ယောစကား

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ယောစကားမှာ အများအားဖြင့် မြန်မာစကားနှင့် အတူတူပင်ဖြစ်ပြီး အသံထွက်နှင့် လေယူလေသိမ်း ကွဲပြားခြင်း ဖြစ်သည်။

လေ့လာလိုပါက ယောဒေသရှိ ယောစကားပြောသူများ၏ အသံထွက်နှင့် လေယူလေသိမ်းကို နားထောင်ခြင်းသည် အကောင်းဆုံးဖြစ်ပေမည်။ အောက်ပါ ကွဲပြားချက်, ထူးခြားချက်များကို သိရှိထားပါက သင်ယူမှုအတွက် ပိုမို အထောက်အကူ ပြုနိုင်ပေလိမ့်မည်။

သိသာထင်ရှား၍ သတ်မှတ်ချက်ရှိသော အသံထွက်မှာ --က် ၊--င်၊ --င်း၊ ဖြစ်သည်။

--က် အသံထွက်ကို ထွက်ဆိုရာ၌ mark ၌ ပါသော အသံထွက်မျိုး ထွက်ဆိုပါ။

ဥပမာ ကြက်သား ကို ကျာ့(က်) သား၊ ဝက်သား ကို ဝါ့(က်) သား၊ ငှက် ကို ငှါ့(က်) စသဖြင့် --က် ဖြင့် စာလုံးပေါင်းတော အသံထွက်တိုင်းကို ပြောင်းလဲ၍ ပြောဆိုကြပါသည်။

သမင် ကို ပြောဆိုရာ၌ မင် အသံကို ပြင်းပြင်းရွတ်ဆိုရပြီး among ၌ mong အသံထွက်နှင့် ဆင်တူအောင်ထွက်ရသည်။

အနီးစပ်ဆုံးရေးပြရသော် သမင်ကို သမာ(င်) ။ ဆင် ကို ဆာ(င်)။ ခြင် ကို ခြာ(င်) စသည်ဖြင့် --င် ဖြင့်ဆုံးသော စကားလုံးတိုင်းကို ပုံစံတူ ထွက်ကြောင်းသိထားရမည်။

ထမင်း ကိုပြောဆိုရာ၌လည်း နည်းတူပင် ထမား(င်း)၊ ဟင်း ကို ဟား(င်း) ၊ ခြင်းတောင်း ကို ခြား(င်း)တောင်း, စသည်ဖြင့် တူညီမှုကို သိထားပါ။


--ွန်း အသံထွက်ကိုမူ အခြားသော ရိုးရိုး အန်း ကာရံ အတိုင်းပင်ထွက်ဆိုသည်။

ဥပမာ ဇွန်း၊ ဝန်း၊ စသည်ကို အခြားသော ကန်း၊ မန်း၊ စသည့် ကာရံအတိုင်း မပြောင်းလဲပဲ ထွက်ဆိုသည်။

ထူးခြားသော အခေါ်အဝေါ် အချို့လည်း ရှိသေးသည်။

ဥပမာ ကိုယ်တုံးလုံး ကို တောက်စလင်း ၊ အတိုင်းထက် အလွန်ကို ကစောက်ကစက်၊ အရမ်းတော်တယ် စသည်ကို နင်းကန် တော်တယ်၊ နင်းတော်တယ်၊ ပိတ်တော်တယ်၊ ကစောက်ကစက်တော်တယ် စသည် ပြောင်းလဲ သုံးစွဲ၍ ရသည်။