အိုင်ချင်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

အိုင်ချင်း[ပြင်ဆင်ရန်]

အသံ အိုင်အိုင်၊ အသံ မြိုင်မြိုင်နှင့် သံပြိုင်သီဆိုရသော အချင်းမျိုး ဖြစ်သောကြောင့် အိုင်ချင်း ဟုခေါ်သည်။ ဤသီချင်းသံကို ကြားလိုက်လျှင် မျက်ရည်ဖြိုင်ဖြိုင် အိုင်၍ စီးဆင်းလာစေတတ်သော သတ္တိကြောင့် အိုင်ချင်း ခေါ်ပါသည် ဟူ၍လည်း ဆိုကြသည်။ အိုင်ချင်းများသည် ပထမအင်းဝခေတ်ကပင် စ၍ ပေါ်ခဲ့ရာ ကောက်စိုက်သူတို့ ဆိုကြသော အိုင်ချင်းများကိုသာ တွေ့ရ၏။ ဤသို့ တောရွာကျေးလက်တွင် ဖြစ်ပျက်သော အကြောင်းအရာများကို ဖွဲ့နွဲ့သည့် အိုင်ချင်းများကိုသာ တွေ့ရသောကြောင့် နန်းသုံးတော်ဝင်သည့် ကဗျာ ဟုတ်မည်မထင်။[၁]

အိုင်ချင်းစပ်နည်း[ပြင်ဆင်ရန်]

အိုင်ချင်းစပ်နည်းမှာ မခက်လှ။ အစချီရာတွင် ချစ်တဲ့သူငယ်လေ သူငယ်ချင်းကောင်း ယောက်မတို့လေ ဟု အစချီသည်။ အဆုံးချရာတွင် အပျိုဖြူငယ်က ကျွမ်း၊ လွမ်းတုံ့တင် လေ ဟူ၍ ချသည်။ လှေနံဓားထစ်ကား မဟုတ်ချေ။ အပျိုဖြူငယ်နှမမှာ၊ ကြုံရတင်ရှင်အပျိုဖြူ ငယ်ကပေါင်းပါတဲ့၊ သူကောင်းငယ်လေး စသည်ဖြင့် ရေးဖွဲ့လေ့ရှိသည်။ တခါတရံတွင် ချစ်တင်းငယ် နှောသည်၊ ပြောစို့ငဲ့လေး ဟူ၍လည်းကောင်း၊ မြင်တိုင်းမုန်းစရာ့၊ ဂုန်းမအို၊ ရေလိုခန်းခြောက်ပါစေသား ဟူ၍ လည်းကောင်း ရေးဖွဲ့တတ်သေးသည်။ ဉာဏ်ရှိသလို ဖွဲ့နိုင်ခွင့်ရှိသည်။ စည်းကြီးကမ်းကြီးကား မဟုတ်လှ။ ထို့ကြောင့် ကာရန်ယူပုံစနစ် အထူးမပြတော့ပြီ။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ဦးဖေမောင်တင်၊ မြန်မာစာပေသမိုင်း၊ ၂၀၀၃ ခု၊ နှာ-၃၄၄
  2. မိုးမခ မီဒီယာ စာနယ်ဇင်းအဖွဲ့မွ ထုတ်ဝေသော ကဗျာဆရာ တင်မိုး၏ မြန်မာကဗျာဖွဲ့နည်း၊(၂၀၁၁၊ ဩဂုတ်)