သံချို

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

အသံချိုချိုသာသာရွတ်ရသော လေးချိုးကဗျာမျိုးဖြစ်သည်။ ရုပ်သေးပွဲများတွင် လက်စွဲတော်ရုပ်ခေါ် စာဆိုရုပ်ကို ကိုင်ရသော စာဆိုကိုင်သည် အလှူအကြောင်း၊ အလှူရှင်အကြောင်းတို့ကို ရုပ်သေးစင်လက်တန်းကိုကိုင်လျက် ဇဝနဉာဏ်ဖြင့် ချက်ချင်းဖွဲ့ဆိုလေ့ရှိသော ကဗျာမျိုးဖြစ်သည်။ ထို့ကြောင့် လျင်မြန်သော ဇဝနဉာဏ်ကိုပင် လက်တန်းဉာဏ်ဟု ဆိုကြခြင်းဖြစ်သည်။

သံချိုစပ်နည်း[ပြင်ဆင်ရန်]

သံချိုစပ်နည်းမှာ လေးချိုးစပ်နည်း အတိုင်းပင် ဖြစ်သည်။ အချိုး လေးချိုးပါသည်။ တတိယအချိုးတွင် ခွာထောက်ကာရန်ပါသည်။ ချီသံ ချသံအနေအထား၊ ကာရန် အနေအထား အနည်းငယ်ကွဲသည်။ သို့ရာတွင် သံချိုသီဆိုပုံကို နားထောင်ကြည့်မှသာလျှင် သံချို၏သဘောကို နားလည်နိုင်ပေမည်။ ကာရန်ယူပုံစနစ်မှာမူ လေးချိုး ကာရန်ယူပုံအတိုင်းပင် ဖြစ်သည်။

သံချိုစာဆိုများ[ပြင်ဆင်ရန်]

မြန်မာစာပေလောကတွင် ထင်ရှားသော သံချိုစာဆိုမှာ မောင်းထောင် ဦးကျော်လှ ဖြစ်သည်။ ဦးကျော်လှအပြင် သာဝတ္ထိဦးကြီး၊ အလုံမြို့ ကင်းစမ်းရွာက ဦးမြတ်ဝင်း၊ ကျောက္ကာရွာက ဦးကျော်၊ ချောင်းဦး ဆယ်ရွာက ဉာဏ်ကျယ် အမည်ခံ ဦးကြူ၊ မင်းစာဝန်နှင့် ဦးပျော်ဘွယ် စသည်တို့ ထင်ရှားကြသည်။ ဦးဉာဏ်ကျယ်နှင့် ဦးကျော်လှတို့သည် သံချိုစာဆိုပြိုင်ဖက်များ ဖြစ်ကြသည်။ ၁၉၃ဝ ခုနှစ်နောက်ပိုင်း ခေတ်စမ်းစာပေ ပေါ်ထွန်းသော ခေတ်တွင် ကဗျာစာဆို ဆရာဇော်ဂျီသည် သံချိုအများအပြား ရေးသားဖွဲ့ဆိုခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မိုးမခ မီဒီယာ စာနယ်ဇင်းအဖွဲ့မွ ထုတ်ဝေသော ကဗျာဆရာ တင်မိုး၏ မြန်မာကဗျာဖွဲ့နည်း၊(၂၀၁၁၊ ဩဂုတ်)