မကူရီဘာသာစကား

ဝီကီပီးဒီးယား မှ
မကူရီ
မကူရီနာဂ
ဒေသခံအိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံ
ဒေသနာဂလန်းပြည်နယ်
ဒေသခံ ပြောဆိုသူများ
၆၅,၀၀၀ (၂၀၁၄-၁၆)[၁]
တရုတ်-တိဗက်နွယ်
ဘာသာစကားကုဒ်များ
ISO 639-3jmn
Glottologmaku1273[၂]

မကူရီဘာသာစကား (Makury သို့မဟုတ် Makury Naga) သည် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံနာဂဘာသာစကားတစ်ခု ဖြစ်သည်။ မကူရီဘာသာစကားသည် ကိုညတ်-တန်ရှန်း နှင့် Angami-Zeme အုပ်စုတွင် ပါဝင်သော အခြားနာဂဘာသာစကားများနှင့် မနီးစပ်ပေ။ တောင်ပိုင်းနာဂဘာသာစကားတွင် ပါဝင်သော Ao-Tangkhul ဘာသာစကားအုပ်စုတွင် ပါဝင်ပြီး ယင်းအုပ်စုရှိ နာဂဘာသာစကားများနှင့် နီးစပ်သည်။ လောင်ဖူရီ (Müvlë) သည် မကူရီ၏ လူမျိုးနွယ်စုခွဲတစ်ခု ဖြစ်သည်။ အရှေ့နဂလန်းပြည်နယ် နှင့် မြန်မာနိုင်ငံရှိ မကူရီ၊ တန်ကွန်နှင့် ပါရာ တို့သည် အခြားသော မြောက်ပိုင်းမျိုးနွယ်စုများထက် ဘာသာစကားချင်း ပိုမိုနီးစပ်သည်။

ပထဝီဝင်ဆိုင်ရာ ပျံ့နှံ့မှု[ပြင်ဆင်ရန်]

မကူရီဘာသာစကားကို မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီးခန္တီးခရိုင်ရှိ လေရှီးမြို့နယ်ဟုမ္မလင်းမြို့နယ်နှင့် လဟယ်မြို့နယ်တို့တွင် ပြောဆို အသုံးပြုကြသည်။ မကူရီဘာသာစကား အသုံးပြုသူများမှာ မြန်မာနိုင်ငံတွင် လူဦးရေ ၄၀,၀၀၀ ခန့်နှင့် အိန္ဒိယနိုင်ငံတွင် လူဦးရေ ၂၅,၀၀၀ ခန့် ဖြစ်သည်။

ဒေသိယစကားများ[ပြင်ဆင်ရန်]

Ethnologue တွင် အောက်ပါတို့ကို မကူရီဘာသာစကား၏ ဒေသိယစကားများအဖြစ် စာရင်းပြုစုထားသည်။

  • Mëkheotlë
  • Sengphüvlë
  • Aralë
  • Jilë

Jongphüvlë (Ethnologue တွင် Kyaungphuri အဖြစ် စာရင်းပြုထား) သည် မကူရီမျိုးရိုးစုအမည် Makury Tribal Council ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မကူရီ at Ethnologue (18th ed., 2015)
  2. Nordhoff၊ Sebastian; Hammarström၊ Harald; Forkel၊ Robert; Haspelmath၊ Martin, eds. (2013)။ "Makury Naga"Glottolog။ Leipzig: Max Planck Institute for Evolutionary Anthropology။