မွင်းဘာသာစကား

ဝီကီပီးဒီးယား မှ
မွင်း
Ng’men
ဒေသမြန်မာနိုင်ငံ
ဒေသခံ ပြောဆိုသူများ
၁၅,၀၀၀ (၂၀၁၁)[၁]
ဘာသာစကားကုဒ်များ
ISO 639-3mwq
Glottologmunc1235[၂]

မွင်းဘာသာစကား (မွင်းချင်း သို့ ချို) သည် မြန်မာနိုင်ငံတွင် ပြောဆိုကြသော ကူကီးဘာသာစကားတစ်ခု ဖြစ်သည်။ ချင်းပြည်နယ်မင်းတပ်မြို့နယ်နှင့် မကွေးတိုင်းဒေသကြီးရှိ ဆောမြို့နယ်နှင့် ထီးလင်းမြို့နယ်တို့တွင် ပြောဆို အသုံးပြုကြသည်။

အမည်များ[ပြင်ဆင်ရန်]

ချင်းပုတ် ဟု ယခင်က ခေါ်ဝေါ်ကြသော်လည်း ကိုလိုနီခေတ်က ဒေသတစ်ခု၏ အမည်ဖြစ်ခဲ့သလို နီးစပ်သော ဘာသာစကားများကို ခေါ်ဆိုသော အမည်လည်း ဖြစ်ခဲ့သည်။ မွင်းဘာသာစကား၏ အခြားအမည်များမှာ ချို၊ K’cho, K’cho Chin, မင်းတပ်၊ မွင်း တို့ ဖြစ်သည်။

ဒေသိယစကားများ[ပြင်ဆင်ရန်]

Ethnologue တွင် ဒေသိယစကား ၃ ခုကို စာရင်းပြုထားရာ ယင်းတို့မှာ:

  • Ng’men (Hletlong, Hmong-K’cha, Nitu)
  • Hngiyung
  • Gah (Ng-Gha)

Hngiyung နှင့် Ng’men (Hletlong, Hmong-K’cha, Nitu ဟုလည်း ခေါ်သော) အနည်းဆုံး ဒေသိယစကား နှစ်မျိုး ရှိသည်။ ယင်းတို့ကို မွင်းလူမျိုးများ ကိုယ်တိုင် အသုံးပြုမှုနည်းပါးသဖြင့် ပျောက်ကွယ်လုနီးနီး ဖြစ်နေသည်။ မွင်းစကားကို အဆင့်မြှင့်တင်ရမည့် အစား Kcho စကားကို ဖန်တီးရန် ကြိုးစားခဲ့ကြသည်။ ၂၀၃၀ ခုနှစ် နောက်ပိုင်းတွင် မွင်းလူမျိုးအုပ်စုသည် ပျောက်ကွယ်သွားလိမ့်မည်ဟု ယူဆထားကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မွင်း at Ethnologue (18th ed., 2015)
  2. Nordhoff၊ Sebastian; Hammarström၊ Harald; Forkel၊ Robert; Haspelmath၊ Martin, eds. (2013)။ "Mun Chin"Glottolog။ Leipzig: Max Planck Institute for Evolutionary Anthropology။