မီဇိုဘာသာစကား

ဝီကီပီးဒီးယား မှ
မီဇို
'Mizo ṭawng'
ဒေသခံအိန္ဒိယနိုင်ငံမြန်မာနိုင်ငံဘင်္ဂလားဒေ့ရှ်နိုင်ငံ
ဒေသအဓိက
မီဇိုရမ်ပြည်နယ်ချင်းပြည်နယ်
အခြား
တြိပူရပြည်နယ်အာသံပြည်နယ်မဏိပူရပြည်နယ်မေဃာလယပြည်နယ်နာဂလန်ပြည်နယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံ
လူမျိုးစုမီဇိုလူမျိုး
ဒေသခံ ပြောဆိုသူများ
၁,၀၀၀,၀၀၀ (၂၀၁၁-၂၀၂၂)[၁][၂]
ဘင်္ဂါလီ-အာသံ အက္ခရာ[၃] လက်တင်အက္ခရာ[၃]
တရားဝင် အခြေအနေ
ရုံးသုံး အဖြစ် အသုံးပြုမှု
 အိန္ဒိယ
ဘာသာစကားကုဒ်များ
ISO 639-2lus
ISO 639-3lus
Glottologlush1249[၄]
  မီဇိုဘာသာစကားကို အစိုးရသုံးနှင့် ကျောင်းများတွင်သင်ကြားသော ဒေသများ
  မီဇိုဘာသာစကားကို ကျောင်းများတွင်သင်ကြား ဒေသများ
  မီဇိုဘာသာစကားသည် မည်သည့်တရားဝင်အဆင့်မရှိသော်လည်း သုံးနှုန်းသူ အသင့်အတင့်ရှိသော ဒေသများ
  မီဇိုဘာသာစကားကို ဘုံစကား သို့မဟုတ် အလုပ်စီးပွားရေးသုံး ဘာသာစကား သုံးနှုန်းသောဒေသများ

မီဇိုဘာသာစကား (အင်္ဂလိပ်- Mizo language၊ မီဇို- Mizo ṭawng (အသံထွက်- မစ်ဇိုးတြော့(င်))) သည် တိဗက်-ဗမာ မျိုးနွယ်စုဝင် ကူကီး-ချင်း-မီဇိုဘာသာစကားဖြစ်ပြီး အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ မီဇိုလူမျိုးများက ဇာတိစကားအဖြစ် ပြောဆိုကြသည်။ မီဇိုဘာသာစကားကို အဓိကအားဖြင့် လူရှိုင်းနှင့် ဒူဟ်လျန်းဒေသိယစကားပေါ်တွင် အခြေခံထားသော်လည်း ၎င်းသည် ၎င်း၏ပတ်ဝန်းကျင်ရှိ မီဇိုမျိုးနွယ်စုခွဲများနှင့် မျိုးနွယ်စုခွဲများမှ စကားလုံးများစွာ ဆင်းသက်လာခဲ့သည်။[၅] မီဇိုဘာသာစကားသည် အင်္ဂလိပ်နှင့်အတူ မီဇိုရမ်ပြည်နယ်၏ ရုံးသုံးဘာသာစကားဖြစ်သည်။[၆]

နံပါတ်များ[ပြင်ဆင်ရန်]

နံပါတ် မီဇို
ဂဏန်း စာဖြင့်
1 Pakhat (ပခါ(တ်)
2 Pahnih (ပနှိ)
3 Pathum (ပထူး(မ်))
4 Pali (ပလီး)
5 Panga (ပငါး)
6 Paruk (ပရု(က်))
7 Pasarih (ပစရိ)
8 Pariat (ပရီယတ်(တ်))
9 Pakua (ပကွား)
၁၀ 10 Sawm (စော်(မ်))

မှတ်ချက် ။ ။ အရှေ့တွင်ထည့်သော "pa" သည် အချို့နေရာတွင် မလိုအပ်ပါ။

အက္ခရာ[ပြင်ဆင်ရန်]

မီဇိုအက္ခရာသည် လက်တင်အက္ခရာ ကိုအခြေခံပြီး ဗျည်း ၂၅ လုံးပါရှိသည်။ ၎င်းတို့မှာ အောက်ပါအတိုင်း ဖြစ်သည်။

စာလုံး a aw b ch d e f g ng h i j k
အမည် ဤအသံ အကြောင်းနားဆင် ဤအသံ အကြောင်းနားဆင် ဤအသံ အကြောင်းနားဆင် ဤအသံ အကြောင်းနားဆင် ဤအသံ အကြောင်းနားဆင် ဤအသံ အကြောင်းနားဆင် ဤအသံ အကြောင်းနားဆင် ဤအသံ အကြောင်းနားဆင် ဤအသံ အကြောင်းနားဆင် ဤအသံ အကြောင်းနားဆင် ဤအသံ အကြောင်းနားဆင် ဤအသံ အကြောင်းနားဆင် ဤအသံ အကြောင်းနားဆင်
စာလုံး l m n o p r s t u v z
အမည် ဤအသံ အကြောင်းနားဆင် ဤအသံ အကြောင်းနားဆင် ဤအသံ အကြောင်းနားဆင် ဤအသံ အကြောင်းနားဆင် ဤအသံ အကြောင်းနားဆင် ဤအသံ အကြောင်းနားဆင် ဤအသံ အကြောင်းနားဆင် ဤအသံ အကြောင်းနားဆင် ဤအသံ အကြောင်းနားဆင် ဤအသံ အကြောင်းနားဆင် ဤအသံ အကြောင်းနားဆင် ဤအသံ အကြောင်းနားဆင်

မီဇိုနှင့် အခြားဘာသာစကားများ[ပြင်ဆင်ရန်]

မီဇိုနှင့် မြန်မာဘာသာစကား[ပြင်ဆင်ရန်]

မီဇိုနှင့် မြန်မာဘာသာတို့တွင် ဝေါဟာရတူညီခြင်း အချို့ရှိကြသည်။ ဥပမာအားဖြင့် ငါး (နံပါတ် ၅)၊ ခါး (အရသာ ခါးခြင်း)။

မီဇိုနှင့် ဟိန္ဒီဘာသာစကား[ပြင်ဆင်ရန်]

မီဇိုရမ်သည် အိန္ဒိယနိုင်ငံတွင်ဖြစ်သောကြောင့် နိုင်ငံ၏ရုံးသုံးဘာသာစကား ဟိန္ဒီနှင့် ဝေါဟာရတူညီခြင်း များသည်။ ဥပမာ မီဇိုတွင် "အစိုးရ"ကို sawrkar ဟုခေါ်ပြီး ဟိန္ဒီတွင် sarakaar၊ မီဇိုတွင် "သော့"ကို chahbi ဟုခေါ်ပြီး ဟိန္ဒီတွင် chaabhee။

ကိုးကား[ပြင်ဆင်ရန်]

  1. Mizo (in en)။ 30 April 2022 တွင် ပြန်စစ်ပြီး။
  2. Abstract of Speakers' Strength of Languages and Mother Tongues - 2011။ 19 October 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 February 2021 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ Mizo (in en)။ 24 July 2019 တွင် ပြန်စစ်ပြီး။
  4. Nordhoff၊ Sebastian; Hammarström၊ Harald; Forkel၊ Robert; Haspelmath၊ Martin, eds. (2013)။ "Mizo"Glottolog။ Leipzig: Max Planck Institute for Evolutionary Anthropology။
  5. Lalthangliana, B., 'Mizo tihin ṭawng a nei lo' tih kha Archived 13 November 2020 at the Wayback Machine., see also Matisoff, 'Language names' section
  6. "Requests to include 38 languages in Constitution pending: Govt"။