တရုတ်-တိဗက်နွယ် ဘာသာစကားများ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
Sino-Tibetan
ဒေသအလိုက်
ပျံ့နှံ့မှု:
အရှေ့အာရှ, အရှေ့တောင်အာရှ, တောင်အာရှ
ခွဲခြားမှု: ဘာသာစကား မိသားစုများ၏ ပင်မဘာသာစကားတစ်ခု
အခွဲများ:
  • Some 40 well-established low-level groups (see Van Driem (2011), some of which may not belong to Sino-Tibetan at all
  • Many proposed higher-level groupings
  • Traditional division:
  • Sinitic vs. the rest (Tibeto-Burman)
ISO 639-2 / 5: sit
Glottolog: sino1245
{{{mapalt}}}
The extension of various branches of Sino-Tibetan

တရုတ်-တိဗက်နွယ်(Sino-Tibetan) ဘာသာစကား မိသားစုကို အချို့က တိဗက်-ဗမာနွယ်(တိဗက်တို-ဘားမန်း) ဟူ၍လည်းကောင်း၊ ထရန်စ်-ဟိမာလေးယန်း ဟူ၍လည်းကောင်း ခေါ်ဆိုကြသည်။ တရုတ်-တိဗက်နွယ် ဘာသာစကားများတွင် ဘာသာစကား ၄၀၀ ကျော်ပါဝင်ပြီး အရှေ့အာရှအရှေ့တောင်အာရှနှင့် တောင်အာရှဒေသများတွင် ပြောဆို အသုံးပြုကြသည်။ အင်ဒို-ယူရိုပီယန် ဘာသာစကားများပြီးလျှင် ဒုတိယမြောက် အသုံးပြုသူ အများဆုံးရှိသည့် ဘာသာစကားများ ဖြစ်သည်။ တရုတ်-တိဗက်နွယ် ဘာသာစကားများတွင် မိခင်ဘာသာစကားအဖြစ် အများဆုံးသော ဘာသာစကားများမှာ တရုတ်ဘာသာစကား အမျိုးမျိုး(သုံးစွဲသူ ၁.၂ ဘီလီယံ)၊ ဗမာ ဘာသာစကား(သုံးစွဲသူ ၃၃ သန်း) နှင့် တိဗက်ဘာသာစကား (သုံးစွဲသူ ၈ သန်း) တို့ဖြစ်ကြသည်။ တရုတ်-တိဗက်နွယ် ဘာသာစကား အတော်များများကို ဝေးလံသော တောင်ပေါ်ဒေသများတွင်ရှိသော လူမျိုးစုလေးများက ပြောဆိုလျှက် ရှိကြပြီး ယင်းတို့နှင့်ပက်သက်သော မှတ်တမ်းမှတ်ရာများ နည်းပါးသည်။

ဘာသာစကားများကို အုပ်စုခွဲရာတွင် အနိမ့်ပိုင်းအဆင့် အုပ်စုများကို ကောင်းစွာသတ်မှတ်ခွဲခြားထားပြီး ဖြစ်သော်လည်း အမြင့်ပိုင်း အုပ်စုဖွဲ့စည်းပုံမှာ ရှင်းလင်းမှု မရှိသေးပါ။ ဤဘာသာစကား မိသားစုကြီးကို တရုတ်နွယ် ဘာသာစကားများအုပ်စု(Sinitic) နှင့် တိဗက်-ဗမာနွယ် ဘာသာစကားများအုပ်စု(Tibeto-Burman) ဟူ၍ ကိုင်းခွဲနှစ်မျိုးဖြင့် သတ်မှတ် ဖော်ပြလေ့ ရှိသော်လည်း တရုတ်နွယ် မဟုတ်သော ဘာသာစကားများ၏ မူလအစနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြထားခြင်း လုံးဝမရှိသေးသလို ဤသို့ခွဲခြားခြင်းကို လက်မခံသော သုတေသနပညာရှင် ဦးရေမှာလည်း ပိုမိုများပြားလာသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

တရုတ်၊ တိဗက်၊ ဗမာနှင့် အခြား ဘာသာစကားများအကြား ဆက်စပ်မှုကို ၁၉ ရာစုအစောပိုင်းတွင် ပထမဆုံးအကြိမ် စတင်၍ အဆိုပြုခဲ့ပြီး ယခုအခါ ကျယ်ပြန့်စွာ လက်ခံထားပြီး ဖြစ်သည်။ ကနဦးတွင် စာပေယဉ်ကျေးမှု ရှည်ကြာခိုင်မာသော ယဉ်ကျေးမှု လူ့အဖွဲ့အစည်းများ၏ ဘာသာစကားများကိုသာ ဦးတည်ခဲ့ရာ နောက်တွင် အသုံးပြုမှုနည်းပါးသော၊ အချို့ဆိုလျှင် စာပေအရေးအသား မကြာသေးမီကမှ ပေါ်ပေါက်ခဲ့သော၊ စာပေအရေးအသား မရှိသော ဘာသာစကားများကိုပါ ထည့်သွင်းလာခဲ့သည်။ မည်သို့ပင်ဖြစ်စေ အင်ဒို-ယူရိုပီယန်(အိန္ဒိယ-ဥရောပနွယ်) နှင့် ဩစထြိုအေးရှားတစ် လေ့လာမှုများနှင့် ယှဉ်လျှင် တရုတ်-တိဗက်နွယ် ဘာသာစကား မိသားစုသည် အုပ်စုဖွဲ့စည်းပုံ တည်ဆောက်မှုပိုင်းတွင် များစွာအားနည်းသည်။ အခက်ခဲများမှာ ဘာသာစကား အမျိုးအစား လွန်စွာများပြားစုံလင်မှု၊ အများစုတွင် စကားလုံးပုံပြောင်းမှု မရှိခြင်းနှင့် ဘာသာစကားခြင်း ထိတွေ့ရောယှက်မှု များပြားခြင်း စသည်တို့ဖြစ်သည်။ ထိုပြင် လူပြောနည်းသော ဘာသာစကား အများအပြားမှာ သွားရောက်ရန် ခက်ခဲသော တောင်ထူထပ်သည့် ဒေသများတွင် ရှိကြသည့်အပြင် ၎င်းဒေသများသည် ပြဿနာရှိသော နယ်ခြားဒေသများလည်း ဖြစ်နေတတ်သည်။

ကနဦးလေ့လာမှု[ပြင်ဆင်ရန်]

၁၈ ရာစုအတွင်း ပညာရှင်အတော်များများသည် ရှည်လျားသည့် စာပေရေးသားမှု သမိုင်းကြောင်းများ ရှိကြသည့် တိဗက်ဘာသာစကားနှင့် ဗမာ ဘာသာစကားများကြား ဆက်နွယ်မှုရှိကြောင်း စတင်သတိပြုမိခဲ့ကြသည်။ ထို့နောက် အိန္ဒိယမြောက်ပိုင်းနှင့် အရှေ့တောင်အာရှရှိ တောင်ပေါ်ဒေသများရှိ အခြားသော စာပေအရေးအသား မရှိသေးသည့် ဘာသာစကား အတော်များများသည် အဆိုပါ တိဗက်နှင့် ဗမာ ဘာသာစကားများနှင့် ဆက်စပ်မှုရှိကြောင်း သိရှိလာသည်။ ၁၈၅၆ ခုနှစ်တွင် ဂျိမ်းစ် ရစ်ချက်ဆန် လိုဂန် က အဆိုပါ ဘာသာစကားများကို တိဗက်-ဗမာနွယ် ဘာသာစကားများအုပ်စု (Tibeto-Burman)ဟု စတင်သတ်မှတ်ခဲ့သည်။ ၎င်းကပင် ကရင်ဘာသာစကားကို ဤအုပ်စုအတွင်းသို့ ၁၈၅၈ ခုနှစ်တွင် ထည့်သွင်းခဲ့သည်။

၁၉ ရာစုနှစ် အလယ်ပိုင်းတွင် လိုဂန်နှင့် အခြားပညာရှင်များက အရှေ့တောင်အာရှရှိ အင်ဒို-ချိုင်းနိစ် ဘာသာစကားများကို လေ့လာမှုပြုလုပ်ခဲ့ပြီး ဘာသာစကား မိသားစု လေးစုကိုဖော်ထုတ်ခဲ့သည်။ ၎င်းတို့မှာ တိဗက်တို-ဘားမန်း၊ တိုင်မွန်-ခမာ နှင့် မလေးယို-ပိုလီနီးရှန်း ဟူ၍ဖြစ်သည်။ ၁၈၅၆ ခုနှစ်တွင် ဂျူးလိယက် ကလာပရိုသ် က ဗမာ၊ တိဗက်နှင့် တရုတ် ဘာသာစကားများ အားလုံးသည် အခြေခံ အသုံးအနှုန်းစကားလုံးများတွင် တူညီမှုများ ရှိသော်လည်း ထိုင်းမွန် နှင့် ဗီယက်နမ် ဘာသာစကားများမှာ လုံးဝကွဲပြားခြားနားမှုရှိကြောင်း မှတ်ချက်ပြုခဲ့သည်။

ရှာဖာနှင့် ဘန်နီဒစ်[ပြင်ဆင်ရန်]

၁၉၃၅ ခုနှစ်တွင် မနုဿဗေဒပညာရှင် အဲလ်ဖရက် ကရိုးဘာက တရုတ်-တိဗက်နွယ် ဝေါဟာရဗေဒ ပရောဂျက်တစ်ခုကိုစတင်ခဲ့ပြီး ဘာကလေရှိ ကာလီဖိုးနီးယား တက္ကသိုလ်တွင် အခြေစိုက်ခဲ့သည်။ ၁၉၈၃ နှောင်းပိုင်းအထိ ပရောဂျက်ကို ရောဘတ် ရှာဖာက ဦးစီးခဲ့ပြီး နောက်ပိုင်းတွင် ပေါလ် ကေ ဘန်နီဒစ် က ဆက်လက်ဦးစီးခဲ့သည်။ ၎င်းတို့၏ လမ်းညွှန်မှုဖြင့် ဘာသာဗေဒပညာရှင်မဟုတ်သော ဝန်ထမ်း ၃၀ က တရုတ်-တိဗက်နွယ် ဘာသာစကားများနှင့် ပတ်သက်သော မှတ်တမ်းမှတ်ရာများ ရနိုင်သမျှအားလုံးကို စုဆောင်းခဲ့သည်။ ပရောဂျက်၏ ရလဒ်မှာ တရုတ်-တိဗက်နွယ် ဘာသာဗေဒ ဟု အမည်ပေးထားသည့် အတွဲ ၁၅ တွဲပါဝင်သည့် မှတ်တမ်းကြီး ဖြစ်သည်။ ၎င်းမှတ်တမ်းကြီးကို မည်သည့်အခါမှ ပုံနှိပ်ထုတ်ဝေခြင်း မပြုခဲ့သော်လည်း ၎င်းစာတမ်းမှ အချက်အလက်များကို ရှာဖာနှင့် ဘန်နီဒစ်တို့ ရေးသားသည့် တရုတ်-တိဗက်နွယ် ဘာသာစကားဆိုင်ရာ စာတမ်းများတွင် အသုံးပြုခဲ့သည်။

ဘန်နီဒစ်သည် သူ၏ သုတေသနလုပ်ငန်း၏ လက်ရေးစာမူများကို ၁၉၄၁ တွင် အပြီးသတ်ရေးသားခဲ့သည်။ သို့သော် ၁၉၇၂ ခုနှစ်အထိ ပုံနှိပ်ထုတ်ဝေခြင်း မပြုခဲ့ပေ။ သူသည် ဘာသာစကား မိသားစု ဖြန့်ဝေပုံဇယားကြီး တစ်ခုလုံးကို တည်ဆောက်မည့်အစား အဓိက ဘာသာစကားကြီး ငါးခုကိုနှိုင်းယှဉ်လေ့လာခြင်း၊ တခါတရံ အခြား ဘာသာစကားများဖြင့် နှိုင်းယှဉ် လေ့လာခြင်းများ ဆောင်ရွက်ပြီး ရှေးဦး-တိဗက်တို-ဘားမန်း ဘာသာစကား လေ့လာချက်ကို တည်ဆောက်ခဲ့သည်။

အရေးစနစ်ရှိသော ဘာသာစကားများကို လေ့လာခြင်း[ပြင်ဆင်ရန်]

ရှေးဟောင်း တရုတ်ဘာသာစကားသည် ရှေးအကျဆုံး မှတ်တမ်းရှိသည့် တရုတ်-တိဗက်နွယ် ဘာသာစကား ဖြစ်ပြီး ဘီစီ ၁၂၀၀ ခန့်မှ စတင်တည်ရှိခဲ့ပြီး ဘီစီ ပထမရာစုနှစ်မစတင်ကာ အရေးမှတ်တမ်းများ များပြားစွာ ရှိသည်။ သို့သော် တရုတ်စာသည် အက္ခရာစနစ် မဟုတ်ပါ။ ထို့ကြောင့် ပညာရှင်များသည် ရှေးဟောင်း တရုတ်ဘာသာစကား အသံထွက်စနစ်ကို သိရှိနိုင်ရန်အတွက် အလယ်ခေတ် တရုတ်အဘိဓာန်များမှ တရုတ်စာအတွက် ဖိုနက်တစ် ဖော်ပြချက်များနှင့် ရှေးခေတ် ကဗျာများမှ ကာရံစနစ်များကို လေ့လာပြီး ပြန်လည် တည်ဆောက်ဖော်ထုတ်ခဲ့ရသည်။ ပထမဆုံး ပြီးပြည့်စုံသည့် ပြန်လည်ဆောက်မှုမှာ ဘားနက် ကားဂရန်၏ Grammata Serica Recensa အမည်ရသည့် စာအုပ်ဖြစ်ပြီး ဘန်နီဒစ်နှင့် ရှာဖာတို့က အသုံးပြုခဲ့ကြသည်။ သို့သော် ၎င်းတွင် အသံများစွာသည် အစီအစဉ်မကျသည့်အတွက် အသုံးပြုရန် ခက်ခဲသည်။ နောက်ပိုင်းတွင် ပညာရှင်များသည် ကားဂရန်၏ ဆောင်ရွက်ချက်များကို အခြားအရင်းအမြစ်များဖြင့် ပေါင်းစပ်၍ ပိုမိုကောင်းမွန်အောင် ပြုပြင်ခဲ့ကြသည်။ အချို့ အဆိုပြုချက်တွေဟာ အရင်းအမြစ်တူတဲ့ အခြား တရုတ်-တိဗက်နွယ် ဘာသာစကားတွေကနေ ရယူခဲ့တာ ဖြစ်ပေမယ့် တရုတ်ဘာသာစကား စစ်စစ်ဖြစ်တဲ့ အထောက်အထားတွေကိုလည်း တွေ့ရှိခဲ့သည်။ ဥပမာ အားဖြင့်ဆိုလျှင် ကားဂရန်က သရသံ ၁၅ ခု သတ်မှတ်ခဲ့ရာမှာ နီကိုလတ် ဘော့မန်က တိဗက်ဘာသာစကားနဲ့ နှိုင်းယှဉ်လေ့လာပြီး သရသံ ၆ ခုထိ လျှော့ချခဲ့ပါတယ်။ နိုင်ငံခြားအမည်တွေကို တရုတ်ဘာသာနဲ့ ရေးသားခဲ့တဲ့ မှတ်တမ်းတွေကို လေ့လာခြင်းဖြင့်လည်း ရှေးခေတ် အသံတွေကို မှန်းဆဖို့ အထောက်အကူ ပြုသည်။ ရှေးဟောင်း တရုတ်ဘာသာစကားသည် နိမ့်မြင့်သံမခွဲခြားသော ဘာသာစကားဖြစ်ပြီး အလယ်ခေတ် တရုတ်ဘာသာစကားမှ နိမ့်မြင့်သံများသည် နောက်ဆုံးရှိ ဗျည်းသံများမှ ဖွံ့ဖြိုးလာသည်ဟု ပညာရှင် အတော်များများက ယုံကြည်လာကြသည်။

တိဗက်ဘာသာစကားမှာတော့ ၇ ရာစုနှစ်အလယ်ပိုင်း တိဗက်အင်ပါယာ ခေတ်ကနေစပြီး များပြားတဲ့ အရေးအသား မှတ်တမ်းတွေ ရှိသည်။ အစောဆုံး မြန်မာစာ အရေးအသားမှာ ၁၂ ရာစုနှစ် မြစေတီကျောက်စာတစ်ခုသာဖြစ်ပြီး အကန့်အသတ်ရှိနေသည်။ သို့သော် ၎င်းနောက်တွင် စာပေအရေးအသား အထောက်အထားများ များစွာတိုးတက်လာခဲ့သည်။ ၎င်းဘာသာစကား နှစ်ခုလုံးသည် အိန္ဒိယ ရှေးဟောင်း ဗြာဟ္မီ စာရေးသားစနစ်ကို အခြေခံသည့် အက္ခရာစနစ်ဖြင့် ရေးသားသည်။

၁၁ ရာစုနှစ်မှ ၁၃ ရာစုနှစ် အထိ ထွန်းကားခဲ့သော တောင်ဂွတ်အင်ပါယာမှ တောင်ဂွတ်ဘာသာစကားတွင်လည်း များပြားသော မှတ်တမ်းများ ရှိသည်။ တောင်ဂွတ်ဘာသာစကားကို တရုတ်စာ အရေးအသားမှ ဖန်တီးယူထားသော ပုံစာအရေးစနစ်ဖြင့် မှတ်တမ်းများ ရှိသည်။ သို့သော် ယခုအခါတွင် ဘာသာပြန်ခြင်းအတွက် အခက်အခဲများစွာ ရှိနေသည်။

Gong Hwang Cherng သည် ရှေးဟောင်း တရုတ်ဘာသာစကား၊ တိဗက်ဘာသာစကား၊ ဗမာဘာသာစကားနဲ့ တောင်ဂွတ်ဘာသာစကားများကို နှိုင်းယှဉ်လေ့လာပြီး ၎င်းဘာသာစကားများကြား အသံ ဆက်စပ်မှုများကို ဖော်ထုတ်ရန် ကြိုးပမ်းခဲ့သည်။

အတန်းအစားခွဲခြားခြင်း[ပြင်ဆင်ရန်]

တရုတ်-တိဗက်နွယ် ဘာသာစကား မိသားစုကြီး၏ အနိမ့်ပိုင်း ကိုင်းခွဲများ၊ အဓိကအားဖြင့် လိုလို-ဗမာ ကိုင်းခွဲအား ခိုင်မာစွာ ပြန်လည်တည်ဆောက် ထားရှိပြီး ဖြစ်သည်။ သို့သော် ရှေးဦး-တရုတ်-တိဗက်နွယ် အပိုင်းတွင် ခိုင်မာမှု မရှိသေးဘဲ အမြင့်ပိုင်း ဖွဲ့စည်းပုံမှာလည်း မရှင်းလင်းသေးပါ။

လီ (၁၉၃၇)[ပြင်ဆင်ရန်]

ဘန်နီဒစ် (၁၉၄၂)[ပြင်ဆင်ရန်]

တရုတ်-တိဗက်နွယ်
  • တရုတ်
  • တိဗက်တို-ကရင်
    • ကရင်
    • တိဗက်တို-ဘာမန်း

ရှာဖာ(၁၉၅၅)[ပြင်ဆင်ရန်]

တရုတ်-တိဗက်နွယ်
  • စီနီတစ်
  • ဒိုင်ရစ်
  • ဘိုဒစ်
  • ဘားမစ်
  • ဘာရစ်
  • ကရန်နစ်

မာတီဆော့ဖ်(၁၉၇၈)[ပြင်ဆင်ရန်]

တရုတ်-တိဗက်နွယ်
  • တရုတ်
  • တိဗက်တို-ဘားမန်း

စတာရိုစတင်း(၁၉၉၆)[ပြင်ဆင်ရန်]

တရုတ်-တိဗက်နွယ်(အဆို-၁)
  • စီနို-ကီရန်တီ
  • တိဗက်တို-ဘားမန်း
တရုတ်-တိဗက်နွယ်(အဆို-၂)
  • တရုတ်
  • ကီရန်တီ
  • တိဗက်တို-ဘားမန်း

ဘလန့်ချ် နှင့် ပို့စ်[ပြင်ဆင်ရန်]

အမျိုးအစားဗေဒ[ပြင်ဆင်ရန်]

စကားလုံးအစီအစဉ်[ပြင်ဆင်ရန်]

တရုတ်၊ ကရင်နှင့် ဘိုင် ဘာသာစကားများမှအပ အခြားသော တရုတ်-တိဗက်နွယ် ဘာသာစကားများ သည် ပုံမှန်အားဖြင့် ကံ-တြိယာ အစီအစဉ်ပုံစံ ဖြစ်သည်။ ပညာရှင်အများစုက ၎င်းပုံစံသည် မူလအစ အစီအစဉ်ပုံစံပင်ဖြစ်ပြီး တရုတ်၊ ကရင်နှင့် ဘိုင် ဘာသာစကားများမှာ နီးစပ်သော အခြား ပတ်ဝန်းကျင်ဘာသာစကားများ၏ လွှမ်းမိုးမှုကြောင့် ကတ္တား-တြိယာ-ကံ ပုံစံအစီအစဉ်သို့ ပြောင်းလဲသွားခြင်း ဖြစ်မည်ဟု ပညာရှင် အများစုက ယူဆကြသည်။ မည်သို့ပင်ဖြစ်စေ တရုတ်နှင့် ဘိုင် ဘာသာစကားများတွင် နာမ်ကို အထူးပြုလိုသည့် စာပိုဒ်အား နာမ်၏ ရှေ့တွင် ထည့်သွင်းသည့် ပုံစံမှာ တြိယာ-ကံ အစီအစဉ်ပုံစံရှိသည့် အခြားသော ကမ္ဘာ့ ဘာသာစကားများ အားလုံးနှင့် လုံးဝ ကွဲပြားနေသည်။

ပုံပြောင်းခြင်းဗေဒ[ပြင်ဆင်ရန်]

စကားလုံးအသုံးအနှုန်း[ပြင်ဆင်ရန်]

လူမျိုးများနှင့် ဘာသာစကားများ[ပြင်ဆင်ရန်]