိုးတွင် တွေးကြံလိုက်ရင် နှင့်ချ၍ တတိယချိုးတွင် ဆိုဦးကပင် နှင့်ချီသည်။

တတိယချိုးတွင် စိုးညာမြင့်နေ နှင့်ချ၍ စတု·ချိုးတွင် တပါးကို မသွေ နှင့်ချီသည်။ စတု·ချိုးတွင် ဦးဆယ် ထပ်ရံ နှင့်ချ၍ ပဉ္စမချိုးတွင် ကြင်အားငယ်သန် နှင့်ချီထားသည်ကို တွေ့နိုင်သည်။ အခြားဘောလယ်များ၌လည်း ယင်းသို့ချည်းနှင်နှင် တွေ့ရလေသည်။ ဤကားရိုးရိုးဘောလယ် များကြောင်းဖြစ်သည်။

ယခုခေတ် ဘောလယ်ကဗျာကိုအမျိုးမျိုး ဆန်းကွန့် ရေးစပ်ကြသေးသည်ကို တွေ့ရသည်။ ကာရန်နဘေပိုဒ်ပေါင်း များစွာ တွန့်၍ကွန့်၍ ထားခြင်းကြောင့် ယင်းခေတ်ဆန်း ဘောလယ်ကို ထပ်တွန့်ဘောလယ်ဟုလည်း ခေါ်ကြသည်။ နဘေကာရန်အတွန့်အကွန့်များမှလွဲ၍ ရေးသားပုံရေးသား နည်းမှာ ရိုးရိုးဘောလယ်အတိုင်းပင် ဖြစ်ပေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)